Skip to main content
Mar 13, 2025
အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်မှ လွှတ်တော်အမတ် ကေဗန်လာလ်ဗီနာဆိုသူက မြန်မာနယ်စပ်ကို ခြေကျင်ဖြတ်ကျော်ဝင်ရောက်ကာ လူမျိုးစုလက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် တွေ့ဆုံပြီး အိန္ဒိယနှင့် ပေါင်းစည်းလိုခြင်း ရှိ၊ မရှိ မေးမြန်းခဲ့သည်ဟု “သည်ဟင်ဒူ” သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။ ထို့အပြင် အခြားမဏိပူရ လွှတ်တော်အမတ် တစ်ယောက်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ကဘော်ချိုင့်ဝှမ်းဒေသကို ပြန်လည်သိမ်းယူပြီး မဏိပူရပြည်နယ်ထဲထည့်သွင်းရန် မတ်လ ၁၀ ရက်က ကျင်းပသည့် အိန္ဒိယအထက်လွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့သည်ဟု ဆိုသည်။
Mar 12, 2025
​​​​​​​မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးသည့်အချိန်မှစ၍ လူမျိုးစွဲ၊ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲများကိုအကြောင်းပြု၍ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့သည်မှာ နှစ်ပေါင်း ၈၀ နီးပါးရှိပြီဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများကြောင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး ပဋိပက္ခဒေသများရှိ ပြည်သူများမှာ ဒုက္ခဆင်းရဲမျိုးစုံကြုံတွေ့ခဲ့ကြကာ အဆိုပါဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျကျန်နေ သည်ကို တွေ့ရမည်ဖြစ်သည်။
Mar 12, 2025
​​​​​​​လွတ်လပ်ရေးရပြီးနောက် ၇၇ နှစ်တာကာလအတွင်း မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ခွင့်မရခဲ့။ ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားပြီးနောက် ကိုလိုနီဘဝမှ လွတ်မြောက်ခဲ့သော နိုင်ငံများစွာရှိသည့် အနက် နိုင်ငံရေးတည်ငြိမ်ပြီး ပြည်တွင်းပဋိပက္ခများ နည်းပါးသည့်နိုင်ငံများမှာ တစ်ဆင့်ပြီးတစ်ဆင့် ဖွံ့ဖြိုးတိုးတက်ခဲ့ကြရာ ယခုအချိန်တွင် မိမိတို့နိုင်ငံထက် များစွာသာလွန်သွားခဲ့ကြ ပြီဖြစ်သည်။
Mar 11, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့သို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်ခဲ့စဉ်ကာလအတွင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိတိကျကျခိုင်ခိုင်မာမာ ပိုမိုတိုးတက်မြင့်မားလာအောင် ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။
Mar 11, 2025
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံအတွင်းရှိ လူဦးရေမှာ ၅၁၃၁၆၇၅၆ ဦးရှိသည့်အနက် အမျိုးသမီးဦးရေသည် ၁၇၀၈၆၁၉၂ ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ၅၃ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ရာ နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုသည်။ ကမ္ဘာပေါ်တွင်လည်း ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်မှာ အမျိုးသမီးများဖြစ်သည်။ အမျိုးသမီးများ၏ အခွင့်အရေးနှင့် စွမ်းဆောင်နိုင်မှုများကို ပိုမိုအာရုံစိုက်ကြစေရန်နှင့် အမျိုးသမီးများ၏ အခွင့်အရေးများကို အလေးထားအကောင်အထည်ဖော်နိုင်စေရန်ရည်ရွယ်၍ “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့” ကို နှစ်စဉ် မတ်လ ၈ ရက်တွင်ကျင်းပရန် ကုလသမဂ္ဂအဖွဲ့ကြီးက ၁၉၇၅ ခုနှစ်တွင် တရားဝင်အသိအမှတ်ပြုခဲ့သည်။
Mar 10, 2025
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ အရင်းအမြစ်များ လုံလောက်စွာရှိနေရေးသည် အရေးကြီးသောအချက်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်နှင့်စွမ်းအင်အရင်းအမြစ်များ ပေါများကြွယ်ဝသော်လည်း နည်းပညာ၊ အရင်းအမြစ်နှင့် ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်များရှိနေသောကြောင့် ဖူလုံပိုလျှံအောင် ထုတ်လုပ်နိုင်ခြင်းမရှိသေးသဖြင့် လျှပ်စစ်ကို အလှည့်ကျပေးဝေနေရခြင်း၊ စက်သုံးဆီကို ပြည်ပမှတင်သွင်းခြင်းတို့ ပြုလုပ်လျက်ရှိသည်။
Mar 10, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့သို့ သွားရောက်ခဲ့သည့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံ‌‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ‌တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ပြည်သူများက လှိုက်လှိုက်လှဲလှဲ၊ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုနှုတ်ဆက်ကြသည်။
Mar 09, 2025
ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Gregoryevich Lukashenko ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတအပါအဝင် ခေါင်းဆောင်များနှင့်တွေ့ဆုံပြီး နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်နိုင်ခဲ့သည်။
Mar 09, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာလူကာရှန်းကော့၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်စဉ်အတွင်း ဘယ်လာရုစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် (Official State Visit) ချစ်ကြည်ရေးခရီး ဆက်လက်သွားရောက်ခဲ့ပြီး မတ်လ ၇ ရက်နေ့တွင် ဘယ်လာရုစ်သမ္မတနှင့် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သည်။
Mar 08, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)နှင့် Myanmar Airways International (MAI)၊ Roscongress Foundation၊ Fund RC-Investments၊ Russia-ASEAN Business Councilနှင့် Russia - Myanmar Business Council တို့ပူးပေါင်းကျင်းပသည့် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်ကို မတ်လ ၅ ရက်နေ့က မော်စကိုမြို့၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။