ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့ပါးသက်သာစေရေး စနစ်တကျ ကွာရန်တင်း(Quarantine) ဝင်ရောက်ပေး
လတ်တလောမှာဆိုရင် မြန်မာနိုင်ငံအနှံ့ ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်မှုတွေ မြင့်တက်လာတာနဲ့ အမျှ နိုင်ငံအနှံ့ဖွင့်လှစ်ထားတဲ့ Quarantine Centre တွေမှာလည်း အလုပ်များနေနေကြတာကိုတွေ့ရသလို Home QuarantineHotel Quarantine ဝင်ကြတာလည်းတွေ့ရပါတယ်၊၊ ကွာရင်တင်းဝင်ခြင်းဆိုသည်မှာ မိမိမှတစ်ဆင့်တခြားသူများသို့ ရောဂါကူးစက်မှုမရှိအောင် တတ်နိုင်သမျှ တခြားသူများနဲ့ ထိတွေ့ပြောဆိုဆက်ဆံမှုမပြုဘဲ သီးသန့်ခွဲခြားနေထိုင်ခြင်းကိုဆိုလိုပါတယ်။
