Jan 17, 2026
ပုထုဇဉ်လူသားများအနေဖြင့် လူဖြစ်လာကြရာတွင် အလုံးစုံပြည့်စုံသည်ဟူ၍ မရှိပေ။ တစ်ခုခုလိုအပ်လေ့ရှိသည်ကို တွေ့ရလေ့ရှိသည်။ သို့သော် အနာဂတ်လူ့ဘောင်လောကကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြမည့်သူများအနေဖြင့် အလုံးစုံပြည့်စုံအောင် (ဝါ) ဗလငါးတန်ပြည့်စုံအောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။ ယနေ့လူငယ်များသည် အနာဂတ်တွင် ခေါင်းဆောင်များဖြစ်လာကြမည်ဖြစ်သဖြင့် ဗလငါးတန်ပြည့်စုံစေရန် အထူးလိုအပ်သည်။ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဟူသည့် ဗလငါးတန်တွင် စာရိတ္တဗလသည် အမွန်မြတ်ဆုံးဖြစ်သည်။
Jan 17, 2026
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် မြန်မာနိုင်ငံနှင့် နိုင်ငံသားတို့အတွက် အရေးကြီးသည့် ရွေးကောက်ပွဲဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲအတွင်း ဖြစ်ပေါ်ခဲ့သည့် ပမာဏကြီးမားလှစွာသော မဲမသမာမှုများကို အကြောင်းပြု၍ မြန်မာနိုင်ငံတွင် နိုင်ငံရေးအရအရေးပေါ်အခြေအနေနှင့် နိုင်ငံရေးအပြောင်းအလဲတို့ ဖြစ်ခဲ့သည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ လက်ရှိအစိုးရက နိုင်ငံတာဝန်ကိုထိန်းသိမ်းခဲ့ရသည်။ ဒီမိုကရေစီစနစ်ကျင့်သုံးသည့် နိုင်ငံတစ်နိုင်ငံ၏ အိမ်စောင့်အစိုးရတစ်ရပ်အနေဖြင့် အန္တိမတာဝန်မှာ အခြေအနေပေးသည်နှင့် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကျင်းပပေးပြီး နိုင်ငံကိုပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်တင်ပေးရန်ပင် ဖြစ်သည်။
Jan 16, 2026
မြန်မာနိုင်ငံတွင် သမိုင်းကြောင်းနောက်ခံနှင့် နိုင်ငံရေးအခြေအနေများအရ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ ပေါ်ပေါက်လာသည်။ တပ်မတော်အနေဖြင့် မိသားစုချင်းဖြစ်၍ စိတ်ရှည်သည်းခံစွာဖြင့် ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးတို့ကို အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းအခြေအနေကို အခွင့်ကောင်းယူ၍ ဝိသမလောဘသားများနှင့် ဒေသခံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပူးပေါင်းပြီး မူးယစ်ဆေးဝါးလုပ်ငန်းများ ထူထောင်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်း၊ သယံဇာတများကို ထုတ်ယူခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားနှင့် ဒုစရိုက်လုပ်ငန်းများ ထူထောင်ခြင်းတို့ ပြုလုပ်လာသည်။
Jan 16, 2026
၅၁ ဒသမ ၃ သန်းကျော်သော နိုင်ငံ့လူဦးရေတွင် လူငယ်ဦးရေက သုံးပုံတစ်ပုံကျော်ရှိသည်။ မြန်မာနိုင်ငံတွင် အလုပ်လုပ်နိုင်သည့် အရွယ်ရှိသော လူဦးရေအချိုးအစားများပြားခြင်းကြောင့် လူဦးရေဆိုင်ရာဆုလာဘ်ကို ရရှိနေသည်ဟူ၍ပင် ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းတွင်ရော ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း အစီရင်ခံစာကပါဆိုထားသည်။ မြန်မာနိုင်ငံတွင် လူငယ်ဆိုသည်မှာ အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းအရွယ်ရှိ နိုင်ငံသားများကို ဆိုလိုခြင်းဖြစ်ရာ ဤမျှများပြားသည့် အားသစ်မာန်သစ်နှင့် တက်ကြွသည့် လူငယ်အင်အားများက နိုင်ငံအတွက် အဖိုးတန်အင်အားများပင်ဖြစ်သည်။
Jan 15, 2026
ပြည်ထောင်စုမြန်မာနိုင်ငံတော် နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ပြီးနောက် တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်မှုအင်အားနှင့် စွန့်လွှတ်စွန့်စား ရင်းနှီးပေးဆပ်မှုများစွာဖြင့် လွတ်လပ်ရေးကို ပြန်လည်ရယူနိုင်ခဲ့သည်။ လွတ်လပ် ရေးရပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံဖြစ်လာခဲ့သော်လည်း စည်းလုံး ညီညွတ်မှုနှင့် တည်ငြိမ်အေးချမ်းမှုအားနည်းခဲ့သောကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးပြီး အခက်အခဲများစွာဖြင့် သံသရာလည်နေသည်ကို သတိပြုမိ ကြရမည်ဖြစ်သည်။
Jan 15, 2026
ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ရှမ်းပြည်နယ် သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြု သည့် ပစ္စည်းကိရိယာများကို ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည်။ အဆိုပါသတင်း၏ နောက်ဆက်တွဲသတင်းအရ အဆိုပါ မူးယစ်ဆေးဝါးထုတ်လုပ်သည့်လုပ်ငန်းများမှာ ပမာဏကြီးမားသည့် လုပ်ငန်းများဖြစ်ပြီး သမိုင်းစဉ်တစ်လျှောက် အများဆုံးသိမ်းဆည်း ရမိခြင်းဖြစ်ကြောင်းနှင့် ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် မိုင်းရယ်မြို့နယ်အတွင်း နေရာသုံးနေရာမှ ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာများမှာ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်သည့် ပင်ရင်းနေရာများဖြစ်သည်ကို စိစစ်တွေ့ရှိခဲ့ရသည်။
Jan 14, 2026
မျက်မှောက်ကမ္ဘာကြီးကို ပညာဖြင့်တည်ဆောက်နေကြသည်။ အသိဉာဏ်ပညာအဆင့်အတန်းမြင့်မားမှု အတိုင်းအတာအလျောက် နိုင်ငံများတိုးတက်မှုကို တွေ့နိုင်သည်။ လူ့ဘဝအားအသိဉာဏ်ပညာဖြင့် အစပြုပျိုးထောင် တည်ဆောက်ရသလို လူ့အသိုက်အဝန်းကိုလည်း ပညာဖြင့်သာဆောက်တည်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ပညာဖြင့် အစပျိုးတည်ဆောက်လာရသည့် ကလေးသူငယ် လူငယ်လူရွယ်များ၏ ဉာဏ်ရည်ဉာဏ်သွေးများမှာ တစ်စတစ်စမြင့်မားလာသည်ကို တွေ့နိုင်သည်။ နိုင်ငံအနာဂတ်အတွက် လူငယ်သာလျှင်ပဓာန၊ လူငယ်သာလျှင် အဓိကဖြစ်ကြသည်ကို တွေ့မြင်နိုင်သည်။
Jan 14, 2026
မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် လှေတစ်စင်းပေါ်တွင် လိုက်ပါလာသူများအား တပ်မတော်(ရေ)နှင့် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ခဲ့သည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်က ရန်ကုန်မြို့ တောင်ဘက် ရေမိုင် ၁၅၆ မိုင်ခန့်အကွာရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် လှေတစ်စင်းပေါ်မှ လိုက်ပါလာသူများအနက် လူ ၈၆ ဦးတို့ကို စစ်ရေယာဉ်ပေါ်သို့ ကူညီကယ်ဆယ်နိုင်ခဲ့ပြီး လိုအပ်သည့် ဆေးဝါးကုသမှုများ ပြုလုပ်ပေးခြင်း၊ အစားအစာများကျွေးမွေးခြင်းတို့ ပြုလုပ်ပေးခဲ့သည်။ အဆိုပါ ရေဝင်နစ်မြုပ်ခဲ့သည့်လှေပေါ်မှ ကူညီကယ်ဆယ်ထားရှိသူများအား သက်ဆိုင်ရာသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်လွှဲပြောင်းပို့ဆောင်နိုင်ရေး လိုအပ်သည့် စိစစ်ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ကောင်းမွန်စွာ စနစ်တကျ စောင့်ရှောက်ထားကြောင်း သတင်းအရသိရသည်။
Jan 13, 2026
အနုသယကိလေသာ အားကြီးသော လူ့ဘောင်လောက၌ အကုသိုလ်ဒုစရိုက်မကောင်းမှုတို့သည် အလွယ်တကူဖြစ်ပေါ်လေ့ရှိသည်။ မကောင်းသောအသက်မွေးမှုသည် ငွေကြေးဥစ္စာတို့ကို အလွယ်တကူရရှိနိုင်သဖြင့် မကောင်းမှုဘက်သို့ ကိုင်းညွတ်ကြသည်။ မကောင်းမှုဒုစရိုက်များ အားကောင်းသည့်အခါ လောကလူသားများ ထိခိုက်ပျက်စီးခြင်းများဖြစ်ရသည်။ ထို့ကြောင့် အများပြည်သူအကျိုးစီးပွားကို ရှေးရှု၍ မကောင်းမှုဒုစရိုက်များ အားကောင်းလာခြင်းမရှိအောင်၊ အမြစ် ပြတ်အောင် အစိုးရအဆက်ဆက်တို့က အစဉ်အဆက် ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ကြသည်။
Jan 13, 2026
မိမိတို့နိုင်ငံတွင် လူငယ်ဆိုသည်မှာ အသက်အပိုင်းအခြား ၁၅ နှစ် မှ ၃၅နှစ်အတွင်းရှိ နိုင်ငံသားများကို ဆိုလိုခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံ ကျော်၊ ခန့်မှန်းခြေအားဖြင့် ၁၈ ဒသမ ၃ သန်းကျော်တို့မှာ လူငယ်များဖြစ်ရာ ကြီးမားလှသည့် အင်အားစုဖြစ်သည့်အလျောက် နိုင်ငံတည်ဆောက်ရေးအတွက် လူစွမ်းအားအရင်းအမြစ်ကောင်းဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးခြင်းအားဖြင့် နိုင်ငံတည်ဆောက်ရေးတွင် အရေးပါသောအင်အားစုကြီးကို ရရှိနိုင်မည်ဖြစ်သည်။
