Dec 08, 2023

အဂတိလိုက်စားမှုက ကမ္ဘာလုံးဆိုင်ရာပြဿာနာဖြစ်သည်။ အဂတိလိုက်စားမှုသည် ရာဇဝတ်မှုကျူးလွန်ခြင်းနှင့် အကြမ်းဖက်တိုက်ခိုက်ခြင်းတို့ကိုအားပေးပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေကာ တရားဥပဒေစိုးမိုးမှုနှင့် ဒီမိုကရေစီစနစ်ကို ထိခိုက်နိုင်စေသည်ဟု ကမ္ဘာ့နိုင်ငံကြီးတစ်နိုင်ငံကဆိုသည်။ ကမ္ဘာတစ်ဝန်းဖြစ်ပေါ်လျက်ရှိသည့်အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှုပြဿနာကို ကမ္ဘာသူကမ္ဘာသားတို့ အလေးအနက်ဂရုပြုလာကြစေရန်နှင့် တားဆီးနှိမ်နင်းနိုင်ကြစေရန်ရည်ရွယ်၍ ကုလသမဂ္ဂက နှစ်စဉ် ဒီဇင်ဘာလ ၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ထားသည်။
Dec 07, 2023
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၇ ရက်၊ ၁၃၈၅ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်။ ဤနေ့သည် မြန်မာတစ်မျိုးသားလုံးကို ဝံသာနုရက္ခိတစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံချစ်စိတ်ဓာတ်နှင့် ဇာတိသွေး၊ ဇာတိမာန်များ နိုးကြားထက်သန်လာအောင် တပ်လှန့်နှိုးဆော်လိုက်သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဖြစ်သည်။ အမျိုးသားအောင်ပွဲနေ့မှ မွေးဖွားလာသည့် တစ်မျိုးသားလုံး အမျိုးသားအားမာန်များဖြင့် လွတ်လပ်သောနိုင်ငံအဖြစ် ခိုင်မာစွာရပ်တည်နိုင်ခဲ့ပြီး နှစ်ပေါင်းတစ်ရာကျော်လာပြီဖြစ်သည့် မျက်မှောက်ကာလတွင် ယင်းအမျိုးသားရေး အားမာန်များဖြင့်ပင် “ပြည်ထောင်စုငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့” ဆက်လက်ကြိုးပမ်းကြရမည်ဖြစ်သည်။
Dec 07, 2023

ယနေ့သည် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၃ နှစ်က ဤနေ့ဤရက်တွင် အင်္ဂလိပ်နယ်ချဲ့လက်အောက်ခံ မြန်မာနိုင်ငံ၌ အမျိုးသားရေးစိတ်ဓာတ်ကို အရင်းခံကာ နယ်ချဲ့ကို ဆန့်ကျင်အုံကြွမှုဖြစ်ပေါ်ခဲ့သည်။ ယူနီဗာစီတီ အက်ဥပဒေကို ကန့်ကွက်သည့် အဆိုပါဆန့်ကျင်အုံကြွမှုသည် ၁၉၂၀ ပြည့်နှစ် ပထမကျောင်းသားသပိတ်ဟု သမိုင်းမှတ်တမ်းတင် မော်ကွန်းတွင်ရစ်ခဲ့ပြီး အနှစ်သာရအားဖြင့် မြန်မာတစ်မျိုးသားလုံးကို အမျိုးသားရေးစိတ်ဓာတ် နိုးထရှင်သန်စေခဲ့ခြင်းဖြစ်သည်။
Dec 06, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်၌ ပြည်တွင်းထုတ်ကုန်များ တိုးတက်မြင့်မားရေးနှင့် ပြည်ပပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးကို အလေးထားဆောင်ရွက်ခဲ့ရာ စီးပွားရေးဖွံ့ဖြိုးမှုတွင် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိခဲ့သည်။ သို့သော် ငွေကြေးဆိုင်ရာလည်ပတ်မှုနှင့် ပြည်ပသွင်းကုန်တင်သွင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ အားနည်းချက်များကြောင့် နိုင်ငံတော်နှင့်ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုတွင် အဟန့်အတားဖြစ်စေခဲ့သည်။
Dec 06, 2023
ကိုယ့်မင်းကိုယ်ချင်းနှင့် နေထိုင်ခဲ့သောခေတ်တွင် မြန်မာနိုင်ငံ၏ ပညာရေးစနစ်မှာ ဘုန်းတော်ကြီးကျောင်း ပညာရေးစနစ်ဖြစ်ပြီး နှစ်ပေါင်းထောင်ချီ၍ ဖြစ်တည်လာခဲ့သော မြန်မာတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ လူနေမှုစနစ်တို့နှင့် ကိုက်ညီခဲ့သည်။ ၎င်းပညာရေးစနစ်ဖြင့်ပင် မြန်မာများ စာပေတတ်မြောက်ကြပြီး ယဉ်ကျေးသိမ်မွေ့ခဲ့ကြသည်။ သက်မွေးဝမ်းကျောင်းပညာများ တတ်မြောက်ခဲ့ကြသလို ကိုယ်ကျင့်တရားလည်း မြင့်မားခဲ့ကြသည်။
Dec 05, 2023

မြန်မာနိုင်ငံသည် လွတ်လပ်တက်ကြွပြီး ဘက်မလိုက်သည့်နိုင်ငံဖြစ်သည်။ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက် ဆက်ဆံလျက်ရှိသည်။ ကိုယ့်ခွန်ကိုယ့်အားဖြင့် တည်ဆောက်နေသည့်နိုင်ငံဖြစ်သည်။ မည်သည့်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုမှန်သမျှကို လက်မခံသောနိုင်ငံဖြစ်သည်။ ပြည်ထောင်စုနှင့်ဆီလျော်သည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသောနိုင်ငံဖြစ်သည်။ လက်ဝေခံနိုင်ငံအဖြစ်သို့ မရောက်လိုသော မြန်မာနိုင်ငံအပေါ် နယ်ချဲ့လက်သစ်တို့၏ အမျိုးမျိုးအဖုံဖုံနှောင့်ယှက်မှုများကို အစဉ်အဆက်တွေ့မြင်နေရသည်။
Dec 05, 2023

တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်များတွင် ပါဝင်သည်။ လက်ရှိမိမိတို့နိုင်ငံ၏ မျှော်မှန်းလူ့သက်တမ်း (Life Expectancy at Birth) သည် အရှေ့တောင်အာရှနိုင်ငံအားလုံး၏ အောက်ဆုံးသို့ရောက်ရှိနေပြီး မိခင်နှင့် ကလေးသေနှုန်းမှာ မြင့်မားလျက်ရှိသည်။
Dec 04, 2023
ဤမြေကမ္ဘာတွင် နေထိုင်သည့်လူသားတစ်ဦးပင်ဖြစ်သော်လည်း ဘဝကံကြမ္မာအကျိုးပေးကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေသူများရှိကြသည်။ လူလူချင်းဖြစ်သော်လည်း ဘဝအကျိုးပေးကြောင့် ချို့ယွင်းအားနည်းသူများကို စာနာထောက်ထား ဖေးမကူညီမှုများ ပြုလုပ်ပေးကြရမည်ဖြစ်သလို မသန်သော်လည်း စွမ်းဆောင်ရည်ပြည့်ဝသည့် လူသားတစ်ဦးအဖြစ် အားပေးကူညီပေးပြီး အများတန်းတူ ကြိုးပမ်းဆောင်ရွက်နိုင်အောင် ပြုလုပ်ကြရမည်ဖြစ်သည်။
Dec 04, 2023

ကမ္ဘာ့လူဦးရေ တစ်ဘီလီယံကျော်သည် မသန်စွမ်းမှုတစ်မျိုးမျိုးကို ခံစားနေကြရသူများဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းထုတ်ပြန်သည့် အစီရင်ခံစာတစ်ရပ်အရ သိရသည်။ အဆိုပါအရေအတွက်သည် ကမ္ဘာ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်းခန့်ရှိပြီး နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု၊ ဆင်းရဲဒုက္ခအမျိုးမျိုးနှင့် ကြုံတွေ့နေရပြီး အခွင့်အရေးများဆုံးရှုံးမှုတို့ကို ခံစားနေကြရသည်။ ကမ္ဘာ့မသန်စွမ်းသူအားလုံး၏ ၈၀ ရာခိုင်နှုန်းကျော်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရှိနေကြခြင်းဖြစ်သည့်အလျောက် ပိုမို၍ ထိခိုက်ခံစားကြရသည်ဟုလည်း ဆိုသည်။
Dec 02, 2023

ကမ္ဘာပေါ်ရှိ နိုင်ငံများသည် မိမိနိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရမည်၊ မိမိလူမျိုးဘဝ မြင့်မားလာရ မည်ဟူသည့် ခံယူချက်ဖြင့် မိမိနိုင်ငံကို ညီညီညွတ်ညွတ် ဝိုင်းဝန်း တည်ဆောက်ခဲ့ကြသည်။ နိုင်ငံအများစုတွင် အယူအဆ၊ ယုံကြည်ချက်၊ သဘောကွဲလွဲမှုတို့ကို အကြောင်းပြု၍ ပဋိပက္ခအမျိုးမျိုးကြုံတွေ့ခဲ့ရသည်။ အချို့ဆိုလျှင် ပဋိပက္ခများကြောင့် နိုင်ငံတစ်ခုလုံး ပြာပုံဘဝ ရောက်ရှိခဲ့ပြီးမှ စည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်၍ နိုင်ငံပြန်လည် ဦးမော့လာအောင် တစ်စိ