Jun 17, 2024
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်လုပ်ငန်းများအနက် ပဏာမကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းလည်းပါဝင်ပါသည်။ ၎င်းအခန်းကကို သက်ဆိုင်ရာနိုင်ငံတို့၏ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိပညာရှင်တို့က အလေးအနက်ပြု၍ အကောင်အထည်ဖော်ဆောင်ရွက်နေကြပါသည်။
Jun 17, 2024
မြန်မာလူမျိုးတို့၏ နေ့စဉ်ချက်ပြုတ်စားသောက်မှုအလေ့အထတွင်စားသုံးဆီသည် အဓိကအခန်းကဏ္ဍမှ မပါမဖြစ်ပါဝင်နေသည်ကို တွေ့ရှိရပေမည်။ ရှေးမြန်မာများလက်ထက်ကပင် “ဆီရွှဲ ဖွဲ တောင် ဟင်းဖြစ်” ဟု တင်စားရလောက်အောင် စားသုံးဆီကိုနှစ်ခြိုက်စွာ စားသုံးခဲ့ကြသည်မှာ ယခုကာလအထိပင်ဖြစ်ပေသည်။ မြန်မာနိုင်ငံ၏ လူဦးရေတိုးတက်လာမှုနှင့်အတူ ခေတ်နှင့်အညီ ပြောင်းလဲလာသော စားသောက်မှုပုံစံများကြောင့် ပြည်ပမှမှာယူတင်သွင်းရသော စားသောက်ကုန်အမျိုးမျိုးအနက် စားသုံးဆီသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။
Jun 17, 2024
၂၀၀၀ ပြည့်လွန်နှစ်များအတွင်းက လုပ်ငန်းတာဝန်ဖြင့် မြန်မာပြည်အနှံ့အပြား ခရီးအတော်များများ သွားရောက်ခဲ့ဖူးပါသည်။ ဖလမ်း၊ တီးတိန်၊ ဟားခါး။ မြူနှင်းဝေဝေကြားက တောင်ပေါ်မြို့ကလေးများ။ ခမ်းနားထည်ဝါလှသည့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ။ ကလေးမြို့မှ တောင်တက်ခရီးအစ သိုင်းငင်ရောက်သည်နှင့် မြေပြန့်နှင့်မတူ တစ်မူထူးခြားလှပသည့် တောင်ပေါ်ရှုခင်းများက ရှုမောမဆုံး။ အေးချမ်းသာယာလှပပါသော ချင်းပြည်နယ်။
Jun 16, 2024
ဆောင်းပါးခေါင်းစဉ်နှင့် စပ်လျဉ်း၍ ထိုခေတ်ထိုကာလကို မမီလိုက်၍ လှမ်းမျှော်ကြည့်မိသောတစ်ချိန်က သမဝါယမသမိုင်းကြောင်းများ၊ လုပ်ငန်းကဏ္ဍများ၊ ငယ်စဉ်ကလေးဘဝမှစ၍ ဖြတ်သန်းခဲ့ဖူးသော သမဝါယမပုံရိပ်များ၊ မမျှော်လင့်ဘဲလက်တွေ့ကိုယ်တိုင် ပါဝင်ထမ်းဆောင်ခွင့်ရလာသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ မူဝါဒလုပ်ငန်းစဉ်များအကြောင်းကို မိမိဉာဏ်မီသမျှ၊ တတ်စွမ်းသမျှ ရေးသားတင်ပြမည်ဟု ကြံရွယ်ချက်ဖြင့် ပထမဆုံးဆောင်းပါးကို တာလွှတ်လိုက်သောအခါ ပေးလိုက်မိသောခေါင်းစဉ်က “ထို့ကြောင့် ဤအရာကို သမ/ကျေးလက်ဟုခေါ်ပါသည်” ဟူ၍ ဖြစ်သွားခဲ့ချေပြီတမုံ့။ နောက်ဆုံးမှရောက်လာမည့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအကြောင်းကို ခေါင်းစဉ်တပ်ရခြင်းအကြောင်းရင်းက ကျွန်တော့်မှာ ခိုင်လုံစွာရှိနေပါသည်။ နယ်စပ်ရေးရာဝန်ကြီးဌာန(နတလ)တည်းဟူသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှာ ၂၃ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် ဝန်ထမ်းဘဝကို နှုတ်ဆက်ခွဲခွာရချိန်၌ “နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၏ ၂၈ နှစ်တာခရီး” စာအုပ်ကို ရေးသားပြုစု၍ အမှတ်တရထားရှိနိုင်ခဲ့ပါသည်။ ယခုလည်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခွင့်ရခဲ့သော အချိန်ကာလတစ်ခုအတွက် အမှတ်တရစာအုပ်တစ်အုပ်ထားခဲ့ချင်ပါသည်။ ထိုသို့ ရေးသားထုတ်ဝေဖြစ်ခဲ့လျှင် ကျွန်တော်ပေးချင်သောခေါင်းစဉ်မှာ “ထို့ကြောင့် ဤအရာကို သမ/ ကျေးလက်ဟုခေါ်ပါသည်” ဟူ၍။
Jun 15, 2024
၂၀၂၄ ခုနှစ် ဧပြီလဆန်းမှစပြီး အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများလက်စွဲစာအုပ်၊ ၂၀၂၁-၂၀၂၃ ခုနှစ် (Handbook on Human Resources Development Indicators, 2021-2024 - HRDI) ကို ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်ပါ တယ်။ စာအုပ်ထွက်ရှိမှာကို စောင့်မျှော်နေကြသူတွေ၊ အညွှန်းကိန်းအသုံးပြုနေကြသူ (user) တွေက သိရှိပြီးဖြစ်ပေမယ့် မသိသေးတဲ့သူတွေအတွက် သိရှိစေဖို့ မျှဝေပေးခြင်းဖြစ်ပါတယ်။
Jun 15, 2024
မြန်မာနိုင်ငံကနေ နေရပ်စွန့်ခွာသွားတဲ့ ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး ပြောနေဆိုနေကြတာတွေဟာ ပြည်သူတွေကြားမှာ အထူးအဆန်းမဟုတ်တော့ပါဘူး။ ရခိုင်ပြည်နယ်က နေရပ်စွန့််ခွာ သွားကြတယ်ဆိုတဲ့ ဘင်္ဂါလီ (၎င်းတို့အဆို ရိုဟင်ဂျာ) ကိစ္စနဲ့ပတ်သက်လို့ ပြည်ပနိုင်ငံတွေ၊ ကုလသမဂ္ဂလို အဖွဲ့အစည်းတွေ၊ ပြည်ပအခြေစိုက် မီဒီယာတွေက အစဉ်တစိုက် ပြောဆိုကြတာတွေကို မရိုးနိုင်အောင် ကြားခဲ့ကြရမှာဖြစ်ပါတယ်။
Jun 15, 2024
ယခုတလော ဘင်္ဂါလီလူမျိုးတွေကို သတ်ဖြတ်မှု၊ ဘင်္ဂါလီကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှုများကြောင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများရဲ့ စောင့်ကြည့်အရေးယူခံနေရတဲ့ AA အဖွဲ့ဟာ မူးယစ်ဆေးဝါးကုန်သွယ်မှုအကြီးအကျယ် ပြုလုပ်နေတဲ့ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ဖြစ်ပါတယ်။
Jun 14, 2024
ဒီရက်ပိုင်းအတွင်း ရုပ်ရှင်နဲ့ပတ်သက်ပြီး ပြောစရာတွေရှိနေပေမယ့်မပြောဘဲ ရေငုံနှုတ်ပိတ်နေခဲ့ပါတယ်။ အဲဒီလို ရေငုံနှုတ်ပိတ်နေပြန်တော့လည်း အစွန်းရောက်အနုပညာသမားလိုလို၊ လူ့အခွင့်အရေးသမားလိုလိုတွေက ပါးစပ်ထဲတွေ့ရာစံနှုန်းတွေကို ဒီမိုကရေစီစံနှုန်းတွေနဲ့ တွဲစပ်ပြီး စိတ်ကူးတည့်ရာ ပြောကြားတာတွေညံလာလို့ မပြောမဖြစ် ပြောရပါတော့မယ်။
Jun 13, 2024
အာရှ-ပစိဖိတ် အပြည်ပြည်ဆိုင်ရာသမဝါယမ မဟာမိတ်အသင်း (International Cooperatives Alliance Asia and Pacific (ICA-AP)) ၏အဆိုအရ သမဝါယမအသင်းများသည် အများသဘောတူ စီးပွားရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ လိုအပ်ချက်၊ ရည်မှန်းချက်များ ပြည့်မြောက်စေရန် အသင်းဝင်များကိုယ်တိုင် စီမံဆောင်ရွက်ရသည့် ပြည်သူဗဟိုပြုစီးပွားရေးလုပ်ငန်းများဖြစ်သည်ဟု ဆိုပါသည်။
Jun 13, 2024
“သွေးလှူခြင်း”သည် အသက်ကယ်ခြင်းတစ်မျိုးဖြစ်သောကြောင့် သွေးအလှူရှင်များကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် ဇွန် ၁၄ ရက်ကို “World Blood Donor Day ကမ္ဘာ့သွေးလှူရှင်များနေ့” ဟု သတ်မှတ်ခဲ့ကြပါသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန် ၁၄ ရက် ကမ္ဘာ့သွေးလှူရှင်များနေ့ လှုပ်ရှားမှုအတွက် ဆောင်ပုဒ်မှာ “အချိန်မှန်သွေးနှင့် သွေးရည်ကြည်ပေး၍ လူ့အသက်ကိုမျှဝေပါ” “Give blood, give plasma, share life, share often” ဖြစ်ပါသည်။
