Jun 10, 2024
မြန်မာနိုင်ငံ၌ စပါးအပါအဝင် ဆီထွက်သီးနှံများ၊ ပဲအမျိုးမျိုးနှင့် အခြားသီးနှံပေါင်းများစွာကို နိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး နိုင်ငံအတွင်းထုတ်လုပ်မှုမှ ဆန်နှင့်ပဲကို ပြည်တွင်းစားသုံးမှုအတွက် လုံလောက်ရုံသာမက ပိုလျှံသောထုတ်ကုန်များကို ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်သည်ကို တွေ့ရှိရပါသည်။ သို့သော် စားသုံးဆီကို လုံလောက်အောင် ထုတ်လုပ်နိုင်ခြင်းမရှိသေးဘဲ ပြည်ပမှတင်သွင်းနေရသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ဒေသတွင်းစားသုံးဆီဖူလုံရေးကို အလေးထား၍ ဆောင်ရွက်ရန်လိုအပ်ပြီး ယခုအခါ နိုင်ငံတော်အစိုးရက စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် အလေးအနက်ထားဆောင်ရွက်နေသည်ကိုလည်း တွေ့မြင်နိုင်ပါသည်။
Jun 09, 2024
မိုးကလေးအရွာ မိုးဝင်ချိန်တွင် အအေးမိဖျားနာတုပ်ကွေးရောဂါသည် အဖြစ်များသော ရောဂါတစ်ခုဖြစ်ပါသည်။ နှစ်စဉ် ကမ္ဘာပေါ်တွင် တုပ်ကွေးရောဂါကြောင့် သေဆုံးမှုများလည်းရှိမြဲရှိဆဲဖြစ်သည်။ ရာသီတုပ်ကွေးကြောင့် အအေးမိနှာစေးချောင်းဆိုးဖြစ်မှ ဆေးရုံ၊ ဆေးခန်းသို့သွားခြင်းထက် တုပ်ကွေးရောဂါမဖြစ်မီ ကြိုတင်ကာကွယ် ဂရုစိုက်နေထိုင်သင့်ပါသည်။
Jun 09, 2024
လူသားတို့ အသက်ရှင်နေထိုင်ရပ်တည်မှုတွင် စားရေး၊ ဝတ်ရေး၊ နေရေးဟူသည့် အရေးသုံးပါးရှိသည့်အနက် ဝတ်ရေးအတွက် “ဝါ” သည် အစဉ်အမြဲလိုအပ်သော ကုန်ပစ္စည်းဖြစ်သည့် အားလျော်စွာ ဝါသီးနှံကိုစိုက်ပျိုး၍ ချည်ထည်ကုန်ချောများ ထုတ်လုပ်သည့်လုပ်ငန်းကို နိုင်ငံတိုင်းက ဦးစားပေးလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြသည်။ ကမ္ဘာ့လူဦးရေ၏ လေးပုံသုံးပုံခန့်သည် ဝါဂွမ်းမှထုတ်လုပ်သော ဝါချည်မျှင်ဖြင့် ရက်လုပ်သည့် ချည်ထည်အဝတ်အစားတို့ကို ဝတ်ဆင်ကြကြောင်း ကမ္ဘာ့မှတ်တမ်းများအရ လေ့လာတွေ့ရှိရပါသည်။ ချည်ထည်များသည် ကျန်းမာရေးနှင့်ညီညွတ်ခြင်း၊ ငွေကြေးအနည်းငယ်မျှနှင့် ဝယ်ယူနိုင်၍ လူအများစု လက်လှမ်းမီသော အထည်အလိပ်မျိုးဖြစ်ခြင်းတို့ကြောင့် ယခုတိုင် လူသုံးများလျက်ရှိပေသည်။
Jun 08, 2024
“အားကစားသမား”ဟုဆိုရာတွင် လေ့ကျင့်မှုပြည့်ဝသည့် အားကစားသမားတစ်ဦးသည် မိမိကစားမည့် အားကစားနည်းကို ယှဉ်ပြိုင်နိုင်သည်အထိ လေ့ကျင့်ထားရန် လိုအပ်ပါသည်။ အချိန်ပြည့် ယှဉ်ပြိုင်ကစားနိုင်ရန်လည်း အရေးကြီးပေသည်။ မိမိပါဝင်ယှဉ်ပြိုင်ကစားမည့် အားကစားနည်း၏ စည်းမျဉ်း၊ စည်းကမ်းဥပဒေများကိုလည်း သိရှိအောင် လေ့လာထားရန် လိုအပ်သည်။ လေ့ကျင့်မှု မပြည့်ဝသော အားကစားသမားတစ်ဦးသည် မောပန်းလာသည့်အခါ မိမိ၏ နဂိုရှိသည့် အားကစားဆောင်ရွက်မှုများ လျော့နည်းလာပြီး မလိုလားအပ်သော ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်ပါသည်။
Jun 07, 2024
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Jun 07, 2024
မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဘက်ပေါင်းစုံမှ တွန်းအားပေးဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့်ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
Jun 07, 2024
လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့သည် အစိမ်းရောင်ရှိသော အပင်များအတွက် အစားအစာချက်လုပ်ရန် မရှိမဖြစ်လိုအပ်သော ဓာတ်ငွေ့ဖြစ်ပါသည်။ လေထုထဲတွင်ရှိသော ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏသည် တစ်နှစ်လျှင် ၂ ဒသမ ၅ သန်းခိုင်နှုန်း (parts per million -ppm) နီးပါး တိုးလျက်ရှိပြီး ၂၀၂၄ ခုနှစ် မေလတွင် ၄၂၂ ppm ခန့် ရောက်ရှိနေသည်ဟု အမေရိကန်နိုင်ငံ ဝါရှင်တန်အခြေစိုက် အမျိုးသားပင်လယ် သမုဒ္ဒရာနှင့် လေထုစီမံခန့်ခွဲရေးဌာန (National Oceanic Atmospheric Administration–NOAA) ၏ စူးစမ်း လေ့လာချက်အရ သိရှိရပါသည်။
Jun 06, 2024
မြန်မာနိုင်ငံတော်ကြီးကို ဖျက်ဆီးလို့ အားမရ၊ မပျက်ပျက်အောင် ဖျက်ကြဆဲ၊ မူလက ကောင်းနေတဲ့ပစ္စည်းတစ်ခု အထိမခံ၊ ကျိုးလွယ်၊ ပဲ့လွယ်၊ ရှလွယ်၊ ကွဲလွယ်တဲ့ fragile အနေအထားကနေ ဘာလုပ်လုပ် မအောင်မြင်အောင် ပျက်စီးသည်ထက် ပျက်စီးအောင်လုပ်နေတဲ့ fail state အနေအထား။ ဒီအနေအထားကနေ တိုင်းပြည်ကို အစိတ်စိတ်အမြွာမြွာကွဲထွက်ပြီး အလုံးစုံပျက်သုဉ်းပြိုလဲပြိုကျအောင် (collapse) ဖြစ်အောင် လုပ်လာနေကြပြီ။ အခြေအနေအားလုံးက မြင်သာပါတယ်။
Jun 06, 2024
ခွာနာလျှာနာရောဂါသည် အရှေ့တောင်အာရှနိုင်ငံများ၌ ခွာကွဲတိရစ္ဆာန်များတွင် လျင်မြန်စွာ ကူးစက်စေတတ်သည့် အဓိကကျသော ရောဂါတစ်ခုဖြစ်သည်။ တိရစ္ဆာန်နှင့် တိရစ္ဆာန်ပစ္စည်းများ ကုန်သွယ်မှု၌ ရောဂါကင်းစင်မှုသည် အရေးပါသည့်ရောဂါဖြစ်၍ ရောဂါကင်းရှင်းနိုင်ငံဖြစ်စေရန် ဆောင်ရွက်လျက်ရှိကြသော်လည်း တိရစ္ဆာန်နှင့် တိရစ္ဆာန်ပစ္စည်းများ၏ ရွှေ့ပြောင်းသွားလာမှုများကြောင့် လျင်မြန်စွာ ပြန်လည်ဖြစ်ပွားနိုင်သော ရောဂါဖြစ်သည်။ ခွာနာလျှာနာရောဂါဖြစ်ပွားစေ သော ဗိုင်းရပ်စ်ပိုးမျိုးကွဲ (၇) မျိုးရှိပြီး Type O, A, C, SAT 1, SAT 2, SAT 3 နှင့် Asia 1 တို့ ဖြစ်ကြသည်။ မျိုးကွဲတစ်ခုနှင့် တစ်ခုအကြားတွင် ရောဂါခုခံနိုင်မှု သီးခြားစီရှိကြသည်။ ၎င်းခုနစ်မျိုးတွင် Type “O” အမျိုးအစားသည် ဖြစ်ပွားမှုအများဆုံးဖြစ်သည်။
Jun 06, 2024
သန်စွမ်းစိမ်းစိုနေသည့် နွေနှမ်းစိုက်ခင်းများသည် တစ်မျှော်တစ်ခေါ် ရှုမဆုံးတော့သည်။ စိုက်ပျိုးရန် မြေပြင်ခြင်း၊ မျိုးစေ့ချခြင်းတို့အပြင် စိုက်ပျိုးနည်းစနစ်အဆင့်ဆင့်တို့ကို စနစ်တကျလုပ်ဆောင်ခဲ့ပြီး ၄၅ ရက်သားခန့်ရရှိနေချိန်တွင် ယခုကဲ့သို့ တွေ့မြင်ရခြင်းဖြစ်သည်။
