Nov 19, 2023
ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံတို့သည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က စာသင်ကျောင်းများ၊ ကလေးသူငယ်များနှင့် ဆရာ၊ ဆရာမများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းအား ရှုတ်ချပြီး ပဋိပက္ခတွင် ပါဝင်သူများအနေဖြင့် ပညာသင်ကြားခွင့် အခွင့်အရေးကို အကာအကွယ်ပေးရန် တိုက်တွန်းသည့် ဆုံးဖြတ်ချက်အမှတ် ၂၆၀၁(၂၀၂၁) ကို တညီတညွတ်တည်း ချမှတ်ခဲ့ကြပြီးဖြစ်သည်။
Nov 19, 2023

စစ်ရေးပစ်မှတ်မဟုတ်သည့် လွိုင်ကော်တက္ကသိုလ် တိုက်ခိုက်ခံရသည့်သတင်းကို တွေ့မြင်ကြားသိလိုက်ရသူတိုင်းက အံ့အားသင့်ခဲ့ကြသည်။ ထို့အပြင် အွန်လိုင်းတွင်ပျံ့နှံ့နေသည့် ဓာတ်ပုံများအနက်မှ ဓာတ်ပုံတစ်ပုံနှင့်ပတ်သက်၍လည်း တွေ့မြင်ရသူတိုင်းက ဝမ်းနည်းကြေကွဲကြရသည်။ ရက်စက်စွာ သတ်ဖြတ်ခံထားရပြီး မောင်းပြန်သေနတ်ကိုင် အကြမ်းဖက်သမားက ခြေထောက်ဖြင့်နင်း၍ ဓာတ်ပုံရိုက်ခံထားရသူမှာ လက်နက်မဲ့၊ အပြစ်မဲ့သူ။ သတ်ဖြတ်ခံရသည့်နေရာသည် တက္ကသိုလ်ပရဝဏ်ဖြစ်ပြီး သတ်ဖြတ်ခံရသူသည် တက္ကသိုလ်၌ တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ အဆိုပါဖြစ်စဉ်၌ ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမများ၊ ပညာရေးဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူအချို့တို့ အကြမ်းဖက်အဖွဲ့များ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရပြီး ဆရာ၊ ဆရာမအချို့ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသည်။
Nov 18, 2023

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ ထွန်းကားလာသော မျက်မှောက်ကာလတွင် လူသားအကျိုးပြု ကောင်းသောလုပ်ဆောင်မှုများ ရရှိလာကြသည်ကို ကြိုဆိုရမည်ဖြစ်သလို တစ်ဖက်တွင် အဆိုပါ တိုးတက်ဖြစ်ထွန်းမှုကို အသုံးပြု၍ ပြည်သူအများ လူမှုစီးပွားဘဝ တည်ငြိမ်မှုပျက်ပြားစေရန် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်မှုများ၊ စိုးရိမ်ပူပန်မှုဖြစ်စေရန် သွေးထိုးလှုံ့ဆော်မှုများကို သတိပြုရ မည်ဖြစ်သည်။
Nov 18, 2023

ယခုတလော သတင်းတု၊ သတင်းမှားများနှင့်ကောလာဟလအမျိုးမျိုးတို့ တစ်ကြိမ်ပြီးတစ်ကြိမ်၊ တစ်မျိုးပြီးတစ်မျိုး မရိုးအောင် မသမာသူတို့က ထုတ်လွှင့်နေကြသည်။ လတ်တလော ဖြစ်ပွားနေသည့်တိုက်ပွဲဖြစ်စဉ်များမှသည် စက်သုံးဆီကိစ္စ၊ ဘဏ်ကိစ္စ၊ ဝန်ထမ်းအဖွဲ့အစည်းများအတွင်း လုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်းရန်စေခိုင်းသည်ဆိုသည့်ကိစ္စတို့အထိ ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်လိုက်သည့် လုပ်ကြံသတင်းများမှာ နိုင်ငံနှင့်ပြည်သူ လူထုအတွင်း မတည်မငြိမ်ဖြစ်စေရန်၊ အကျပ်အတည်းများဖြစ်စေရန်၊ အာရုံအမျိုးမျိုး ရှုပ်ထွေးဝေဝါးစေရန်ပင်ဖြစ်သည်။
Nov 17, 2023
တပ်မတော်သည် တိုင်းပြည်အေးချမ်းသာယာဝပြောရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်း စိမ်တို့ကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။ KIA၊ TNLA၊ MNDAA၊ AA၊ BPLA နှင့် PDF တို့သည် တိုင်းပြည်အလုံးစုံပျက်စီးရေးကို ကြံစည်လုပ်ဆောင်နေကြသည်။ တိုင်းပြည်ပျက်စီး ရေးကို လုပ်ဆောင်နေကြသည့် အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူများအား တိုင်းရင်း သားပြည်သူ တစ်ရပ်လုံးက ဆန့်ကျင်ရှုတ်ချနေကြသည်။
Nov 17, 2023
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများသည် ယာဉ်နှင့်လမ်းတို့ကို နေ့စဉ်မဖြစ်မနေ အသုံးပြုနေကြရသူများ အန္တရာယ်မကျရောက်စေရေးအတွက် ချမှတ်ထားခြင်းဖြစ်ပြီး မပျက်မကွက် လိုက်နာကျင့်သုံးကြရန်လည်းလိုသည်။ ခေတ်နှင့်အညီ စက်တပ်ယာဉ်များကို ပိုမိုသုံးစွဲလာသည်နှင့်အမျှ အန္တရာယ်ဖြစ်ပေါ်နိုင်သည့်အခြေအနေ ပိုမိုမြင့်မား လျက်ရှိရာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း တို့ကို လိုက်နာကြမှသာလျှင် ဘေးအန္တရာယ်ဖြစ်ပွားမှု လျှော့ချ နိုင်မည်ဖြစ်သည်။
Nov 16, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်လျက်ရှိသည့်ကာလအတွင်း ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်၍ တိုင်းရင်းသားပြည်သူအားလုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Nov 16, 2023

အဂတိလိုက်စားမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသော အန္တရာယ်တစ်ရပ်ဖြစ်သည်။ အဂတိလိုက်စားမှုများကြောင့် ပြည်သူတို့၏ ကိုယ်စိတ်နှစ်ပါးအပေါ် ထိခိုက်စေပြီး လူမှုအဖွဲ့ အစည်းများအပေါ် ယုံကြည်ကိုးစားမှုတို့ လျော့နည်း၊ ပျောက်ဆုံးစေသည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှု၊ တရားမျှတမှုနှင့် ကျင့်ဝတ်တန်ဖိုးတို့ကို အန္တရာယ်ဖြစ်စေနိုင်သည့်အပြင် လူမှုပတ်ဝန်းကျင် တည်ငြိမ်မှုနှင့် တရားဥပဒေစိုးမိုးမှုတို့ကိုလည်း ထိခိုက်ပျက်စီးစေနိုင်သည်။
Nov 14, 2023
အပြည်ပြည်ဆိုင်ရာဆီးချိုအဖွဲ့ချုပ်၏ ၂၀၂၁ ခုနှစ်ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်းတွင် ဆီးချိုဖြစ်ပွားနေသူ ၅၃၇ သန်းရှိ၍ လူ ၁၀ ဦးတွင် တစ်ဦး ဆီးချိုရောဂါဖြစ်ပွားနေပြီး ဆီးချို၊ သွေးချိုဖြစ်ပွားနေသူ လူဦးရေတစ်ဝက်ခန့်သည် မိမိတွင်ဆီးချိုရောဂါဖြစ်နေသည်ကို မသိရှိကြပေ။ ဆီးချို၊ သွေးချိုရောဂါဖြစ်ပွားမှုကြောင့် သေဆုံးရမှုသည် နှစ်စဉ်မြင့်မားလျက်ရှိပြီး အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သေဆုံးမှုပိုများနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိပေးထားသည်။
Nov 14, 2023

ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနှုန်းသည် ကမ္ဘာ့နိုင်ငံများတွင်ရော မြန်မာနိုင်ငံ၌ပါ မြင့်တက်လျက်ရှိသည်ဟု သိရသည်။ ဆီးချို သွေးချိုရောဂါသည် ကူးစက်ပြန့်ပွားနိုင်သည့် ရောဂါမဟုတ်သည့် နာတာရှည်ရောဂါမျိုးဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အဆိုအရ လာမည့်ဆယ်စုနှစ်အတွင်း ကမ္ဘာပေါ်တွင် သေဆုံးမှုအများဆုံးသော ရောဂါများအနက် နံပါတ် ၇ နေရာသို့ ရောက်ရှိလာနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့သော စစ်တမ်းအရ အသက် ၂၅ နှစ်မှ ၆၄ နှစ်အတွင်း ဆီးချိုသွေးချိုရောဂါဖြစ်ပွားနှုန်း လူ ၁၀၀ လျှင် ၁၀ ဒသမ ၅ ဦးခန့်ရှိနေရာ မြန်မာနိုင်ငံလူဦးရေအနက် လူ ၂ ဒသမ ၅ သန်းခန့် ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားလျက်ရှိသည်ဟု ခန့်မှန်းထားသည်။ ယင်းဖြစ်ပွားနှုန်းသည် အိမ်နီးချင်းနိုင်ငံများထက် ပိုမိုများပြားနေခြင်းကြောင့် နိုင်ငံသူနိုင်ငံသားများ ဆီးချိုသွေးချိုရောဂါဆိုင်ရာ အသိပညာများပိုမိုသိရှိရန်လိုအပ်ပြီး ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေးအတွက် နေ့စဉ်ဘဝနေထိုင်မှုပုံစံများကို ပြုပြင်ပြောင်းလဲကြရန်လည်း လိုအပ်သည်။