Skip to main content
Nov 13, 2023
သမိုင်းအစဉ်အလာနှင့် တည်တည်တံ့တံ့ စုစုစည်းစည်းဖြင့် နေထိုင်လာကြသော လူမျိုးစုံ သို့မဟုတ် လူပေါင်းစု သို့မဟုတ် လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ လွှမ်းတည်ရာ၊ ပျံ့နှံ့ရာဒေသကို ပထဝီဝင်နယ်နိမိတ်အရ သတ်မှတ်ထားသည့်အခါတွင် ထိုနယ်မြေဒေသကို တိုင်းပြည် သို့မဟုတ် နိုင်ငံဟုခေါ်ကြပေသည်။ တိုင်းပြည်သည် ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းမှုဖြစ်ပြီး နိုင်ငံတော်သည် စိတ်ပိုင်းဆိုင်ရာဖွဲ့စည်းမှု ဖြစ်သည်။ တိုင်းပြည်နှင့်နိုင်ငံတော်သည် အချင်းချင်းကျေးဇူးပြုသောအားဖြင့်  ဆက်စပ်လျက်ရှိသည်။
Nov 13, 2023
ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ မြို့နယ်အချို့တွင် အောက်တိုဘာ ၂၇ ရက်မှစ၍ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများက အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်မှုများက ဒေသခံပြည်သူများနှင့်တကွ ဒေသတွင်းသို့ ရောက်ရှိနေကြသည့် ပြည်သူများကိုပါ အတိဒုက္ခကျရောက်စေသည်။ မန္တလေး-ပြင်ဦးလွင်-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးကို နေရာအချို့တွင် သွားလာ၍မရအောင် ဖျက်ဆီးဖြတ်တောက်ထားသဖြင့် မဖြစ်မနေသွားလာကြရသူ၊ တိုက်ပွဲရှောင်ကြရသူ ပြည်သူများမှာ ကား၊ ဆိုင်ကယ်များနှင့်ရော ခြေကျင်လမ်းလျှောက်၍ပါ လွတ်ကင်းရာလမ်းများမှ တိမ်းရှောင်နေကြရသည်ဟု သိရသည်။ နိုဝင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ကျောက်မဲနှင့် သီပေါကြား၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကျင်သီတံတားကို မိုင်းခွဲဖျက်ဆီးလိုက်ပြန်ရာ အဆိုပါလမ်းပိုင်း၌ပါ သွားလာ၍မရသည့်အခြေအနေသို့ ရောက်ရှိသွားရသည်။
Nov 12, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” “Keep Moving Forward To Achieve Our Goal” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ကြိုးပမ်းဆောင်ရွက်ရာတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ထွက်ကုန်များဖြင့် စက်မှုထုတ်ကုန်၊ လူသုံးကုန်များကို သွင်းကုန်အစားထိုး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Nov 12, 2023
သံလွင်၊ ရွှေပုဇွန်နှင့် စကုဆိုသည့် အမည်တို့က ကောင်းသတင်းများဖြင့် ပျံ့သင်းမွှေးကြိုင်၍ နေသည်။ တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာန နယ်လှည့်အထူးကုဆေးအဖွဲ့တို့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုအရာရှိများ၊ သူနာပြု စစ်သည်များနှင့် သူနာပြုရဲမေများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်း ပတ်ဝန်းကျင်ကျေးရွာများနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့နယ်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးရန် အောက်တိုဘာ ၁ ရက်က ရန်ကုန်မှ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။
Nov 11, 2023
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည်နှင့်အညီ ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ စသည့်သီးနှံအမျိုးပေါင်း ၆၁ မျိုးကို နိုင်ငံတစ်ဝန်းရှိ စုစုပေါင်း စိုက်ဧရိယာဧက ၄၉ ဒသမ ၃၉ သန်း၌ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ ယင်းတို့တွင် စက်မှုကုန်ကြမ်းသီးနှံပင် ရော်ဘာကို တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုးခု၌ ဧက ၁ ဒသမ ၆၄ သန်းစိုက်ပျိုးပြီး အစေးခြစ်ဧက တစ်သန်းနီးပါးမှ ရော်ဘာတန်ချိန် သုံးသိန်းကျော်ထွက်ရှိသည်။
Nov 11, 2023
မိုးလတို့ကုန်ဆုံး၍ ခြေခင်းလက်ခင်းသာသည့် ဤရာသီတွင် နိုင်ငံတစ်ဝန်း၌ ကထိန်ပွဲကို ခင်းကျင်းကြသည်။ အတိအကျအားဖြင့်ဆိုလျှင် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိသည် ကထိန်ပွဲရာသီဖြစ်ပြီး ချိန်ခါရာသီမရွေး ကျင်းပချင်တိုင်း ကျင်းပ၍မရသောပွဲလည်းဖြစ်သည်။ ကထိန်ပွဲကျင်းပခြင်း၏ မူလအစသည် မြတ်ဗုဒ္ဓဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကပင် စတင်ခဲ့ခြင်းဖြစ်ပြီး မြတ်စွာဘုရားသက်တော် ၇၂ နှစ်၊ ဝါတော် ၃၇ ဝါ နောက်ပိုင်း သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကထိန်ကို ခွင့်ပြုတော်မူခဲ့ခြင်းဖြစ်သည်။
Nov 10, 2023
လတ်တလောဖြစ်ပွားလျက်ရှိသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဖြစ်စဉ်များနှင့် ဆက်စပ်လျက်ရှိသည့် အခြေအနေများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂၀၂၃)တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်းပြောကြားခဲ့ပြီး တပ်မတော်အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Nov 10, 2023
ရော်ဘာသည် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့ရေး အမျိုးသားပို့ကုန် မဟာဗျူဟာရည်မှန်းချက်တွင် တတိယအရေးပါဆုံးသော စက်မှုကုန်ကြမ်းသီးနှံဖြစ်သည်။ မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးဧက ၁၆ သိန်းကျော် ရှိနေသော်လည်း အထွက်နှုန်းနှင့် အရည်အသွေးတို့ ကောင်းမွန်ရေး၊ တိုးချဲ့စိုက်ပျိုးရေးတို့အတွက် ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။ သို့ဖြစ်ရာ ရော်ဘာထုတ်လုပ်မှုနှင့် အရည်အသွေးတိုးတက်မြင့်မားရေး၊ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ရော်ဘာအခြေခံ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်သည့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော အဖွဲ့အစည်းများ၊ မူဝါဒ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ထွက်ပေါ်လာစေ‌ရေးဟူသော ရည်ရွယ်ချက်သုံးရပ်ဖြင့် ကျင်းပပြုလုပ်သည့် “မြန်မာရော်ဘာဖိုရမ်-၂၀၂၃”က မြန်မာ့ရော်ဘာကဏ္ဍတစ်ခုလုံးအတွက် အရေးပါသည့် ရလဒ်ကောင်းများ ပေါ်ထွက်လာမည်ဟု ယုံကြည်မိသည်။
Nov 09, 2023
ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် သမိုင်းအစဉ်အလာကြီးမားသော နိုင်ငံတော်ဖြစ်သည်။ ကျွန်ုပ်တို့ တိုင်းရင်းသားပြည်သူအပေါင်းတို့သည် စည်းလုံးညီညွတ်စွာဖြင့် တစ်သားတည်းနေထိုင်လာခဲ့ကြသည်။ ကိုလိုနီနယ်ချဲ့တို့၏ ကျူးကျော်မှုကြောင့် ဆုံးရှုံးခဲ့ရသည့်လွတ်လပ်ရေးကို တိုင်းရင်းသား ပြည်သူများ၏ စည်းလုံးညီညွတ်မှုဖြင့် နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများဆင်နွှဲပြီး ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြင့် လွတ်လပ်သော နိုင်ငံတော်ကို ပါလီမန်ဒီမိုကရေစီစနစ်ဖြင့် ဖော်ဆောင်ကျင့်သုံးခဲ့သည်။
Nov 09, 2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသများတွင် အောက်တိုဘာ ၂၇ ရက်က စတင်ဖြစ်ပေါ်ခဲ့သည့် တိုက်ခိုက်မှုများ၊ ဖျက်ဆီးမှုများ၏ ပုံရိပ်များက နိုင်ငံတစ်ဝန်းရှိ ပြည်သူများကို စိုးရိမ်ပူပန်မှုတို့ဖြစ်ပေါ်စေသည်။ လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ခဲ့ကြသည့် လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော်ကာလအတွင်း တည်ဆောက်ခဲ့သမျှ၊ ဖွံ့ဖြိုးခဲ့သမျှတို့ကို တဒင်္ဂမျှအတွင်း ဖျက်ဆီးခဲ့ကြသလို ဒေသတွင်းတည်ငြိမ်အေးချမ်းမှုနှင့် ဒေသခံတိုင်းရင်းသားပြည်သူလူထုတို့၏ လူမှုစီးပွားဘဝများမှာလည်း အချိန်တိုအတွင်း ပျက်စီးခဲ့ကြရသည်။ အဓိက လက်သည်တရားခံများမှာ MNDAA နှင့် TNLA တို့ဖြစ်ကြပြီး KIA ၊ AA နှင့် PDF တို့လည်း ပူးပေါင်းပါဝင်လျက် အလုံးအရင်းဖြင့် တိုက်ခိုက်ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။