Skip to main content

Mar 11, 2020

ပိုင်ကျုံ မတ် ၁၂

ကရင်ပြည်နယ်အစိုးရအဖွဲ့ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့အတွင်းရှိ စာစစ်ဌာနများသို့ လာရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2020

နေပြည်တော်  မတ်  ၁၂

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁) ရက် မြောက်နေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်ခွင့်ရှိသူ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် စုစု ပေါင်း ၆၅၄   ဦး ရှိသည့် အနက်   ၆၃၃ ဦး တက်ရောက်ပြီး ၂၁ ဦး ခွင့်တိုင်ကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2020

နေပြည်တော်  မတ်  ၁၁

ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် မတ် ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပသည့် (၂၆)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2020

လှိုင်းဘွဲ  မတ် ၁၂

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား မြန်မာနိုင်ငံတစ်ဝန်းတွင် မတ်လ(၁၁)ရက်နေ့မှ (၂၀)ရက်နေ့အထိ တစ်ပြိုင်နက် ကျင်းပခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းနှင့်ဌာနဆိုင်ရာများ လှိုင်းဘွဲမြို့နယ် စာစစ်ဌာနရှိ စာဖြေဌာန (၁၁)ခုတွင် ဖြေဆိုနေမှုနှင့် ဆောင်ရွက်ထားရှိမှုများ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုနေမှုကို ယနေ့နံနက်(၉)နာရီ အချိန်က ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2020

ချောင်းဦး မတ်  ၁၂

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၀င်၊ လူမှုရေး၀န်ကြီး ဒေါက်တာဇော်၀င်းသည် ချောင်းဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦး၀င်းမြင့်ခင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး၀င်းအောင်၊ မြို့နယ်ပညာရေးမှူး ဦးစိန်ချွန်တို့နှင့်အတူ ချောင်းဦးမြို့နယ်၊ အမြင့် အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာနသို့ ယနေ့၊ နံနက်(၉)နာရီအချိန်က လာရောက်ခဲ့ရာ အင်္ဂလိပ်စာဖြေဆိုနေမှုနှင့် အပြင်စည်း၊ အတွင်းစည်း လုံခြုံရေးဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2020

ဘားအံ မတ် ၁၂

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီအခမဲ့အခြေခံ အားကစားသင်တန်းများဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက ဘားအံမြို့ မိုးလုံလေလုံအားကစားရုံတွင် ကျင်းပပြုလုပ်ကြောင်း  သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2020

ကျောက်ဆည် မတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ညောင်ခြောက်ပင်ရပ်၊ ရွှေဖောင်ဒေးရှင်းခန်းမတွင် ယနေ့ နံနက် (၉) နာရီက တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကြောင်းပညာလိုအပ်ချက် ဆန်းစစ်စီမံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2020

ကျောက်ဆည် မတ် ၁၂

ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဆင်နှစ်ကောင်ရပ်ကွက်တွင် တည်ဆောက်ထားသည့် “Kyaukse Paradiso Cinemas” ရုပ်ရှင်ရုံကြီးအား ယနေ့ နံနက် (၁၀) နာရီက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက ဦးအောင်လွင်၊ မန္တလေးတိုင်းဒေကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအား အရင်အမြစ် ဝန်ကြီး ဦးအောင်ကြည်နှင့် ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ် ရေးမှူးဦးထွန်းမင်းဇော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 11, 2020

2019 nCoV ဗိုင်းရပ်စ်ကို အများပြည်သူတို့ အထူးစိတ်ဝင်စားနေကြပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်