Nov 13, 2024
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ မိတ်ဆုံစားပွဲကို ယနေ့မွန်းလွဲပိုင်းက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့် ဝန်ကြီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြသည်။
Nov 13, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ် သမဝါယမအသင်းစု လီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲကို နိုဝင်ဘာ ၉ ရက်က ဒက္ခိဏသီရိမြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 13, 2024
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းကျင်းပသော ဧရာဝတီတိုင်းဒေသကြီးအတွက် ကြက်ခြေနီအသိပညာပြန့်ပွားရေးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို ယမန်နေ့က ရန်ကုန်မြို့ Summit Parkview Hotel ၌ ကျင်းပသည်။
Nov 13, 2024
နေပြည်တော်ကောင်စီနယ်မြေ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များတွင် ၂၀၂၃ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ပြန်လည်ဆန်းစစ်ရန်အတွက် ဗဟိုအဆင့် လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 13, 2024
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် ငြိမ်းချမ်းရေးတက္ကသိုလ် (University for Peace-UPEACE) တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းနှင့် ယဉ်ကျေးမှုကွဲပြားခြားနားခြင်းဆိုင်ရာသင်တန်း (Training on Peaceful Coexistence and Cultural Diversity) ကို နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်၌ နိုဝင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ ဖွင့်လှစ်ခဲ့သည်။ အဆိုပါ သင်တန်းသို့ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အခြားသက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆက်စပ်အဖွဲ့အစည်းများမှ အလယ်အလတ်အဆင့် အရာထမ်း ၃၀ တက်ရောက်ကြသည်။
Nov 13, 2024
၁။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည့် “Amplifying the leadership of persons with disabilities for an inclusive and sustainable future”ကို “အနာဂတ်မှာ အားလုံးရေရှည်တည်တံ့ရေး မသန်စွမ်းသူများ ခေါင်းဆောင်နိုင်မှုမြှင့်တင်ပေး” ဟူ၍ မြန်မာဘာသာသို့ ပြန်ဆိုထားရှိပြီးဖြစ်ပါသည်။
Nov 13, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက် မှ ၁၀ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ပြီး (၈) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး၊ (၁၀) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား- လာအို- မြန်မာ- ဗီယက်နမ်ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးများ၌ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေးကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ခြင်း၊ ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နိုင်ခဲ့ခြင်းတို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယားဘုရင့်နိုင်ငံ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ဝန်ကြီးချုပ်များနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်သောကောင်းမွန်သည့် ရလဒ်များရအောင် ဆွေးနွေးနိုင်ခဲ့သည်။
Nov 13, 2024
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ ဘွဲ့ကြိုတန်းများနှင့် ဘွဲ့လွန်တန်းများကို ၁၄-၁၁-၂၀၂၄ ရက်မှစတင်၍ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပိတ်ရက်မရှိ ကျောင်းအပ်လက်ခံပြီး ၂၁-၁၁-၂၀၂၄ ရက်မှစတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
Nov 13, 2024
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်
Nov 13, 2024
လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်နေသည့် မြို့၊ ရွာများ၌ တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ပြည်သူတို့၏ နေအိမ်အဆောက်အဦများ၊ အရပ်ဘက်အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦများကို အသုံးပြုခြင်း၊ အပြစ်မဲ့ပြည်သူလူထုကို လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်ရေးယာယီနေရပ်စွန့်ခွာနေရသူများကို ပြန်လည်နေထိုင်ရန် ဆွဲဆောင်စည်းရုံးခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး အဆိုပါလက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ်မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏အသုံးချမှုမခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန်လိုအပ်ကြောင်း။
Nov 13, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများကို ယနေ့မွန်းလွဲပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်နှင့် အဖွဲ့ဝင်များက သွားရောက်၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုအခြေအနေများ၊ ဆေးဝါးကုသပေးထားမှုအခြေအနေများနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
Nov 13, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၃၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၆၃၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Nov 13, 2024
မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းဆိုင်ရာ AI (ဉာဏ်ရည်တု နည်းပညာ) သင်တန်းဖွင့်ပွဲကို ယမန်နေ့က ရန်ကုန်မြို့ရှိ စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း၌ ကျင်းပသည်။
Nov 13, 2024
မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူအဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းများတွင် လူစီးရထားများ ပြေးဆွဲဆောင်ရွက်ပေးလျက်ရှိရာ သာစည် - မန္တလေး ခရီးစဉ်အမှတ်(သ-၃၀၁) အဆန်နှင့် မန္တလေး - သာစည်ခရီးစဉ် အမှတ်(သ-၃၀၂) အစုန် RBE လူစီးရထားများကို နိုဝင်ဘာ ၁၁ ရက်မှ စတင်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
Nov 13, 2024
ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် (၃၂) ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့တပ်မတော်သေနတ်ပစ်အသင်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ ဖိလစ်ပိုင်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
Nov 13, 2024
၂၀၁၄ ခုနှစ်၊ မတ်လတွင် စတင်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် ယခုအခါ တတိယသက်တမ်းသို့ ရောက်ရှိခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စာပေနှင့် သတင်းမီဒီယာနယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ ပါဝင်သော ကောင်စီဝင် ၂၂ ဦးဖြင့် ဖွဲ့စည်းပေးခဲ့သည်။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတတိယသက်တမ်းသည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှစ၍ နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်ကို သတင်းမီဒီယာဌာနအသီးသီးမှ သတင်းမှန်ထုတ်ပြန်နိုင်ရေး၊ ပြည်သူလူထု၏ သတင်းသိပိုင်ခွင့်ကို မှန်ကန်စွာ ဆောင်ရွက်နိုင်ရေး၊ သတင်းမီဒီယာသမားများ အရည်အသွေးမြှင့်တင်နိုင်ရေးအတွက် သင်တန်းများ ဖွင့်လှစ်ခြင်း၊ သတင်းတုသတင်းမှားများကို စိစစ်ဝေဖန်သုံးသပ်နိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ စာသင်ကျောင်းများ၊ အရပ်ဘက်အဖွဲ့အစည်းများတွင် ဟောပြောပွဲများကျင်းပလျက် သတင်းမီဒီယာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့်အပြင် နိုင်ငံတကာသတင်း မီဒီယာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်းမီဒီယာဥပဒေ၊ သတင်းမီဒီယာကျင့်ဝတ်များနှင့် ညီညွတ်မှုမရှိသဖြင့် ဖြစ်ပေါ်လာသည့် အငြင်းပွားမှုကိစ္စများအပေါ်တွင်လည်း နှစ်ဖက်ညှိနှိုင်းဖြေရှင်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
Nov 13, 2024
၂၀၂၄ ခုနှစ် တရုတ် - အာဆီယံ လူမှုယဉ်ကျေးမှုဆွေးနွေးဖလှယ်ရေးနှစ်နှင့် ၂၀၂၅ ခုနှစ်တွင် တရုတ်- မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်မြောက် နှစ်ပတ်လည်အကြိုလှုပ်ရှားမှုအဖြစ် တရုတ် - မြန်မာ နှစ်နိုင်ငံ ကဏ္ဍစုံအကျိုးတူပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာ မြှင့်တင်နိုင်ရန်နှင့် နှစ်နိုင်ငံမီဒီယာပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၀၂၄ ခုနှစ် တရုတ် - မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှုဖွင့်ပွဲအခမ်းအနားနှင့် (၄) ကြိမ်မြောက် Twin City မီဒီယာဖိုရမ်ကို ယနေ့နံနက်ပိုင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ်မြို့တော် ကူမင်းမြို့ရှိ တျန်ချီစုံဖိန် ဗီလာဟိုတယ်၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ ယူနန်ပြည်နယ်ကောင်စစ်ဝန်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြသည်။
Nov 13, 2024
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာ့ဆန်တင်ပို့နိုင်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြီးကြပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင် အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Nov 13, 2024
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဘူရားတီးရားပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E.Mr. Iskander Azizov နှင့် တာဝန်ရှိသူများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်မှ ကျောင်းသား ကျောင်းသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
Nov 13, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဘရာဇီးလ်ဖက်ဒရယ်သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဂူစထာဗိုရော်ချာ ဒီမင်နင်းဇီးစ်ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
