အနာဂတ်ကိုထုဆစ်ဖို့ စက်မှုပညာသင်ကြစို့ (အပိုင်း -၂)
လက်ရှိမြန်မာနိုင်ငံ၏ စက်မှုကဏ္ဍလုပ်ငန်းများတွင် တရားဝင်မှတ်ပုံတင်ထားသော စက်မှုလုပ်ငန်းကြီး၊ လုပ်ငန်းလတ်၊ လုပ်ငန်းငယ်ပေါင်း ငါးသောင်းကျော်နှင့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း နှစ်သောင်းကျော်ခန့်ရှိရာ အဆိုပါစက်မှုလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်း တစ်နည်းအားဖြင့် လိုအပ်လျက်ရှိသော စက်မှုကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးခြင်းဖြင့် နိုင်ငံတော်၏ စက်မှုကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ပေးနိုင်မည်ဖြစ်ပါသည်။ ထိုကဲ့သို့ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေချိန်တွင် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည့် ကျွမ်းကျင်လုပ်သား လုံလောက်စွာမရှိခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုနည်းပါးခြင်းတို့ကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိသည့် စက်မှုသင်တန်းကျောင်းများအကြောင်းကို ဆက်လက်ဖော်ပြသွားမည်။
