Aug 27, 2023

မြန်မာနိုင်ငံ၏စီးပွားရေး တိုးတက်မြင့်မားလာစေရန် ကြိုးပမ်းဆောင်ရွက်ရာ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု၊ နိုင်ငံရေးကိုအကြောင်းပြု၍ ဖိအားပေးမှုများနှင့် ဂယက်ရိုက်ခတ်မှုများသည် စီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် ကြီးမားသောစိန်ခေါ်မှုများဖြစ်သည်။ အခက်အခဲနှင့်စိန်ခေါ်မှုများ မည်သို့ရှိသည်ဖြစ်စေ ပြည်တွင်းအင်အား၊ မလျှော့သောဇွဲလုံ့လဖြင့် ကြိုးပမ်းဆောင်ရွက်မှုများကြောင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ခဲ့သည်။
Aug 27, 2023

၂၀၁၉ ခုနှစ် နှောင်းပိုင်းတွင် စတင်ဖြစ်ပေါ်ခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများတွင် ခရီးသွားလုပ်ငန်းက ထိပ်ဆုံးမှပါဝင်သည်။ မြန်မာနိုင်ငံတွင်မူ ယင်းမတိုင်မီကာလ ၂၀၁၈ ခုနှစ်ကပင် ရခိုင်ပြည်နယ် အရေးကိစ္စကိုအကြောင်းပြ၍ ဟန့်တားပိတ်ဆို့မှုများကြောင့် အနောက်နိုင်ငံများမှ ခရီးသွားဧည့်သည်များလာရောက်မှုကို လက်လွှတ်ခဲ့ရပြီး အာရှနှင့်အိမ်နီးချင်းနိုင်ငံများမှ ခရီးသွားများကိုသာ မျှော်ခဲ့ရသည့်အနေအထားရှိခဲ့သည်။
Aug 26, 2023
မြန်မာနိုင်ငံတွင် ပြည်သူများ နေ့စဉ်ကြုံတွေ့နေရသည့် အခက်အခဲမှာ ကုန်စည်ပစ္စည်းဈေးနှုန်းများ မြင့်မားနေခြင်းဖြစ်သည်။ ကုန်ပစ္စည်းတန်ဖိုးများ မြင့်မားနေခြင်းအကြောင်းရင်းသည် ပြည်ပသွင်းကုန်များပြားခြင်းကြောင့် ကုန်သွယ်မှုလိုငွေမြင့်မားခြင်းကို အကြောင်းခံပေသည်။ သွင်းကုန်များ၍ နိုင်ငံခြားငွေလိုအပ်ချက်များလာသည်ကို အကြောင်းပြုပြီး ငွေကြေးဈေးကွက်တွင် ငွေလဲလှယ်နှုန်းမြင့်တက်လာကာ ကုန်ပစ္စည်းဈေးနှုန်းများပါ လိုက်ပါမြင့်တက်လာသည်။
Aug 26, 2023

ကမ္ဘာ့နိုင်ငံအချို့ သဘာဝ၏မျက်နှာသာပေးမှုကြောင့် ကြွယ်ဝချမ်းသာသည်။ ဥပမာအားဖြင့် ဧရာမရေနံသိုက်ကြီးများ ပိုင်ဆိုင်ပြီး မိမိတို့နိုင်ငံသားများကို လိုလေသေးမရှိထားပေးနိုင်သော အရှေ့အလယ်ပိုင်းဒေသမှ ရေနံသူဌေးနိုင်ငံများကဲ့သို့ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအချို့မှာမူ သဘာဝက မျက်နှာသာမပေးမှုများကြောင့် စားဝတ်နေရေးအတွက် မနည်းရုန်းကန်နေကြရသည်။ ဥပမာ နိုင်ငံ၏အစိတ်အပိုင်းအများစုမှာ သဲကန္တာရများဖြစ်နေပြီး ရာသီဥတုဖောက်ပြန်မှုများဖြစ်တတ်သည့် အာဖရိကနိုင်ငံအချို့ကဲ့သို့ဖြစ်သည်။ မိမိတို့ မြန်မာနိုင်ငံမှာမူ ယင်းသို့သော နိုင်ငံနှစ်မျိုးလုံးနှင့် မတူကွာခြားသည်။
Aug 23, 2023

မျက်မှောက်ကာလ၌ ပြည်သူလူထု၏လူမှုစီးပွားဘဝ အဆင်ပြေစေရေးအတွက် အဓိကလိုအပ်သည့် သွင်းအားစုကြီးမှာ လျှပ်စစ်စွမ်းအင်ဖြစ်သည်။ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး၊ လူမှုဘဝအဆင်ပြေစေရေး၊ ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်စေရေးအတွက် လျှပ်စစ်စွမ်းအား အပြည့်အဝရရှိရေးမှာအရေးကြီးသည်။ ထို့ကြောင့် လျှပ်စစ်စွမ်းအားများ တိုးတက်ရရှိရေးအတွက် နိုင်ငံတော်အစိုးရက နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Aug 22, 2023

သက်ရှိသတ္တဝါများ ရှင်သန်နိုင်ရေးနှင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရေးတို့အတွက် အာဟာရဓာတ်များလိုအပ်သည်။ နေ့စဉ်အစားအစာများစားသုံးခြင်းမှ အာဟာရဓာတ်များရရှိနိုင်ပြီး ခန္ဓာကိုယ်နှင့်ဉာဏ်ရည်ဖွံ့ဖြိုးရေး၊ ခွန်အားပြည့်ဝရေး၊ ရောဂါဘယကင်းရှင်းရေးစသည်တို့အတွက် အာဟာရဓာတ်ပြည့်ပြည့်ဝဝရရှိနိုင်ရန် စားသုံးတတ်ဖို့လိုအပ်သည်။ အစားအစာများတွင်ပါဝင်သည့် အာဟာရဓာတ်များ၏ အကျိုးပြုမှုများအလိုက် အစာအုပ်စု (၃) အုပ်စုခွဲထားရာ နေ့စဉ် စားသောက်သည့်အစားအစာများ၌ အဆိုပါအစာအုပ်စု (၃)အုပ်စုမှ စုံစုံလင်လင်နှင့် မျှတစွာပါဝင်ရန်လိုအပ်ကြောင်း ကျန်းမာရေးနှင့်အစာအာဟာရဆိုင်ရာပညာရှင်များက လမ်းညွှန်ထားသည်။
Aug 21, 2023
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော် တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားများကို ဩဂုတ်လ ၁ ရက်နေ့တွင် ခမ်းနားထည်ဝါ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပြီးနောက် ဩဂုတ်လ ၈ ရက်နေ့မှစတင်၍ ရဟန်းရှင်လူပြည်သူများအား ဖူးမြော်ကြည်ညိုခွင့်ပြုခဲ့သည်။
Aug 21, 2023

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရုရှားတပ်မတော် ပင်မဘုရားရှိခိုးကျောင်းတော်ကြီးတည်ရှိရာ မော်စကိုခရိုင်၊ ကူဘင်ကာမြို့၊ မျိုးချစ်ပန်းခြံအတွင်း၌ ဒုတိယကမ္ဘာစစ်ကာလက တိုက်ပွဲဝင်ခဲ့ကြသည့် “မြန်မာ့စစ်သည်တော်မဟာမိတ်များ” အမည်ရှိ အထိမ်းအမှတ်ရုပ်တုကို ဩဂုတ် ၁၄ ရက်တွင် ဖွင့်လှစ်လိုက်သည်။ အဆိုပါအထိမ်းအမှတ်ရုပ်တုကို စိုက်ထူခြင်းသည် ယခုနှစ်တွင်ကျရောက်သည့် ရုရှား-မြန်မာသံတမန်ဆက်ဆံရေး (၇၅) နှစ်ပြည့်အထိမ်းအမှတ်ကိုဂုဏ်ပြုခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ ပိုမိုတောင့်တင်းခိုင်မာလာမည်ကို ထုတ်ဖော်ပြသခြင်း၊ ရုရှားနှင့်မြန်မာတို့ပူးပေါင်းကာ ဖက်ဆစ်တို့ကိုတော်လှန်ခဲ့ကြသည်ကို ပြန်လည်အမှတ်ရနေစေမည့် စစ်မှန်သောသမိုင်း၏ အမှန်တရားများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
Aug 20, 2023
မြန်မာနိုင်ငံတွင် အသုံးများသည့် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည့် “ဘာမှမမျှော်လင့်ပါနဲ့ (Don't expect anything!)” အမည်ရှိ ရုပ်ရှင်ဇာတ်လမ်းရိုက်ကူးခဲ့သူနှင့် ပါဝင်သရုပ်ဆောင် သူများကို ဖမ်းဆီးလိုက်ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဟု သိရသည်။ isi Dhamma Youtube Channel နှင့် Tiktok တို့တွင် လွှင့်တင်ခဲ့သည့် အဆိုပါရုပ်ရှင်ဇာတ်လမ်းသည် မြန်မာလူမျိုးသရုပ်ဆောင်များနှင့် မြန်မာစကားပြောဖြစ်သည့် အတွက် မြန်မာနိုင်ငံအတွက် ရည်ရွယ်ထားသည်မှာ ထင်ရှားသည်။
Aug 19, 2023

ကချင်ပြည်နယ်ဖားကန့်မြို့နယ် အေးမြသာယာရပ်ကွက်မနမှော်ရှိ ကုမ္ပဏီလုပ်ကွက် ကျင်းဟောင်းရေကန်တစ်ခုတွင် ဩဂုတ်လ ၁၃ ရက်နေ့ ညနေ ၄ နာရီ ခန့်က မြေပြိုကျမှုဖြစ်ပွားခဲ့ရာ ရေကန်အတွင်း ရေမျောနစ်မြုပ်နေသော ရေမဆေးကျောက်ရှာဖွေနေသူများ မြေပိပျောက်ဆုံးမှုဖြစ်ပွားခဲ့သည်။ မြေပိပျောက်ဆုံးနေသူများအား ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့နှင့် လူမှုကူညီရေးအသင်းအဖွဲ့ ၁၂ ဖွဲ့တို့က ရှာဖွေ ကယ်ဆယ်ရေးပြုလုပ်ခဲ့ရာ ဩဂုတ်လ ၁၆ ရက်နေ့တွင် မြေပိသေဆုံးသူ ၃၃ ဦးကို ရှာဖွေတွေ့ရှိခဲ့သည်။