ဆေးလိပ်သောက်သုံးမှုနှင့် ကိုဗစ်-၁၉ အန္တရာယ်
ဆေးရွက်ပင်ရာဇ၀င်
ဆေးရွက်ကို တောင်အမေရိကတိုက်တွင် ဘီစီ ၆၀၀၀ ခန့်က စတင်စိုက်ပျိုးပြီး၊ ဆေးရွက်အသုံးပြုခြင်းကို ဘီစီ ၅၀၀၀ ခန့်တွင် စသုံးလာကြသည်။ ဥရောပတိုက်တွင် ခရစ္စတိုဖာကိုလံဘတ်စ်က တောင်အမေရိကတိုက် နှင့် ဆေးရွက်ပင်တို့ကို အေဒီ ၁၅ ရာစုတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ဦးစွာပထမ ဆေးရွက်ပင်စိုက်ပျိုးခြင်းကို အေဒီ ၁၅၃၁ တွင် စတင်စိုက်ပျိုးခဲ့သည်။ ကမ္ဘာပေါ် တွင် ပထမဦးဆုံး ဆေးလိပ်သောက်သူမှာ ပြင်သစ်နိုင်ငံသား Jean Nicot ဖြစ်ပြီး၊ ထိုကာလမှာ အေဒီ ၁၅၆၀ ခုနှစ်ဖြစ်ကြောင်း သိရသည်။ သူ့အမည်ကို အစွဲပြု၍ ဆေးလိပ်ငွေ့ထဲတွင် လူကိုစွဲလန်းစေတတ်သော Adict (ခေါ်) ပါ၀င်ဓာတ်ပစ္စည်းတစ်မျိုးကို “Nicotine” ဟု အမည်ပေးခဲ့ကြသည်။
