May 26, 2024

လောကုတ္တရာနယ်ပယ်တွင် ပညာသည် အမြင့်ဆုံးဖြစ်သည်။ လောကီနယ်ပယ်တွင်လည်း ပညာသည်သာအမြင့်ဆုံးဖြစ်သည်။ ပညာသည် အရာရာကို ဦးစီးဦးဆောင်ပဲ့ကိုင်ရှင်ဖြစ်သည်။ ပညာဟူသည် သင်ယူလေ့လာဆည်းပူးရာမှရရှိလာသည့် အသိကိုအခြေခံလျက် ပိုမိုကောင်းမွန်သည့် စဉ်းစားဆင်ခြင် တွေးတောကြံဆလုပ်ကိုင်ဆောင်ရွက်နိုင်မှု စွမ်းရည်ကိုဆိုလိုသည်။ တစ်နည်းဆိုလျှင် ပညာကိုအခြေခံသည့် အသိဉာဏ်ဆင်ခြင်တုံတရား မြင့်မားမှုကိုဆိုလိုသည်။
May 26, 2024

“မြကန်သာ၊ တောင်ကျချောင်းတေး၊ ရေဝင်ပြေးလှည့်၊ ရေအေး ကြည်စွာ၊ ကန်ပိုင်မာလျက်၊ ကြာပေါင်းထုံထုံ၊ ငှက်မျိုးစုံသည်၊ ဘုံဝတိံသာက၊ နန္ဒာလော၊ တူစွဟုတ္တာ။” ဆိုသည့် မြကန်ဘွဲ့ကဗျာကလေးကို ပုဂံခေတ်စာဆိုတစ်ဦးက ရေးဖွဲ့ခဲ့သည်ဟု မြန်မာအများတို့သိကြသည်။ တောင်ကျချောင်းရေများ တသွင်သွင်စီးဝင်နေသည့်မြကန်အတွင်းမှ ကြည်လင်အေးမြသည့်ရေများ၊ ခိုင်မာစွာဆည်ဖို့ထားသည့် ရေကန်အတွင်းကြာမျိုးစုံတို့ ဖူးပွင့်လျက်၊ ငှက်မျိုးစုံတို့ ပျော်မြူးကျက်စားနေကြပုံတို့မှာ တာဝတိံသာနတ်တို့ရွာမှ နန္ဒာကန်အလား ထင်မှတ်မှားရပုံတို့ကို ကဗျာရှင်ကဖွဲ့ဆိုထားရာ မျက်မှောက်ခေတ်မြကန်ကို မြင်ရသူတို့အဖို့ မယုံနိုင်စရာပင်ဖြစ်သည်။
May 25, 2024

မျက်မှောက်ကာလတွင် ပြည်သူများအတွက် နေ့စဉ်လိုအပ်လျက်ရှိသောအရာမှာ လျှပ်စစ်ဓာတ်အားဖြစ်သည်။ ပြည်သူလူထု၏ လူမှုစီးပွားအဆင်ပြေစေရေးသာမက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အဓိကပံ့ပိုးဖြည့်ဆည်းပေးနေသည်မှာ လျှပ်စစ်ဓာတ်အားဖြစ်သည်။ ပြည်သူများလိုအပ်သည့် လျှပ်စစ်ဓာတ်အားကို လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်ရန်အတွက် နိုင်ငံ၏ဓနအင်အား၊ အရင်းအမြစ်များဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
May 25, 2024

မြန်မာနိုင်ငံသည် အာရှနိုင်ငံများအနက် ထင်းလောင်စာသုံးစွဲမှု မြင့်မားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကျေးလက်ရော မြို့ပြပါ နှစ်စဉ်ထင်းလိုအပ်ချက်ပမာဏမှာ ကုဗတန် ၁၇ သန်းခန့် ရှိသည်။ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ရှိသော ကျေးလက်ဒေသနေပြည်သူများမှာ ထင်းနှင့်မီးသွေးတို့ကို အဓိကလောင်စာအဖြစ် သုံးစွဲနေကြခြင်းဖြစ်ရာ ထင်း၊ မီးသွေး၊ လောင်စာသုံးစွဲမှုပမာဏ မြင့်မားနေခြင်းက သစ်တောသယံဇာတများ ရေရှည်တည်တံ့ရေး၊ သဘာဝတောကျန်များ ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတိုက်ဖျက်ရေးတို့ကို အကောင်အထည်ဖော်ရာတွင် စိန်ခေါ်မှု တစ်ရပ်အဖြစ် ကြုံတွေ့နေရသည်။
May 24, 2024

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူခဲ့ပြီး ၁၀ နှစ်ပြည့်မြောက်သည့် ၂၀၂၄ ခုနှစ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဆက်လက်ကောက်ယူတော့မည် ဖြစ်သည်။ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းသည် အမျိုးသားရေး လုပ်ငန်းစဉ်ကြီးတစ်ရပ်ဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံးရှိ သန်းနှင့်ချီသော အိမ်ထောင်စုများ၏ အချက်အလက်များကို ကောက်ယူဆန်းစစ်လေ့လာပြီး ကဏ္ဍအလိုက် အထောက်အကူပြုနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်သည်။
May 24, 2024

ရာသီဥတုပြောင်းလဲဖောက်ပြန်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များကို ကမ္ဘာ့နိုင်ငံများစွာတို့တွင် ကြုံတွေ့နေကြရကြောင်း နိုင်ငံတကာသတင်းများတွင် တွေ့ရသည်။ မိမိတို့နိုင်ငံတွင်လည်း ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်း မြို့ပေါင်းများစွာတို့တွင် နွေရာသီအပူချိန်မြင့်မားသည့်ဒဏ်ကို ခံစားခဲ့ကြရပြီး လတ်တလောတွင်မူ မိုးကြီးမည့်သတိပေးချက်ကို မိုး/ဇလက ထုတ်ပြန်ထားပြီဖြစ်သည်။
May 23, 2024
ပြစ်မျိုးမှဲ့မထင် နုပျိုသစ်လွင်သည့် ကလေးသူငယ်လူငယ်လူရွယ်လေးများမှာ ကျက်သရေမင်္ဂလာ အဖြာဖြာရှိလှပါသည်။ ကလေးကျက်သရေ၊ လူငယ်တို့၏ ဂုဏ်ရည်တို့မှာ လူကြီးများအတွက် နှလုံးစိတ်ဝမ်းချမ်းမြေ့စရာဖြစ်သည်။ အဖြူရောင်သက်သက် လင်းလက်တောက်ပနေသည့် ကလေးသူငယ် လူငယ်လူရွယ်တို့ကို ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးနိုင်မှ တိုင်းပြည်နှင့် မျိုးဆက်သစ်တို့၏အနာဂတ်မှာ လှပနေမည်ဖြစ်ပါသည်။
May 23, 2024

မိမိတို့နိုင်ငံတွင် လူဦးရေတိုးတက်လာခြင်း၊ မြို့ပြများကြီးထွားလာခြင်း၊ စက်မှုလုပ်ငန်းများ တိုးတက်လာခြင်းတို့နှင့်အတူ အမှိုက်ပြဿနာကလည်း ကြီးထွားလာသည်။ နိုင်ငံ၏ အဓိကမြို့ကြီးသုံးမြို့ဖြစ်သည့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် နေ့စဉ်စွန့်ပစ်အမှိုက်များထွက်ရှိမှု သိသိသာသာများပြားလျက်ရှိရာ “စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု” နှင့်စပ်လျဉ်း၍ စိန်ခေါ်မှုများကို ရေရှည်တွင် ပိုမိုရင်ဆိုင်ကြုံတွေ့လာရမည်ဖြစ်သည်။
May 22, 2024

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့တကာနေ့တို့တွင် ထူးကဲအမွန်မြတ်ဆုံးနေ့တစ်နေ့ဟု ဆိုထိုက်သည်။ အဘယ်ကြောင့်ဆိုသော် ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ ပူဇော်ထိုက်သည့် ဖြစ်စဉ်တော် ၄ ရပ် ရှိနေသောကြောင့်ဖြစ်သည်။ “ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်လမ်း” ဟုဆိုသည့် မြတ်ဗုဒ္ဓ ဗျာဒိတ်ခံယူသောနေ့၊ ဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူသောနေ့နှင့် ပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့ဟူသည့် ထူးမြတ်သည့် ဗုဒ္ဓဖြစ်စဉ်များ စုဆုံနေသောကြောင့်ဖြစ်သည်။
May 22, 2024

ယနေ့သည် ကဆုန်လပြည့်ဗုဒ္ဓနေ့ဖြစ်သည်။ မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့် သောကြာနေ့တွင် ဘုရားအလောင်းတော်ကို ဖွားမြင်ခြင်း၊ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် သဗ္ဗညုတဉာဏ်တော်ကိုရ၍ ဘုရားအဖြစ်သို့ရောက်တော်မူခြင်း၊ မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့် အင်္ဂါနေ့တွင် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခြင်းဟူသော အကြောင်းများကြောင့် ဗုဒ္ဓဘာသာဝင်တို့အဖို့ ကဆုန်လသည် လတကာတို့ထက် အလေးအနက်၊ အမွန်အမြတ်ပြုရာ လဖြစ်သည်။