May 16, 2024
ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အာဏာအသက်ဝင်ခဲ့သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအများစုသည် မိမိနိုင်ငံကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းပြီး ဥပဒေနှင့်အကျုံးဝင်သူများအားလုံး ကာကွယ်ရေးတာဝန်ကို သတ်မှတ်ချက်အတိုင်းထမ်းဆောင်ကြရသည်။ မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသူများ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေကြပြီဖြစ်သည်။
May 16, 2024
ယခုရက်ပိုင်းအတွင်း မိုး/ဇလက ထုတ်ပြန်ပေးသည့် အမြင့်ဆုံးနေ့အပူချိန်များစာရင်းတွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ မြို့များဖြစ်သော ချောက်နှင့်မကွေးတို့က ထိပ်ဆုံး၌ပါဝင်နေသည်။ ပြီးခဲ့သည့် ဧပြီလမှစကာ ချောက်နှင့်မကွေးအပါအဝင် မင်းဘူး၊ ညောင်ဦး၊ စစ်ကိုင်း၊ မန္တလေး၊ မုံရွာမြို့များတွင် နေ့အပူချိန်များ မြင့်တက်ခဲ့ကာ ကမ္ဘာ့အပူဆုံးမြို့များစာရင်း၌ပင် ပါဝင်ခဲ့သည်။
May 15, 2024

နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးမောင်းနှင်အားအားကောင်းပါမှ အခြားကဏ္ဍများ တိုးတက်ခိုင်မာကောင်းမွန်လာအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ စီးပွားရေးမောင်းနှင်အား ကောင်းမွန်စေရန်အတွက် ပြည်တွင်းစွမ်းပကားများဖြင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရန် မြှင့်တင်အားပေးဆောင်ရွက်ကြသည်။ တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကိုမဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားမြင့်မားလာမည်ဖြစ်သည်။
May 15, 2024

ကမ္ဘာ့နိုင်ငံများအလယ်တွင် နိုင်ငံတစ်နိုင်ငံအဖြစ် တင့်တင့်တယ်တယ် ရပ်တည်နိုင်ရန်အတွက် နိုင်ငံ၏အင်္ဂါရပ်များဖြစ်သော ပိုင်နက်နယ်နိမိတ်၊ နိုင်ငံသားများ၊ အစိုးရနှင့် အချုပ်အခြာအာဏာ ပိုင်စိုးမှုတို့လိုအပ်သည်။ သို့အတွက် နိုင်ငံတိုင်းက မိမိတို့၏ပိုင်နက်နယ်နိမိတ်များ တည်တံ့ခိုင်မြဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် အမျိုးသားအကျိုးစီးပွား ထိပါးမခံရအောင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို အခါမလပ် အားထုတ်ကြိုးပမ်းနေကြရသည်။ နိုင်ငံကို ကာကွယ်နိုင်ရေးအတွက် ကြည်း၊ ရေ၊ လေ အမြဲတမ်းတပ်မတော်များ အင်အားတောင့်တင်း ခိုင်မာအောင် တည်ဆောက်ထားကြသကဲ့သို့ အရန်အင်အားများကိုလည်း ဥပဒေပြဋ္ဌာန်းကာ နည်းလမ်းအမျိုးမျိုးဖြင့် ပြင်ဆင်စုဖွဲ့ထားကြရမြဲဖြစ်သည်။
May 14, 2024

မြန်မာနိုင်ငံသည် ရေမြေသဘာဝအားဖြင့် ထူးခြားဆန်းကျယ်လှပသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ အထူးသဖြင့် ပြည်နယ်ဒေသများအားလုံးသည် ရေမြေသဘာဝကောင်းမွန်မှုနှင့် တောတောင်ရှုခင်းအလှအပများ တစ်မူထူးခြား ကောင်းမွန်မှုကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်း/ပြည်ပ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာကောင်းများ ပိုင်ဆိုင်ထားသည်။ သို့သော် ဒေသတည်ငြိမ်အေးချမ်းမှုကို ထိခိုက်ဖျက်ဆီးမှုများကြောင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် အလှမ်းဝေးလျက်ရှိသည်။
May 14, 2024

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပေးနေသည့် UID (Unique Identification Number) ဆိုသည်မှာ နိုင်ငံသားစမတ်ကတ်ပြုလုပ်နိုင်ရန် ယာယီထုတ်ပေး သည့် EID Slip ဖြစ်ပြီး ပြည်ပသို့ထွက်သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ သက်ဆိုင်ရာမြို့နယ်လဝကရုံးများတွင် ထုတ်ပေးနေသည်။ Mobile Team များ ကွင်းဆင်း၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးရာတွင်လည်း UID နံပါတ် ထုတ်ပေးခြင်းကိုပါ အခမဲ့ဆောင်ရွက် ပေးလျက်ရှိသည်။
May 13, 2024

ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်နေသည့်နိုင်ငံတိုင်းသည် ပညာရေးအဆင့်မြင့်မားစေရန် အားပေးဆောင်ရွက်လျက်ရှိသည်။ နိုင်ငံသားတိုင်း အသိပညာမြင့်မားပြီး နိုင်ငံနှင့် လူမှုဘဝတိုးတက်အောင် ဆောင်ရွက်နိုင်ကြသည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးစနိုင်ငံဖြစ်၍ နိုင်ငံ၏ အမျိုးသားရေးရည်မှန်းချက်များ အောင်မြင်စေရန်၊ ဖွံ့ဖြိုးတိုးတက်သည့် လူ့ဘောင်အသိုင်းအဝိုင်း၊ သာယာဝပြောသည့် အသိုက်အဝန်း၊ ကမ္ဘာနှင့်တန်းတူရပ်တည်နိုင်သည့် လူ့ဘောင်တည်ဆောက်နိုင်ရန်အတွက် အသိပညာကြွယ်ဝသော ပညာတတ်များ မွေးထုတ်ပေးရန် လိုအပ်လျက်ရှိသည်။
May 13, 2024

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ နောင်တုံကန်ပတ်လမ်းရှိ ဟော်နန်းဥယျာဉ်မြေ၊ ဟော်နန်းမြေနှင့် တစ်ဆက်တစ်စပ်တည်း တည်ရှိသည့်နေရာတွင် အသစ်ပြန်လည် တည်ဆောက်ပြီးစီးခဲ့သည့် ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက်အင်းထလျဲန်၏ ဟော်နန်းပုံစံတူပြတိုက်ဖွင့်ပွဲအခမ်းအနားကို မေ ၁၂ ရက် နံနက်ပိုင်းတွင် ကျင်းပရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၏ မြို့တော်ဖြစ်သော ကျိုင်းတုံမြို့တွင် အထင်ကရကျက်သရေဆောင်နေရာတစ်ခု ထပ်မံပေါ်ထွန်းလာခြင်းပင်ဖြစ်သည်။
May 12, 2024

ကမ္ဘာတစ်ဝန်းရှိ မကျန်းမာသူများနှင့်လူနာများကို ကုသစောင့်ရှောက်မှုပြုကြရာတွင် ဆရာဝန်များက ကုသမှုကိုတာဝန်ယူ၍ သူနာပြုများက ပြုစုစောင့်ရှောက်မှုကို တာဝန်ယူကြရသည်။ နယ်မြေဒေသအကျယ်အဝန်းနှင့် လူဦးရေအရ လိုအပ်သည့် ဆရာဝန်အချိုးအစားကို မည်သည့်နိုင်ငံတွင်မှ လုံလောက်အောင် ရရှိနိုင်မည်မဟုတ်ပေ။ အထူးသဖြင့် ဝေးလံခေါင်ပါး ခက်ခဲကြမ်းတမ်းသောဒေသများတွင် ဆရာဝန်ရရှိရေး အလွန်ခက်ခဲသဖြင့် သူနာပြုများကိုသာ အားကိုးအားထားပြုကြရသည်ကို တွေ့ရမည်ဖြစ်သည်။
May 12, 2024

မိုးကြိုကာလ ဧပြီ၊ မေလများသို့ ရောက်သည်နှင့် မြန်မာနိုင်ငံအနှံ့အပြား လေပြင်းတိုက်ခတ်မှုနှင့် မိုးကြိုးဘေးအန္တရာယ်ကြောင့် လူနှင့် ကျွဲ၊ နွားတိရစ္ဆာန်သေဆုံးမှုသတင်းများ ကြားသိလာရပြီဖြစ်သည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုများ အကြိမ်ရေနှင့် ပြင်းထန်မှုတို့ မြင့်တက်လာလျက်ရှိရာ မိုးကြိုးဘေးအန္တရာယ်သည်လည်း မြင့်မားလျက်ရှိပြီး မိမိတို့နိုင်ငံတွင် နှစ်စဉ် လူ ၁၀၀ ကျော် မိုးကြိုးကြောင့် သေဆုံးနေကြရသည်ဟု သိရသည်။