Skip to main content
Nov 27, 2023
ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ဖြစ်သည်။ ဗုဒ္ဓဘာသာတရားတော်အရ သာမညဖလအခါတော်နေ့ဟုလည်း သတ်မှတ်ထားသည်။ ယဉ်ကျေးမှုအစဉ်အလာအရ ဆီမီးတန်ဆောင်ထွန်းညှိပူဇော်သည့် တန်ဆောင်တိုင်မီးထွန်းပွဲတော် ကျင်းပသည့်နေ့ဖြစ်သည်။ တန်ဆောင်မုန်း လပြည့်နေ့တွင် ကထိန်သင်္ကန်းကပ်လှူခြင်းတို့အပြင် သာမညဖလအခါတော်နေ့ကိုပါ ယှဉ်တွဲကျင်းပကြသည်။
Nov 26, 2023
လယ်ယာကဏ္ဍသီးနှံများ ထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် အရည်အသွေး ကောင်းမွန်ရေးတို့အတွက် မြေ၊ ရေနှင့် လုပ်အား အရင်းအမြစ်များအပြင် လယ်ယာသွင်းအားစု များအနက်မှ တစ်ခုဖြစ်သည့် မြေဩဇာကို လိုအပ်သည့်ပမာဏ၊ လိုအပ်သည့်အချိန် အတိုင်း အသုံးပြုနိုင်ရေးသည်လည်း အရေးကြီးသည်။ မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေးအတွက် ဓာတ်မြေဩဇာကို လိုအပ်ချက်နှင့်အညီ ထုတ်လုပ်ဖြည့်ဆည်းပေးနိုင်စွမ်းမရှိခြင်းကြောင့် ပြည်ပမှ တင်သွင်းနေရသည်။ ကမ္ဘာ့နိုင်ငံများတွင် ဓာတ်မြေဩဇာဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် စိုက်ပျိုးတောင်သူများအနေဖြင့် အရည်အသွေးပြည့်ဝသော မြေဩဇာများ ရရှိသုံးစွဲနိုင်ရေး၊ စိုက်ပျိုးထုတ်လုပ်မှု လျော့နည်းကျဆင်း မသွားစေရေးတို့အတွက် ကြိုးပမ်းရုန်းကန်နေကြရကြောင်း သိရသည်။
Nov 24, 2023
နိုင်ငံတော်အစိုးရသည် နယ်စပ်ဒေသများသို့ တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပနိုင်ငံသားများကို စိစစ်ဖော်ထုတ်ခြင်း၊ ပြန်လည်လွှဲပြောင်းပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် တရုတ်နိုင်ငံသား အမျိုးသား ၁၀၉၁ ဦး၊ အမျိုးသမီး ၁၉၇ ဦး စုစုပေါင်း ၁၂၈၈ ဦးကို စိစစ်ဖော်ထုတ်နိုင်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ တာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
Nov 24, 2023
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားဆောင်ရွက်မှုသည် နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့မှစတင်၍ နှစ်စဉ် ဒီဇင်ဘာလ ၁၀ ရက်တွင် ကျရောက်သည့် လူ့အခွင့်အရေးနေ့အထိ ကျင်းပခြင်းဖြစ်သည်။ အဆိုပါ နိုင်ငံတကာလှုပ်ရှားမှုသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၏ အန္တရာယ်ကို မီးမောင်းထိုးပြရန်နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများပပျောက်ရေးဆောင်ရွက်မှုများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ခြင်းလည်းဖြစ်သည်။
Nov 23, 2023
လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးဆိုသည်မှာ ၎င်းတို့၏ အနာဂတ်ဘဝတစ်လျှောက်တွင် လူတစ်လုံးသူတစ်လုံး ရပ်တည်ရှင်သန်နိုင်‌စေရန်နှင့် နိုင်ငံအတွက်လည်း သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်လာစေရန် လိုအပ်သော အရည်အသွေး၊ အရည်အချင်းများ ဖြည့်ဆည်းပေးနိုင်ရေးပင်ဖြစ်သည်။ ဗလငါးတန်ဟုဆိုရာတွင် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူ၍ အစဉ်အလာသိမှတ်ခဲ့ကြသည့် ဗလငါးတန်သာမက မျက်မှောက်ခေတ် ၂၁ ရာစု ဗလငါးတန် ဟုဆိုရမည့် IQ : Intelligence Quotient ခေါ် ဉာဏ်ရည် ဉာဏ်သွေး၊ EQ : Emotional Quotient ခေါ် စိတ်နှလုံးခံစားမှု အရည်အသွေး၊ CQ : Culture Quotient ခေါ် မတူကွဲပြားသည့် ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်းများကို နားလည်လက်ခံနိုင်သည့် အရည်အသွေး၊ SQ : Spiritual Quotient ခေါ် ဘဝရှင်သန် နေထိုင်ခြင်း၏ ရည်ရွယ်ချက်ကို သိရှိလိုက်နာနိုင်သည့် အရည်အသွေး၊ PQ : Physical Quotient ခေါ် ကိုယ်ခန္ဓာကြံ့ခိုင်ကျန်းမာမှုကို ထိန်းသိမ်းစောင့်ရှောက်နိုင်သည့် အရည်အသွေးတို့ကို ဖြည့်ဆည်းနိုင်ရန် အကောင်းဆုံးနည်းလမ်းတစ်ခုမှာ စာဖတ်ခြင်းပင်ဖြစ်သည်။
Nov 22, 2023

လမ်းတံတားများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးတို့အတွက် လွန်စွာအရေးကြီးသည်။ လမ်းများနှင့်တံတားများ ဖွံ့ဖြိုးတိုးတက်သည်နှင့်အမျှ ခရီးသွားလာမှုနှင့် ကုန်စည်သယ်ယူပို့ဆောင်မှုတို့ လွယ်ကူလျင်မြန်စေသည့်အပြင် သယ်ယူပို့ဆောင်မှုစရိတ်များလည်း လျော့နည်းစေသည်ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထုလူမှုစီးပွားဘဝမြင့်မားမှုတို့အတွက် အဓိကကျသောအထောက်အပံ့များပ

Nov 21, 2023
သူတစ်ပါး၏အသက်အိုးအိမ်ကို ထိခိုက်နစ်နာစေခြင်း၊ သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာကို ခိုးဝှက်ခြင်း၊ လုယူခြင်း၊ ကာမဂုဏ်တို့၌ မှားယွင်းစွာပြုကျင့်ခြင်း၊ လိမ်လည်ခြင်း၊ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သုံးစွဲခြင်းစသည်တို့သည် တရားဥပဒေကို ချိုးဖောက်သည့် ဒုစရိုက်အမှုများဖြစ်သည်။ ဤဒုစရိုက်မှုများသည် နိုင်ငံငြိမ်းချမ်းသာယာမှုကို ပျက်ပြားစေပြီး နိုင်ငံတော်၏အကျိုးကို ဆုတ်ယုတ်ပျက်စီးစေသည်။
Nov 21, 2023
တရားဝင်မှတ်ပုံတင်ထားသည့် ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုအေဂျင်စီအချို့က ၎င်းတို့စေလွှတ်လိုက်သည့် အလုပ်သမားများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုများ ပျက်ကွက်ခြင်းကြောင့် ပြည်ပသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်ခဲ့သူများ နစ်နာဆုံးရှုံးမှုတို့ ဖြစ်ပေါ်ခဲ့ကြောင်း မီဒီယာများတွင် တွေ့ခဲ့ရသည်။ ပြည်ပတွင် အလုပ်လုပ်လိုသူထံမှ ဝန်ဆောင်ခအဖြစ် ငွေကြေးများရယူပြီး အလုပ်ရရှိရန် ဆောင်ရွက်မပေးနိုင်သည့် ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုအေဂျင်စီအချို့ကို အလုပ်သမားဝန်ကြီးဌာနက လိုင်စင်ရာသက်ပန်  ပိတ်သိမ်းခဲ့ကြောင်းလည်း သိရသည်။
Nov 20, 2023
အခြေခံအဘိဓမ္မာတရားတွင် စိတ်ကို မကောင်းအောင် ခြယ်လှယ်တတ်သော အကုသိုလ်စိတ် ၁၄ ပါးကို မှတ်သားရှောင်ရှားနိုင်ရန် အရေးကြီးပါသည်။ ယခုကာလ လူတို့၌ အကုသိုလ်စိတ်တစ်မျိုးဖြစ်သည့် သောကစိတ်များ များပြားနေကြလေသည်။ သောကကို ဝမ်းနည်းမှုဟုဆိုသည်။ ဝမ်းနည်းစရာတွေ့၍ စိတ်မချမ်းမသာဖြစ်ရာ၌ သောကဟုခေါ်ရလေသည်။ သောကဖြစ်တိုင်း ဒေါသလည်းပါနေပြီး စိတ်မချမ်းသာမှု၊ စိုးရိမ်ကြောင့်ကြမှုတို့ ဖိစီးနှိပ်စက်တတ်သည်။
Nov 20, 2023
ကမ္ဘာတစ်ဝန်းလုံးရှိ ကလေးများ၏ အနာဂတ်ပိုမိုတောက်ပနိုင်စေရေး၊ ကလေးများအား ကာကွယ်မှုအပြည့်အဝပေးနိုင်ရေး၊ ကလေးများ၏ အခွင့်အရေးများ ပိုမိုရရှိစေနိုင်ရေး၊ ကလေးများ ရင်ဆိုင်ကြုံတွေ့ရတတ်သည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ရေးတို့အတွက်ရည်ရွယ်၍ နှစ်စဉ် နိုဝင်ဘာလ ၂၀ ရက်နေ့ကို ‘‘ကမ္ဘာ့ကလေးများနေ့” (World Children's Day) အဖြစ် ကျင်းပလျက်ရှိသည်။ ထိုနေ့သည် ၁၉၅၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေ ညီလာခံက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကြေညာစာတမ်း (Declaration of the Rights of the Child) နှင့် ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (United Nations Convention on the Rights of the Child) တို့ကို အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်းတို့ကို ကိုယ်စားပြုထားခြင်းလည်းဖြစ်သည်။