Skip to main content

စည်းနဲ့ ကမ်းနဲ့ မြန်မာစာ

“ကက်”ဟူသော ဝေါဟာရကို ခရီးဆောင်မြန်မာအဘိဓာန်တွင် “စပါး၊ ပဲ၊ ပြောင်း ပေါင်းစုသိုလှောင်ရာ ၆၄ တင်းဝင်ပုတ်ကြီး၊ ၆၄ တင်း ပမာဏချင့်ဝန်ဟူ၍လည်းကောင်း၊ ဖဲချပ်သစ်သား ဖြင့် ၆၄ ပြားရှိသော ဖဲ၊ ယင်းဖဲချပ်ပြားတို့ဖြင့် ကစားရသော ဖဲကစားနည်းဟူ၍လည်းကောင်း အဓိပ္ပာယ်ဖွင့်ဆိုပါသည်။

မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ်စောင့်ရှောက်ပါ

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်လုပ်ငန်းများအနက် ပဏာမကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းလည်းပါဝင်ပါသည်။ ၎င်းအခန်းကကို သက်ဆိုင်ရာနိုင်ငံတို့၏ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိပညာရှင်တို့က အလေးအနက်ပြု၍ အကောင်အထည်ဖော်ဆောင်ရွက်နေကြပါသည်။

စားသုံးဆီကြောင့် ဘေးမဖြစ်စေလို

မြန်မာလူမျိုးတို့၏ နေ့စဉ်ချက်ပြုတ်စားသောက်မှုအလေ့အထတွင်စားသုံးဆီသည် အဓိကအခန်းကဏ္ဍမှ မပါမဖြစ်ပါဝင်နေသည်ကို တွေ့ရှိရပေမည်။ ရှေးမြန်မာများလက်ထက်ကပင် “ဆီရွှဲ ဖွဲ‌ တောင် ဟင်းဖြစ်” ဟု တင်စားရလောက်အောင် စားသုံးဆီကိုနှစ်ခြိုက်စွာ စားသုံးခဲ့ကြသည်မှာ ယခုကာလအထိပင်ဖြစ်ပေသည်။ မြန်မာနိုင်ငံ၏  လူဦးရေတိုးတက်လာမှုနှင့်အတူ ခေတ်နှင့်အညီ ပြောင်းလဲလာသော စားသောက်မှုပုံစံများကြောင့် ပြည်ပမှမှာယူတင်သွင်းရသော စားသောက်ကုန်အမျိုးမျိုးအနက် စားသုံးဆီသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။

တစ်ခေတ်တစ်ခါက သမဝါယမစီမံကိန်းများ

ဆောင်းပါးခေါင်းစဉ်နှင့် စပ်လျဉ်း၍ ထိုခေတ်ထိုကာလကို မမီလိုက်၍ လှမ်းမျှော်ကြည့်မိသောတစ်ချိန်က သမဝါယမသမိုင်းကြောင်းများ၊ လုပ်ငန်းကဏ္ဍများ၊ ငယ်စဉ်ကလေးဘဝမှစ၍ ဖြတ်သန်းခဲ့ဖူးသော သမဝါယမပုံရိပ်များ၊ မမျှော်လင့်ဘဲလက်တွေ့ကိုယ်တိုင် ပါဝင်ထမ်းဆောင်ခွင့်ရလာသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ မူဝါဒလုပ်ငန်းစဉ်များအကြောင်းကို မိမိဉာဏ်မီသမျှ၊ တတ်စွမ်းသမျှ ရေးသားတင်ပြမည်ဟု ကြံရွယ်ချက်ဖြင့် ပထမဆုံးဆောင်းပါးကို တာလွှတ်လိုက်သောအခါ ပေးလိုက်မိသောခေါင်းစဉ်က “ထို့ကြောင့် ဤအရာကို သမ/ကျေးလက်ဟုခေါ်ပါသည်” ဟူ၍ ဖြစ်သွားခဲ့ချေပြီတမုံ့။ နောက်ဆုံးမှရောက်လာမည့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအကြောင်းကို ခေါင်းစဉ်တပ်ရခြင်းအကြောင်းရင်းက ကျွန်တော့်မှာ ခိုင်လုံစွာရှိနေပါသည်။ နယ်စပ်ရေးရာဝန်ကြီးဌာန(နတလ)တည်းဟူသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှာ ၂၃ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် ဝန်ထမ်းဘဝကို နှုတ်ဆက်ခွဲခွာရချိန်၌ “နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၏ ၂၈ နှစ်တာခရီး” စာအုပ်ကို ရေးသားပြုစု၍ အမှတ်တရထားရှိနိုင်ခဲ့ပါသည်။ ယခုလည်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခွင့်ရခဲ့သော အချိန်ကာလတစ်ခုအတွက် အမှတ်တရစာအုပ်တစ်အုပ်ထားခဲ့ချင်ပါသည်။ ထိုသို့ ရေးသားထုတ်ဝေဖြစ်ခဲ့လျှင် ကျွန်တော်ပေးချင်သောခေါင်းစဉ်မှာ “ထို့ကြောင့် ဤအရာကို သမ/ ကျေးလက်ဟုခေါ်ပါသည်” ဟူ၍။

အမှန်တရားကို မျက်ကွယ်ပြု ရည်ရွယ်ချက်ရှိရှိ ဇာတ်နာအောင်လုပ်ကြသူတွေ

မြန်မာနိုင်ငံကနေ နေရပ်စွန့်ခွာသွားတဲ့ ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး ပြောနေဆိုနေကြတာတွေဟာ ပြည်သူတွေကြားမှာ အထူးအဆန်းမဟုတ်တော့ပါဘူး။ ရခိုင်ပြည်နယ်က နေရပ်စွန့််ခွာ သွားကြတယ်ဆိုတဲ့ ဘင်္ဂါလီ (၎င်းတို့အဆို ရိုဟင်ဂျာ) ကိစ္စနဲ့ပတ်သက်လို့ ပြည်ပနိုင်ငံတွေ၊ ကုလသမဂ္ဂလို အဖွဲ့အစည်းတွေ၊ ပြည်ပအခြေစိုက် မီဒီယာတွေက အစဉ်တစိုက် ပြောဆိုကြတာတွေကို မရိုးနိုင်အောင် ကြားခဲ့ကြရမှာဖြစ်ပါတယ်။

စာဖတ်ခြင်းနှင့် ကျန်းမာရေး

စာဖတ်ခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများစွာရရှိစေနိုင်ပါသည်။ စာဖတ်ခြင်းဖြင့် ဦးနှောက်ကို အားကောင်းစေခြင်း၊ တခြားသူအပေါ် စာနာနားလည်နိုင်စွမ်း မြင့်မားလာခြင်း၊ စိတ်ဖိစီးမှုကို လျှော့ချခြင်းနှင့် ဝေါဟာရအသုံးအနှုန်း ကြွယ်ဝလာခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။

မြေပဲသီးနှံအထွက်တိုးရေးအတွက် ဂရုပြုဆောင်ရွက်သင့်သည့်အချက်များ

မြန်မာနိုင်ငံ၏ ဆီထွက်သီးနှံစိုက်ပျိုးမှုတွင် မြေပဲသီးနှံသည် ဒုတိယစိုက်ပျိုးမှုအများဆုံးသီးနှံဖြစ်ပြီး စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းဒေသကြီးတို့နှင့် ရှမ်းပြည်နယ်တို့တွင် အများအပြား စိုက်ပျိုးလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် မြေပဲသီးနှံကို မိုးမြေပဲ၊ ဆောင်းမြေပဲများ စိုက်ပျိုးလျက်ရှိပြီး ၂၀၂၂-၂၀၂၃ ခုနှစ် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေတွင် စုစုပေါင်းမြေပဲစိုက်ဧက ၃၀၀၃၅၃၇ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ပျမ်းမျှအထွက်နှုန်း ၅၂.၃၄ တင်းဖြင့် ဆီထွက်မက်ထရစ်တန် ၄၀၃၁၁၁ ထွက်ရှိခဲ့ပါသည်။ ထို့ကြောင့်မြေပဲသီးနှံမှ ဆီထွက်ရှိမှုသည် ဆီထွက်သီးနှံစုစုပေါင်း ဆီထွက်ရှိမှု၏ ၅၀.၄၉ ရာခိုင်နှုန်း ထွက်ရှိခဲ့ပါသည်။

ကော်ဖီအထွက်တည်ငြိမ်ရေး ကော်ဖီပင်ကိုင်းဖြတ်ပြုပြင်ပေး

စီးပွားဖြစ်ကော်ဖီ စိုက်ပျိုးထုတ်လုပ်ရာတွင် ကိုင်းဖြတ်ပြုပြင်ခြင်းသည် အဓိကထား၍ လုပ်ဆောင်ရမည့်လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ကော်ဖီတွင် ကိုင်းဖြတ်ပြုပြင်ပေးခြင်းသည် ကော်ဖီနှစ်ခြား သီးခြင်း (biennial bering) မှ ကာကွယ်ပေးပါသည်။

ဒေသတွင်းဆီဖူလုံရေး အထောက်အကူပြု ဝင်ငွေရ ပန်းနှမ်းသီးနှံ

မြန်မာနိုင်ငံ၌ စပါးအပါအဝင် ဆီထွက်သီးနှံများ၊ ပဲအမျိုးမျိုးနှင့် အခြားသီးနှံပေါင်းများစွာကို နိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး နိုင်ငံအတွင်းထုတ်လုပ်မှုမှ ဆန်နှင့်ပဲကို ပြည်တွင်းစားသုံးမှုအတွက် လုံလောက်ရုံသာမက ပိုလျှံသောထုတ်ကုန်များကို ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်သည်ကို တွေ့ရှိရပါသည်။ သို့သော် စားသုံးဆီကို လုံလောက်အောင် ထုတ်လုပ်နိုင်ခြင်းမရှိသေးဘဲ ပြည်ပမှတင်သွင်းနေရသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ဒေသတွင်းစားသုံးဆီဖူလုံရေးကို အလေးထား၍ ဆောင်ရွက်ရန်လိုအပ်ပြီး ယခုအခါ နိုင်ငံတော်အစိုးရက စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် အလေးအနက်ထားဆောင်ရွက်နေသည်ကိုလည်း တွေ့မြင်နိုင်ပါသည်။

ပြည်သူတွေဆီ မျက်နှာမူ၍ ဖြတ်သင့်သည့်သံယောဇဉ်ကို ဖြတ်ပေးပါ

မြန်မာနိုင်ငံတော်ကြီးကို ဖျက်ဆီးလို့ အားမရ၊ မပျက်ပျက်အောင် ဖျက်ကြဆဲ၊ မူလက ကောင်းနေတဲ့ပစ္စည်းတစ်ခု အထိမခံ၊ ကျိုးလွယ်၊ ပဲ့လွယ်၊ ရှလွယ်၊ ကွဲလွယ်တဲ့ fragile အနေအထားကနေ ဘာလုပ်လုပ် မအောင်မြင်အောင် ပျက်စီးသည်ထက် ပျက်စီးအောင်လုပ်နေတဲ့ fail state အနေအထား။ ဒီအနေအထားကနေ တိုင်းပြည်ကို အစိတ်စိတ်အမြွာမြွာကွဲထွက်ပြီး အလုံးစုံပျက်သုဉ်းပြိုလဲပြိုကျအောင် (collapse) ဖြစ်အောင် လုပ်လာနေကြပြီ။ အခြေအနေအားလုံးက မြင်သာပါတယ်။
Subscribe to ဆောင်းပါး