Skip to main content
Jan 14, 2025
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေကြေးအရင်းအနှီး (Capital)၊ လူ့လုပ်အား (labour) နှင့် မြေယာ (land) တစ်နည်းအားဖြင့် သဘာဝသယံဇာတများဟူသည့် အရင်းအမြစ်သုံးမျိုးအပြင် အတတ်ပညာနှင့်နည်းပညာသည် စတုတ္ထမြောက်အရေးပါဆုံး အရင်းအမြစ်ဖြစ်သည်ဟု စီးပွားရေးပညာရှင်များကမိန့်ဆိုသည်။ ငွေကြေးအရင်းအနှီးနှင့် အတတ်ပညာ၊ နည်းပညာချို့တဲ့ခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကတားဆီးပိတ်ဆို့နေသည့် အခက်အခဲများဖြစ်ပြီး အရင်းအနှီးနှင့် နည်းပညာရရှိရေးမှာလည်း ခက်ခဲရှုပ်ထွေးစွာ ဆောင်ရွက်ကြရသည်ဟု ဆိုကြသည်။
Jan 13, 2025
ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် လိုအပ်ချက်တစ်ခုမှာ လျှပ်စစ်ဓာတ်အားရရှိရေးဖြစ်သည်ကို မြင်တွေ့နိုင်သည်။ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် နိုင်ငံ၏အရင်းအမြစ်များဖြစ်သည့် ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့များကို အဓိကအားပြုလျက်ရှိသည်။ လျှပ်စစ်ဓာတ်အားဖြည့်ဆည်းပေးရာ၌ အထောက်အပံ့ဖြစ်စေရန် နိုင်ငံတော်အစိုးရအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ဓာတ်အားထုတ်ယူအသုံးပြုနိုင်ရေး အားပေးမြှင့်တင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
Jan 13, 2025
ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေးသည် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည်။ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးမှာ မရှိမဖြစ်လိုအပ်သည်။ သို့ရာတွင် လက်ရှိပြည်တွင်းဒေသအသီးသီးတို့တွင် ဖြစ်ပေါ်နေသည့် လက်နက်ကိုင်သောင်းကျန်းသူများ၏ အဖျက်အမှောင့်လုပ်ရပ်များစွာတို့ကြောင့် အပြစ်မဲ့ပြည်သူများစွာ ဆင်းရဲဒုက္ခရောက်နေကြရသည်။
Jan 12, 2025
မြန်မာနိုင်ငံသည် ရှေးအစဉ်အဆက် သဘာဝသယံဇာတတွင်းထွက်ပစ္စည်းများ ပေါများကြွယ်ဝသောနိုင်ငံဖြစ်သည်။ တွင်းထွက်ပစ္စည်းများဖြစ်သည့် ခဲမဖြူ၊ အဖြိုက်နက်၊ ခဲ၊ သွပ်၊ သံ၊ သံမဏိ၊ ကြေးနီစသည့်ပစ္စည်းများအပြင် ရေနံထွက်ပစ္စည်းအမျိုးမျိုးထွက်ရှိသည်။ အချို့ဒေသများတွင် စိန်၊ ရွှေ၊ ငွေကဲ့သို့ အဖိုးတန်ရတနာများလည်း တွေ့ရတတ်သည်။ ထို့ကြောင့် လွန်လေပြီးသောရှေးကာလက ဥရောပမှ ကိုလိုနီနိုင်ငံများက မြန်မာနိုင်ငံကိုမက်မောပြီး ဝင်ရောက်စွက်ဖက်ကျူးကျော် နယ်ချဲ့ခဲ့ကြသည်။
Jan 12, 2025
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူနေမှုအဆင့်အတန်းမြင့်မားရေးတို့အတွက် အဓိကလိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်ရာတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များမှထုတ်ယူရန် နိုင်ငံတော်ကအားပေးလျက်ရှိသည်။ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များမှာ ရေအား၊ လေအား၊ နေရောင်ခြည်စွမ်းအား၊ ဒီရေစွမ်းအားစသည်တို့ဖြစ်ပြီး မြေအောက်မှတူးဖော်ရရှိသည့် ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့တို့ကဲ့သို့ ကုန်ခန်းသွားနိုင်သည့် ရုပ်ကြွင်းလောင်စာအရင်းအမြစ်များနှင့် ခြားနားစွာပင် ထာဝရကုန်ခန်းခြင်းမရှိသည့် စွမ်းအင်အရင်းအမြစ်များပင်ဖြစ်သည်။
Jan 11, 2025
​​​​​​​“ပညာသည်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်ရေးနှင့် ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာရေးသည် အရေးကြီးကြောင်း၊ မိမိတို့အစိုးရအနေဖြင့် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ် အကောင်အထည်ဖော် အားပေးဆောင်ရွက်လျက်ရှိရာတွင် ယခုကျင်းပသည့် နိုင်ငံတကာပညာရေးဆိုင်ရာ အသုံးချသုတေသနညီလာခံကလည်း များစွာအထောက်အကူ ပြုမည်ဟု ယုံကြည်ပါကြောင်း” ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ(၂၀၂၅) ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
Jan 11, 2025
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ့်မြို့အနီးတွင် လောင်ကျွမ်းနေသည့်တောမီးမှာ မြို့စွန်လူနေရပ်ကွက်များအထိရောက်ရှိလာပြီး မြို့မီးဖြစ်လာသည်။ နေရာငါးနေရာခန့်ခွဲပြီး လောင်ကျွမ်းနေသည့် အဆိုပါတောမီးကြောင့် သစ်တောဧက စုစုပေါင်းသုံးသောင်းကျော်၊ လေးသောင်းခန့် ပျက်စီးဆုံးရှုံးနေပြီဖြစ်သည်။ ထို့အပြင် လူလည်း ၁၀ ဦးခန့် သေဆုံးခဲ့ရပြီးဖြစ်သကဲ့သို့ သိန်းနှင့်ချီ၍လည်း မီးဘေးရှောင်နေကြရသည်။ တောမီးလောင်လျှင် တောကြောင်တို့ထကြွသည့် အစဉ်အလာအတိုင်းပင် မီးဘေးရှောင်သူတို့၏ နေအိမ်များကို ဖောက်ထွင်းခိုးယူသူများ သောင်းကျန်းလာကြခြင်းကို တားဆီးနှိမ်နင်းနေရကြောင်းလည်း သတင်းများတွင်တွေ့ရသည်။ ယခုတောမီးသည် ကယ်လီဖိုးနီးယား ပြည်နယ်သမိုင်းတွင် အဆိုးရွားဆုံးဖြစ်သည်ဟုလည်းဆိုသည်။
Jan 10, 2025
ယခုရက်ပိုင်းကာလများတွင် မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ကူးစက်ဖြစ်ပွားလျက်ရှိသည့် နိုင်ငံတကာသတင်းများကို ကြားသိနေရသည်။ ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ် အကူးအပြောင်းနှစ်သစ်ကူးကာလတွင် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားစေတတ်သော (HMPV) ဗိုင်းရပ်စ်ပိုး ရောဂါကူးစက်ဖြစ်ပွားမှုများနှင့်ပတ်သက်၍ နိုင်ငံတကာသတင်းများတွင် ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြလာကြသည်ကို တွေ့ရသည်။
Jan 10, 2025
Human Metapneumovirus (HMPV) ခေါ် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးကူးစက်ဖြစ်ပွားမှုများနှင့်ပတ်သက်၍ နိုင်ငံတကာသတင်းမီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြလျက်ရှိရာ မိမိတို့၏အိမ်နီးချင်းနိုင်ငံအချို့တွင် အဆိုပါရောဂါကူးစက်ပျံ့နှံ့မှု မြင့်တက်လျက်ရှိကြောင်းလည်း သတင်းများတွင်တွေ့ရသည်။ တစ်ကမ္ဘာလုံးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဖြစ်ပွားခဲ့ပြီးနောက် အကြောက်မပြေသေးခင် HMPV ထွက်ပေါ်လာခြင်းနှင့် ၎င်းစတင်သည့်နေရာသည် တရုတ်နိုင်ငံဖြစ်ခြင်းတို့က ကမ္ဘာ့သတင်းမီဒီယာများအတွက် ရေးကွက်ဖြစ်နေပြီး သာသာထိုးထိုး သတင်းတင်ပြပုံမျိုးကလည်း စိုးရိမ်ဖွယ်ရာကို ဖြစ်စေတတ်သည်။
Jan 09, 2025
ယနေ့ကာလတွင် ပြည်သူများကြား၌ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့်ပတ်သက်၍ အခက်အခဲအမျိုးမျိုး ကြုံတွေ့နေရသည်။ အဆိုပါအခက်အခဲသည် ပြည်သူများအတွက် အရေးကြီးသဖြင့် အလေးထားစရာ အရေးကိစ္စတစ်ခုဖြစ်သည်။ ဖြစ်ပေါ်နေသောအခက်အခဲများ ပြေလည်စေရေးနှင့် ဖြစ်စဉ်အမှန်၏ ပကတိအခြေအနေများကို သိရှိနားလည်ပြီး အခက်အခဲများအား ကျော်လွှားနိုင်ရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။