ဆရာကြီး စည်သူ ဒေါက်တာကျော်စိန်၏ ဘဝနှင့်စာပေ
နိုင်ငံတစ်နိုင်ငံ၏ လူမျိုး၊ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု စသည်တို့သည် ထိုနိုင်ငံ၏ ဂုဏ်ဒြပ်များပင် ဖြစ်သည်။ တန်ဖိုးမဖြတ်နိုင်သော ရတနာများဖြစ်သည်။ ၎င်းတို့ထဲမှ စာပေသည် တိုင်းပြည်နှင့် လူမျိုး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခရာကျလှသည်။ အဘယ်ကြောင့်ဆိုသော် စာပေသည် လူတို့၏ အသိဉာဏ်ပညာကို ထွန်းလင်းစေနိုင်သောကြောင့် ဖြစ်သည်။ ထိုစာပေ ရေစီးကြောင်းကြီး အရှိန်အဟုန် မပြတ် ဆက်လက်စီးဆင်းနိုင်စေရန် တာဝန်သည် စာပေရေးသားပြုစုကြသည့် စာပေပညာရှင်များ၊ စာရေးဆရာ များနှင့် စာဖတ်ပရိသတ်များ၏ ပခုံးပေါ်တွင် ကျရောက်နေပေသည်။
