Jan 26, 2024

ဟေမန္တဆောင်းရာသီ၏ အလယ်ဗဟိုတွင်ကျသော ပြာသိုလသည် အလွန်ချမ်းအေးသည့်လဖြစ်၏။ ထို့ကြောင့် ပြာသိုလကို ငွေနှင်းစိုစို လပြာသိုဟု တင်စားကြလေ့ရှိသည်။ “တိမ်ခြေငယ် ရှင်းပါလို့၊ မြူနှင်းငယ်စိုစို၊ လပြာသိုလ်၊ နွယ်ခွာညို ကြိုင်ကြိုင်နှင့်၊ လှိုင်လှိုင်သင်းတဲ့ လကိုလေး”ဟု မဟာအတုလမင်းကြီးက ပြာသိုလကို စပ်ဆိုခဲ့သည်။ တိမ်ခြေကင်း၍ သာယာသောလ ဖြစ်သည်။ ပြာသိုလတွင် ရာသီပန်းဖြစ်သည့် ခွာညိုပန်းများပွင့်ကြသည်။ ပြာသိုလသည် သာယာအေးချမ်းမှုနှင့် ပြည်စုံသည်သာမက ပြာသိုလပြည့်နေ့သည် မိခင်များကို ဂုဏ်ပြုသည့် အမေများနေ့ ဖြစ်ပါသည်။
Jan 26, 2024

ကျွန်တော်တို့အဖွဲ့သည် စကားပြန်မိန်းကလေးနှင့်အတူ China - ASEAN Emergency Equipment and Tech-nology Exhibition မှ ပြခန်းများတွင် ပြသထားသည့် ပစ္စည်းကိရိယာများကို ကြည့်ရှုလေ့လာကြပြီးနောက် Nanning International Convention Exhibition Center အနီးရှိ Howard Johnson ဟိုတယ်၌ နေ့လယ်စာ စားသုံးရန် လမ်းလျှောက်၍ သွားရောက်ခဲ့ကြသည်။ ဖိုရမ်တက်ရောက်သူများအတွက် နေ့လယ်စာကို ဘူဖေးစနစ်ဖြင့် ဧည့်ခံကျွေးမွေးသည်။ နေ့လယ်စာ စားသောက်ပြီးနောက် ကျွန်တော်တို့အဖွဲ့သည် Sub-Forum များ တက်ရောက်ရန် ဆွေးနွေးပွဲ ကျင်းပမည့် ခန်းမများသို့ သွားရောက်ကြသည်။
Jan 25, 2024

ယနေ့ကာလတွင် မျိုးချစ်မြန်မာပြည်သူတစ်ရပ်လုံး မချိတင်ကဲ ဝမ်းနည်းမဆုံး ဖြစ်နေကြရသည်။
မိသားစုအချင်းချင်းအငြင်းပွား၊ ညီအစ်ကို အချင်းချင်းရန်လို၊ ဘာကြောင့် စစ်ခင်းတဲ့အခြေ အနေအထိ ရောက်ရသလဲ။ မခေါ်ဖြစ်၊ မပြောဖြစ်ကြတဲ့ အခြေအနေမှာ ရန် / ငါသာ ပြတ်ရတော့မယ်၊ ဖားနဲ့ငါး ခွဲရတော့မယ်။ တွေ့ဆုံဆွေးနွေးရေး ခဏဘေးချိတ်။ မလိုက်ချင်သူကို ထားခဲ့ရမယ်၊ တားဆီးသူကို ကျော်ဖြတ်ရမယ်၊ ပိတ်နေသူကို ဖောက်ထွက်၊ ဖျက်နေသူကို ချေမှုန်းရမယ့် အခြေအနေ။
Jan 25, 2024

ဟေမန္တဆောင်းရာသီ၏ အလယ်ဗဟိုတွင်ကျသော ပြာသိုလသည် အလွန်ချမ်းအေးသည့်လဖြစ်၏။ ထို့ကြောင့် ပြာသိုလကို ငွေနှင်းစိုစို လပြာသိုဟု တင်စားကြလေ့ရှိသည်။
Jan 25, 2024

နေ့စဉ်ဘဝမှာရော လုပ်ငန်းခွင်မှာပါ ကျွန်တော်တို့ဟာ ဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့ ခက်ခဲခဲ့ရတဲ့ အခြေအနေမျိုးတွေနဲ့ မကြာခဏ ကြုံတွေ့ခဲ့ရဖူးမှာပါ။ အဲဒီအထဲမှာ ကြီးမားတဲ့ဆုံးဖြတ်ချက်မျိုးဖြစ်တဲ့ မိမိရဲ့ဘဝ အပြောင်းအလဲဖြစ်သွားဖို့ အချိုးအကွေ့ဖြစ်စေနိုင်တဲ့ အရေးကိစ္စမျိုးတွေအတွက်သာမက သာမန်အကြောင်းအရာလေးတွေလို့တောင် ပြောလို့ရတဲ့ ကုန်ပစ္စည်းနှစ်မျိုးထဲက ဘာကိုရွေးချယ်ဝယ်ယူရင် ကောင်းမလဲဆိုတာမျိုး၊ ဒီပွဲမှာ ဘာလေးဝတ်သွားရင် ကောင်းမလဲဆိုတာမျိုး၊ နောက်ဆုံး စားသောက်ဆိုင်မှာ စားပွဲထိုးက ဝန်ဆောင်မှုပေးနေချိန် ဘယ်စားစရာ Menu ကို မှာရမလဲဆိုတဲ့အပေါ် ဝေခွဲရခက်နေတာမျိုး စတာတွေကို ပြန်ပြီးသတိမူမိမယ်လို့ ထင်ပါတယ်။
Jan 24, 2024

နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး ဖွံ့ဖြိုးတိုးတက်ရန်မှာ စာပေသည် အသည်းနှလုံးဖြစ်သည်။ စာပေသည် လူတို့အား အသိဉာဏ်ပွင့်လင်းစေသည့် ဦးနှောက်အာဟာရကို ဖြစ်စေသည်။ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများလုပ်ဆောင်ခြင်းကြောင့် ခန္ဓာကိုယ်ကြွက်သားများ ဖွံ့ဖြိုးတိုးတက်လာသကဲ့သို့ စာအုပ်ဖတ်ခြင်းကြောင့် ဦးနှောက်စွမ်းဆောင်ရည်များ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ထို့အပြင် စာဖတ်သူတို့ကို ရသများပေးစွမ်းနိုင်သဖြင့် နှလုံးသားအာဟာရလည်း ဖြစ်စေသည်။
Jan 24, 2024
အစားအစာကုန်သွယ်မှုကဏ္ဍဟူသည် အစာကွင်းဆက်တစ်လျှောက် ကျရောက်နိုင်သော ဘေးအန္တရာယ်ဖြစ်မှုကာကွယ်ရန် နည်းပညာအစီအမံများ အသုံးပြုရန် လိုအပ်သောကဏ္ဍတစ်ရပ် ဖြစ်ပါသည်။
Jan 24, 2024

နိုင်ငံအသီးသီး၏ နိုင်ငံရေးပါတီများသည် မိမိနိုင်ငံ၏ သမိုင်းကြောင်းနောက်ခံနှင့် ပထဝီနိုင်ငံရေးတို့အပေါ်အခြေခံ၍ ခိုင်မာသောမူဝါဒများဖြင့် အင်အားတောင့်တင်းအောင် တည်ဆောက်ပြီး ပြည်သူလူထုအကျိုးစီးပွားအတွက် ဖော်ဆောင်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ကုလသမဂ္ဂအဖွဲ့ဝင်မဟုတ်သော နိုင်ငံပေါင်း ၂၆၅ နိုင်ငံရှိပြီး ပါတီစုံစနစ်ကျင့်သုံးသော နိုင်ငံများမှာ ၁၂၃ နိုင်ငံ၊ အင်အားကြီးပါတီတချို့ကသာ လွှမ်းမိုးထားသော ပါတီစုံစနစ်ကျင့်သုံးသည့်နိုင်ငံများ ၅၁ နိုင်ငံ၊ အင်အားကြီးပါတီနှစ်ခုမှ ဦးဆောင်သော ပါတီနိုင်ငံရေးစနစ်ကျင့်သုံးသည့် နိုင်ငံ ၃၉ နိုင်ငံ၊ ပါတီတစ်ခုတည်းမှ ဦးဆောင်သော နိုင်ငံရေးပါတီစနစ်ကျင့်သုံးသည့်နိုင်ငံ ကိုးနိုင်ငံ၊ ပါတီများဖွဲ့စည်းထူထောင်ထားခြင်းမရှိသောနိုင်ငံ ၂၀ နိုင်ငံနှင့် စစ်ဘက်မှအုပ်စိုးသောနိုင်ငံများ ခြောက်နိုင်ငံ၊ အကြွင်းမဲ့ဘုရင်စနစ် ကျင့်သုံးသောနိုင်ငံ နှစ်နိုင်ငံတို့ဖြစ်ကြသည်။ မည်သည့်စနစ်ကို ကျင့်သုံးကြသည်ဖြစ်စေ မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို နိုင်ငံရေးပါတီများ၊ အုပ်ချုပ်သူများက ကာကွယ်စောင့်ရှောက်ကြရသည်သာဖြစ်သည်။
Jan 23, 2024

လူနှင့်တိရစ္ဆာန်တို့၏ ကိုယ်ခန္ဓာပြင်ပနှင့်အတွင်း၌ ဗက်တီးရီးယား(Bacteria)၊ ဗိုင်းရပ်စ် (Virus)နှင့် မှို(Fungi)များဖြင့် ပြည့်နှက်နေပါသည်။ ယင်းတို့ကို စုပေါင်း၍ မိုက်ခရိုဘိုင်အုမ်း (Microbiome)ဟု ခေါ်ပါသည်။ အချို့ဗက်တီးရီးယားပိုးများသည် ရောဂါနှင့်ဆက်နွှယ်နေသော်လည်း အများစုသည် ကိုယ်ခံအားစနစ်၊ နှလုံး၊ ကိုယ်အလေးချိန်နှင့် အခြားကျန်းမာရေးကဏ္ဍများစွာအတွက် အလွန်အရေးပါသည့် အခန်းကဏ္ဍမှပါဝင်နေကြောင်း လေ့လာသိရှိရပါသည်။
Jan 23, 2024

အာဆီယံ-တရုတ် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို ဒေသတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်၍ ပိုမိုဘေးကင်းသည့် လူမှုဘဝများ ဖန်တီးပေးနိုင်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အခန်းကဏ္ဍတွင် အားကောင်းခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုများဖြစ်စေရန်နှင့် အသိအမြင်၊ အတွေ့အကြုံများ ဖလှယ်နိုင်မည့် လမ်းကြောင်းတစ်ရပ်ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်သုံးဦး တက်ရောက်ခဲ့ကြသည်။