Mar 13, 2020
နေပြည်တော် မတ် ၁၃
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့အဖြစ် သင်္ချာဘာသာရပ်ကို ယနေ့ တွင် ဖြေဆိုကြရာ နိုင်ငံခြားစာစစ်ဌာန ၁၅ ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၉၈၄ ခု၊ စာစစ်ဌာနစုစုပေါင်း ၁၉၉၉ ခုတွင် ဖြေဆိုသူပေါင်း ၉၀၉၂၂၂ ဦးရှိကြောင်း ပညာရေးဝန်ကြီး ဌာနမှ သိရသည်။
Mar 13, 2020
နေပြည်တော် မတ် ၁၃
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထု အခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက် လျက်ရှိပါသည်။
Mar 13, 2020
နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၁၃) ရက်
(၁) ဓာတ်ခွဲနမူနာများရယူခြင်း
တိုင်းဒေသကြီး/ပြည်နယ်များရှိဆေးရုံအသီးသီးမှ စောင့်ကြည့်လူနာနှင့် သံသယလူနာအဖြစ် အဖြစ် သတ်မှတ်သော လူနာများ၏ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ် နမူနာများကို တာဝန်ကျ ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းမှ တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံ (PPE) အပြည့်အစုံဖြင့် စံသတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအတိုင်း စနစ်တကျ ရယူပါသည်။
Mar 13, 2020
နေပြည်တော် မတ် ၁၃
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီသည် နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ လာသော မြန်မာနိုင်ငံဘူမိသိပ္ပံကောင်စီဥပဒေကြမ်း နှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ လည်းကောင်း၊ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော မြန်မာနိုင်ငံဆေးကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း နှင့် စပ်လျဉ်းသည့် အစည်းအဝေးကို မွန်းလွဲ ၃ နာရီမှ ညနေ ၄ နာရီအထိ လည်းကောင်း ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ဒုတိယထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 13, 2020
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာအမှတ် ၄၅/ ၂၀၂၀
၁၃၈၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက်
( ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၃ ရက် )
Mar 13, 2020
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာအမှတ် ၄၆/ ၂၀၂၀
၁၃၈၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက်
( ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၃ ရက် )
Mar 13, 2020
လွိုင်ကော် မတ် ၁၃
နယ်စပ်ရေးရာဝန်ကြီ:ဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကယားပြည်နယ်၊ လွိုင်ကော်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၁)၊ ကယားရိုးရာ ဂျပ်ခုတ်သင်တန်း အမှတ်စဉ်(၁၈)နှင့် အခြေခံ သိုးမွေးစက်ဆွဲသင်တန်း အမှတ်စဉ်(၁၅) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန် တွင် အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
Mar 13, 2020
ဘားအံ မတ် ၁၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီဌာန၊ ဘားအံမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၁)နှင့် ရိုးရာ ဂျပ်ခုတ်သင်တန်း အမှတ်စဉ်(၁၇) သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀) နရီက အဆိုပါသင်တန်းကျောင်း တွင် ပြုလုပ်သည်။
Mar 13, 2020
ပုသိမ် မတ် ၁၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပုသိမ်)တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါ သင်တန်းကျောင်းခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က သင်တန်းဆင်းအမှာစကားပြောကြားသည်။