ရွှေကျော်(စာပေဗိမာန်)
(ယမန်နေ့မှအဆက်)
ဆရာကြီးရေးသားခဲ့သော ဂန္ထဝင် မြောက်စာအုပ်များအနက်မှ - နီရဲသော ဗိုလ်ဥတ္တမ
ထိုစာအုပ်သည် ၁၈၈၅ ခုနှစ်အလွန်တွင် နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသား လွတ်မြောက်ရေးအတွက် သမိုင်းတွင် ထင်ရှားသည့် ဗိုလ်ဥတ္တမအကြောင်း ဖွဲ့ဆိုထားသော်လည်း အခြားသော ဇာတ်ကောင်များစွာ အကြောင်း ကဏ္ဍအလိုက် ဝေဝေဆာဆာ ဖွဲ့ဆိုထားသည်။ ခုနှစ်သက္ကရာဇ် ပြည့်စုံစွာ နေရာဒေသ အတိအကျဖြင့် သမိုင်းနောက်ခံ လက်နက်ကိုင် ကျူးကျော်စစ်ပွဲများအကြောင်း ရေးဖွဲ့ထားသည်။ နီရဲသော ဗိုလ်ဥတ္တမဆိုသည့်အတိုင်း နောက်ဆုံး အချိန်အထိ ကျူးကျော်စစ်ကို အညံ့မခံ အသက်ပေးကာ အဆုံးစီရင်ခဲ့သည်ကို ဖတ်ရှုရသောအခါ မျိုးချစ်စိတ်ဓာတ် ပြင်းထန်လာကာ မခံမရပ်နိုင်ဖြစ်လာ အောင်ပင် ဇာတ်လမ်းရေးဖွဲ့ထားသည်။ ဤဝတ္ထုသည် ၁၉၇၀ ပြည့်နှစ် အောက်တိုဘာလတွင် ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည့်ဝတ္ထုဖြစ်သည်။