Skip to main content
Sep 04, 2023
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးတစ်ရာကျော် စုစည်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ နှစ်ပေါင်းထောင်ချီ၍ မရှိအတူရှိအတူ အေးအတူပူအမျှ အတူတကွလက်တွဲပြီး အေးချမ်းစွာနေထိုင်ခဲ့ကြသော နိုင်ငံဖြစ်သည်။ သို့သော် တိုင်းတစ်ပါးလက်အောက် ကျွန်ဘဝရောက်ခဲ့ပြီး လွတ်လပ်ရေးရပြီးနောက်တွင် တိုင်းရင်းသားလူမျိုးအချင်းချင်း စိတ်ဝမ်းကွဲပြားကာ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည်။
Sep 04, 2023
နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်တွင် ဩဂုတ် ၂၉ ရက်မှ ၃၁ ရက်အထိ ကျင်းပခဲ့သည်။ သုံးရက်တာ ဆွေးနွေးညှိနှိုင်းမှုများအပြီးတွင် အပြီးသတ်ရရှိလာသည့် သဘောတူညီချက်များကို အတည်ပြုလက်မှတ်‌ရေးထိုးပြီး အပြန်အလှန်လဲလှယ်ခဲ့ကြသည်၊၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သဘောတူစာချုပ် (NCA) သည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်‌ရေးတွင် လက်နက်ကိုင်ပဋိပက္ခများကိုရှောင်ရှားပြီး နိုင်ငံရေးဆွေးနွေးပွဲများကျင်းပကာ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် တစ်ခုတည်းသောလမ်းကြောင်းဖြစ်သည့်အတွက် မည်သည့်အစိုးရ တာဝန်ယူထားသည်ဖြစ်စေ ရှင်သန်နေရန်လိုအပ်သည်။
Sep 03, 2023
ပညာသည် လူ၏တန်ဖိုးဖြစ်သည်။ ပညာသည် ဆီမီးတိုင်ပမာ ဝန်းကျင်တစ်ခုလုံးကို အလင်းရောင်ပေးနိုင်သည်။ ပညာသည် ရွှေအိုးပမာ အကျိုးရှိအောင် အသုံးပြုနိုင်သည်။ ပညာ၏တန်ဖိုးမှာ များပြားသည်။ ပညာဖြင့် အရာရာကို ပိုင်းခြားဆင်ခြင် အလင်းဆောင်နိုင်သည်။ “ပညာမတတ်လျှင် အကန်းနှင့်တူသည်” “စာတတ်ပြီး စာမဖတ်လျှင် ပြတင်းပေါက်ရှိလျက် မဖွင့်သောအိမ်နှင့်တူသည်”ဟု သတင်းစာ ဆရာကြီးတစ်ဦး ပြောသကဲ့သို့ အရာအားလုံးသည် အမှောင်အတိဖုံးနေမည်ဖြစ်သည်။
Sep 03, 2023
နိုင်ငံတော်တွင် အသိအလိမ္မာ ဉာဏ်ပညာချို့တဲ့၍ ဗဟုသုတ အတွေ့အကြုံ ကြွယ်ဝမှုမရှိသော နိုင်ငံသားများ၊ အမှားအမှန် ဝေဖန် ပိုင်းခြားခြင်းငှာ မတတ်နိုင်သောနိုင်ငံသားများ၊ စဉ်းစားဉာဏ် နည်းပါး၍ သူတစ်ပါးပြောသမျှကိုသာ လက်ခံလျက် နောက်ယောင် လိုက်တတ်သော နိုင်ငံသားများ၊ စိတ်ကူးကြံဆ တီထွင်တတ်သော စွမ်းရည်သတ္တိမရှိ နှလုံးရည်ကင်းမဲ့သော နိုင်ငံသားများ စသည်တို့ဖြင့်သာ ပြည့်နှက်နေပါမူ ထိုနိုင်ငံသည် လျင်စွာပြောင်းလဲ
Sep 02, 2023
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က နေပြည်တော်ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံတစ်ဝန်းရှိ လူငယ်လူရွယ် ကျောင်းသား ကျောင်းသူများအတွက် နမူနာယူစရာခွန်အားများ ရရှိနိုင်ပါသည်။
Sep 02, 2023
နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် လူအင်အားအရင်းအမြစ်ကိုအသုံးချရာတွင် လူများအား အတတ်ပညာ၊ နည်းပညာကျွမ်းကျင်မှုပြည့်ဝအောင် လေ့ကျင်သင်ကြားပေးရုံမျှဖြင့် မလုံလောက်သေးဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်‌ရေးတွင် ပါဝင်စွမ်းဆောင်လိုသည့် တက်ကြွသောအင်အား (Dynamic Force) များ ဖြစ်လာစေရန်လည်း ပြုလုပ်ပေးရန်လိုသည်ဟု ပညာရှင်များကဆိုသည်။ လူတို့၏ စွမ်းဆောင်လိုစိတ်ဟူသည် မွေးရာပါဗီဇစိတ်လက္ခဏာအဖြစ် ရှိခြင်းမဟုတ်ဘဲ ပတ်ဝန်းကျင်အခြေအနေများဖြစ်သည့် သမိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုနှင့် ပျိုးထောင်မှုဆိုင်ရာ၊ ရုပ်ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတို့ကိုအကြောင်းပြု၍ ဖွဲ့စည်းဖြစ်ပေါ်လာသော စိတ်ဓာတ်အရည်အချင်းတစ်ခုဖြစ်သည်ဟုလည်းဆိုသည်။
Aug 31, 2023
ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၅ ခု ဝါခေါင်လပြည့်နေ့ဖြစ်သည်။ ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့ဟု အစဉ်အလာအားဖြင့် အထွတ်အမြတ်ထားခဲ့ကြသည်။ ဗုဒ္ဓမြတ်စွာဘုရားသည် မေတ္တသုတ်တော်ကို ထုတ်ဖော်ဟောကြားခဲ့သည် တို့နှင့်စပ်လျဉ်း၍ မေတ္တာအခါတော်နေ့ကို ကျင်းပခဲ့ကြခြင်းဖြစ်သည်။ မေတ္တာအခါတော်နေ့တွင် မေတ္တသုတ်တော်ကို လွှမ်းခြုံဖြန့်ကြက်၍ မြန်မာပြည်တစ်ဝန်းလုံး ဘေးမသန်းဘဲ ငြိမ်းချမ်းသာယာမှုအပေါင်းကို ဆောင်ကြဉ်းကြရမည်ဖြစ်သည်။
Aug 31, 2023
စီးပွားရေးလုပ်ငန်းငယ်တစ်ခု အောင်မြင်ရေးမှသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအထိ စာရင်းဇယားများ မှန်ကန်တိကျမှုရှိရန် လိုအပ်သည်။ စီးပွားရေးလုပ်ငန်းငယ်တစ်ခုအဖို့ သွင်းကုန်၊ ထုတ်ကုန်၊ ကုန်ရောင်းကုန်ဝယ်၊ ဝင်ငွေထွက်ငွေစာရင်းဇယားများ မှန်မှန်ကန်ကန်ရှိမှသာ လုပ်ငန်းအောင်မြင်အောင် စီမံဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲခြင်းတို့ ဆောင်ရွက်ရာတွင်လည်း မြေပြင်နှင့် ကိုက်ညီမှန်ကန်သော စာရင်းဇယားအချက်အလက်များရရှိရန် အရေးကြီးသည်။
Aug 30, 2023
မိသားစုအသိုက်အမြုံကို ထိန်းသိမ်းမြှင့်တင်ပေးမည့်သူများ၊ နိုင်ငံတော်၏အနာဂတ်ကို လက်ဆင့်ကမ်း ပခုံးပြောင်းတာဝန်ယူကြမည့်သူများသည် ယနေ့လူငယ်လူရွယ်များဖြစ်သည်။ အဖြူရောင်သက်သက် လူငယ်လူရွယ်များကို  ကိုယ်ကျင့်တရားကောင်းမွန်ပြီး အရည်အသွေးတောက်ပြောင်အောင် ပျိုးထောင်ပေးနိုင်မှ မိသားစုနှင့် နိုင်ငံတော်၏ အနာဂတ်လင်းလက်တောက်ပြောင် ဝင့်ထည်လာမည်ဖြစ်သည်။
Aug 30, 2023
ဒုတိယကမ္ဘာစစ်အပြီးတွင် ကမ္ဘာကြီးတွင် ဝါဒရေးရာအရ နှစ်ခြမ်းကွဲခဲ့သည်။ ဖက်ဆစ်ဝင်ရိုးတန်းနိုင်ငံများကို ဘုံရန်သူအဖြစ် အတူတိုက်ခဲ့ကြသည့် ဝါဒမတူသော ဆိုဗီယက်ယူနီယံနှင့် အမေရိကန်ပြည်ထောင်စုတို့ စစ်အပြီးတွင် လမ်းခွဲခဲ့ကြပြီး အပြိုင်အုပ်စုနှစ်စုအဖြစ် ပေါ်ထွန်းလာသည်။ စစ်ပြီးကာလ ကမ္ဘာ့ရေးရာများတွင် ဦးဆောင်ဦးရွက်ပြု အကောင်အထည်ဖော်နိုင်ရန် နိုင်ငံတကာဆုံမှတ်အဖြစ် ကုလသမဂ္ဂအဖွဲ့ကြီးကို တည်ထောင်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအားလုံးကို ကိုယ်စားပြုသည့်အဖွဲ့ကြီးအဖြစ် ပုံဖော်ခဲ့သည်။