Jan 10, 2024

မြန်မာနိုင်ငံသည် မြေမျက်နှာသွင်ပြင် ဖွဲ့စည်းပုံအရ ကမ္ဘာပေါ်ရှိ သဘာဝဘေးဒဏ်အကျရောက်နိုင်ဆုံး နိုင်ငံများထဲတွင် ပါဝင်လျက်ရှိသည်။ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုဖောက်ပြန်ခြင်းဒဏ်ခံရခြင်း အညွှန်းကိန်း(Global Climate Risk Index)တွင် နိုင်ငံပေါင်း ၁၈၇ နိုင်ငံပါဝင်သည့်အနက် မြန်မာနိုင်ငံသည် ဒုတိယနေရာတွင် ရှိနေသည်။ အဆိုပါအညွှန်းကိန်းသည် လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ အတွင်း လွန်စွာဆိုးရွားသည့် ရာသီဥတုဒဏ်ခံစားခဲ့ရသည့်နိုင်ငံများကို ဖော်ပြထားခြင်းဖြစ်သည်။
Jan 09, 2024

ကမ္ဘာပေါ်ရှိနိုင်ငံများတွင် တည်ငြိမ်အေးချမ်းမှုရှိသော နိုင်ငံများရှိသကဲ့သို့ တည်ငြိမ်အေးချမ်းမှုမရှိသေးသော နိုင်ငံများလည်းရှိသည်။ နိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ပဋိပက္ခအမျိုးမျိုးရှိမည်ဖြစ်သော်လည်း အခက်အခဲအမျိုးမျိုးကြားမှ နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်နေကြသည်။ တည်ငြိမ် အေးချမ်းမှုရှိသော နိုင်ငံများအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို အပြည့်အဝပိုင်ဆိုင်နိုင်သော်လည်း တည်ငြိမ်အေးချမ်းမှုမရှိသောနိုင်ငံများမှာ တိုးတက်မှုနှေးကွေးနေသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် တည်ငြိမ်အေးချမ်းမှုရှိအောင် ဝိုင်းဝန်းကြိုးစားပြီး နိုင်ငံ့စီးပွားမြင့်မားတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
Jan 09, 2024

ဆင်းရဲနွမ်းပါးမှုသည် ကျောင်းနေအရွယ်ကလေးငယ်အား စာသင်ခန်းကို စွန့်ခွာစေကာ လုပ်ငန်းခွင်များဆီသို့ ရောက်ရှိသွားစေသည်။ ကမ္ဘာပေါ်တွင် အသက် ၅ နှစ်မှ ၁၇ နှစ်အကြား ကလေးအလုပ်သမား ၁၅၂ သန်းခန့်ရှိသည့်အနက်မှ ၇ ဒသမ ၄ ရာခိုင်နှုန်းသည် အာရှ-ပစိဖိတ်ဒေသရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စိုက်ပျိုးရေးကဏ္ဍများထဲတွင် အများဆုံးရှိနေကြသည်။ ၂၀၁၅ ခုနှစ် စစ်တမ်းတစ်ရပ်အရ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား ၁ ဒသမ ၁ သန်းကျော်ရှိနေပြီး ၎င်းတို့ထဲမှ ခြောက်သိန်းကျော်မှာ အန္တရာယ်ရှိသော အလုပ်များတွင် လုပ်ကိုင်နေကြရသည်ဟု ဆိုသည်။
Jan 08, 2024
ကမ္ဘာပေါ်ရှိနိုင်ငံများစွာသည် ၎င်းတို့နိုင်ငံနှင့်သင့်လျော်သည့် နိုင်ငံရေးစနစ်တစ်ခုခုကို ကျင့်သုံးဆောင်ရွက်နေကြသည်။ အများစုမှာ ပြည်သူအများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေကြသည်။ ချမ်းသာကြွယ်ဝသောနိုင်ငံအများစုသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ကြသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံအများစုအနေဖြင့်လည်း ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးနေကြသည်။ သို့သော် ဒီမိုကရေစီစနစ်အရ မတူကွဲပြားခြားနားမှုများကို ပေါင်းစည်းဆောင်ရွက်ရသဖြင့် နိုင်ငံများစွာတို့တွင် စိန်ခေါ်မှုများရှိနေကြသည်။
Jan 08, 2024

မျက်မှောက်ခေတ်သည် အင်တာနက်ဆက်သွယ်ရေး တိုးတက်သုံးစွဲလာကြသည့်အလျောက် အမျိုးမျိုးသောထုတ်ကုန်ပစ္စည်းများ အွန်လိုင်းများမှတစ်ဆင့် ရောင်းဝယ်ဖောက်ကားလျက်ရှိသည်ကို သတိပြုမိပါသည်။ သို့သော်လည်း အချို့သော အွန်လိုင်းရောင်းချမှုများသည် အဆင်ပြေချောမွေ့မှုရှိသလို အချို့သော အွန်လိုင်းရောင်းချမှုများမှာ အဆင်ပြေချောမွေ့မှု မရှိသည်များလည်း ရှိနိုင်ပါသည်။ ထိုသို့ အဆင်မပြေချောမွေ့မှုများရှိနေခြင်းကပင် အီလက်ထရွန်နစ် စျေးကွက်စီးပွားရေး ပီပီပြင်ပြင်ဖြစ်ပေါ်လာရေးအတွက် အဓိကလိုအပ်ချက်တစ်ခုဖြစ်နေသည်ကို တွေ့ရပေသည်။
Jan 06, 2024

နိုင်ငံတော်၏ အမျိုးသားရေးမူဝါဒနှစ်ရပ်မှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဖြစ်ရာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့် အသက်မွေးဝမ်းကျောင်းပြုနေကြသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိသည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေး ကုန်ထုတ်စွမ်းအားမြင့်မားလာသည်နှင့်အမျှ ပြည်တွင်းစားသုံးမှု ဖူလုံစေမည့်အပြင် ပြည်ပပို့ကုန် ပိုမိုတိုးမြှင့်ပြီး နိုင်ငံသားတစ်ဦးချင်း၏ အသားတင်ထုတ်လုပ်မှုတန်ဖိုးနှင့် တစ်ဦးချင်းဝင်ငွေတို့ ပိုမိုတိုးတက်လာနိုင်မည်ဖြစ်သည်။
Jan 06, 2024

သူတစ်ပါးကို ချီးမြှင့်ခြင်းသည် “သင်္ဂဟ” ဟုခေါ်ပါသည်။ ဤသင်္ဂဟတရားထွန်းကားမှ လောကကြီးငြိမ်းချမ်းသာယာဝပြောမည်ဖြစ်သည်။ အခြေအနေအားလျော်စွာ ချီးမြှင့်ထိုက်သူ၊ ချီးမြှောက်ထိုက်သူတို့ကို ချီးမြှင့်ခြင်းတို့အား ကျင့်သုံးသောပုဂ္ဂိုလ်တို့သည် လောကကောင်းကျိုးဖြစ်ထွန်းရုံသာမက ကြီးပွားချမ်းသာကြသည်။ တစ်ဦးနှင့်တစ်ဦး မေတ္တာစေတနာထားဆက်ဆံကြရာတွင် သင်္ဂဟတရားများသည် အလွန်အရေးကြီးပြီး တရားနှင့်လျော်ညီသည့် ကောင်းခြင်းမင်္ဂလာဖြစ်သည်။
Jan 05, 2024

ကမ္ဘာပေါ်ရှိနိုင်ငံအများစုသည် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ ပဋိပက္ခများစွာတို့နှင့် ကြုံတွေ့ခဲ့ရသည်။ အခက်အခဲပဋိပက္ခများကြောင့် နိုင်ငံယိုယွင်းပျက်စီးလုနီးနီး ဖြစ်ခဲ့သည့်နိုင်ငံများရှိသည်။ ခေတ်ဆိုးကာလကြီးတွင် ပြည်သူများ ထိခိုက်ပျက်စီးခဲ့ကြရပြီး နာလန်မထူနိုင်အောင် ဖြစ်ခဲ့ကြရသည်။ သို့သော်လူဟူသည် အသိဉာဏ်စွမ်းပကားမြင့်မားသူများဖြစ်ကြသဖြင့် သုညအခြေအနေမှ ပြန်လည်မြင့်တက်နိုင်အောင် ကြိုးစားနိုင်ကြသည်။ ထိုနိုင်ငံများကို ယနေ့မြင်တွေ့နိုင်သည်။
Jan 05, 2024

သမိုင်းပေးတာဝန်ဟူသည် မိမိတို့ရှင်သန်ဖြတ်သန်းနေကြသည့် ခေတ်ကာလ နိုင်ငံနှင့်လူမျိုး အဓွန့်ရှည်တည်တံ့ရေး၊ တိုးတက်ကြီးပွားရေးတို့အတွက် နိုင်ငံသားတစ်ဦးအနေဖြင့် ထမ်းရွက်အပ်သော ဝတ္တရားဟူ၍ ယေဘုယျအားဖြင့် ဖွင့်ဆိုနိုင်သည်။ သမိုင်းပေးတာဝန်၏ အနက်အဓိပ္ပာယ်ကို မှန်မှန်ကန်ကန် ဖွင့်ဆိုနိုင်မှသာ နိုင်ငံနှင့်လူမျိုး အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ပြီး ဖွင့်ဆိုမှုမှားယွင်းမည်ဆိုပါက လုပ်ရပ်အမှားများ ကျူးလွန်မိကာ သမိုင်းတွင် တရားခံဘဝကျရောက်မည်ဖြစ်သည်။
Jan 04, 2024
မြန်မာတိုင်းရင်းသားလူမျိုးအပေါင်းတို့သည် ရှေးပဝေသဏီ နှစ်ပေါင်းများစွာကာလကပင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်စောင့်ရှောက် ကာကွယ်ခဲ့ကြသည်။ ကုန်းဘောင်ခေတ်နှောင်းကာလတွင် စည်းလုံးညီညွတ်မှုနှင့် နိုင်ငံအင်အားတောင့်တင်းခိုင်မာမှု လျော့နည်းလာသောကြောင့် ကိုလိုနီနယ်ချဲ့လက်အောက် ကျွန်သပေါက်ဘဝသို့ ကျရောက်ပြီး တိုင်းပြည်လွတ်လပ်ရေး ဆုံးရှုံးခဲ့ရသည်။