Jul 05, 2024
၁၈၄၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံရော့ခ်ဒေးမြို့ Toad Lane လမ်းတွင် ရက်ကန်းသမား ၂၈ ဦးက ရော့ခ်ဒေးသမဝါယမ ကုန်စုံဆိုင်ဖွင့်လှစ်အောင်မြင်ခဲ့ခြင်းမှ အစပြု၍ သန္ဓေတည်ခဲ့သည့် ကမ္ဘာ့သမဝါယမလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ၁၈၀ တိုင်ခဲ့ပြီးဖြစ်ပါသည်။
Jul 05, 2024
“ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ စာအုပ်နဲ့ညီတော် အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း စာအုပ်ပြန်ဖတ်ချင်လို့ ခဏငှားပါဦး၊ ဦးလေး”
Jul 04, 2024
စီးပွားရေးမသေချာမရေရာမှုများ၊ လူမှုရေးမညီမျှမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုများဖြင့် ထင်ရှားသောခေတ်တွင် သမဝါယမစီးပွားရေးပုံစံသည် မျှော်လင့်ချက် မီးရှူးတန်ဆောင်တစ်ခုအဖြစ် ထင်ရှားသည်။
Jul 04, 2024
ဟီးရိုးအင်းသည် မော်ဖင်းမှထုတ်ယူရရှိသော ဆေးဖက်ဝင်ပစ္စည်းတစ်မျိုးဖြစ်သည်။ ဓာတုဗေဒ ဝေါဟာရအားဖြင့် Diamorphine ဟုခေါ်၍ ဓာတုသင်္ကေတမှာ C21H23NO5 ဖြစ်သည်။ မော်ဖင်းကို ဘိန်းမှထုတ်ယူရရှိခြင်းဖြစ်သောကြောင့် ဟီးရိုးအင်းသည်လည်း မူးယစ်စေတတ်သော ဘိန်းတစ်မျိုးပင်ဖြစ်သည်။ အဖြူအရောင်ဖြစ်သောကြောင့် ဟီးရိုးအင်းကို ဘိန်းဖြူဟူ၍လည်းကောင်း၊ ဆေးဖြူမှုန့်ဟူ၍လည်းကောင်း၊ နံပါတ်ဖိုးဟူ၍လည်းကောင်း အမည်များဖြင့် လူသိများထင်ရှားပါသည်။
Jul 04, 2024
မုတ်သုံရာသီကာလရောက်ခဲ့လေပြီ။ ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဆိုသည့် ရှေးစကားကို မစောင့်တော့ဘဲ မုတ်သုံမိုးကောင်းမှုကြောင့် နယုန်မိုးသေး၊ မြက်သားမမွေးနိုင်တော့ဘဲ လယ်ထဲ၊ ကွင်းထဲတွင် မိုးရေတွေဖွေးနေလေပြီ။ ထို့ကြောင့် မိုးကောင်းရေသောက်ဒေသများတွင် တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်ဝင်နေကြသည့် မြင်ကွင်းကား နေရာအနှံ့တွေ့နေရပြီ။
Jul 04, 2024
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Jul 03, 2024
ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် ကမ္ဘာ့အမျိုးသမီးညီလာခံများကိုဦးဆောင်ပြီး အမျိုးသမီးများ တန်းတူညီမျှမှု၊ ကျား၊ မ ခွဲခြားမှုပပျောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အမျိုးသမီးများ အပြည့်အဝပါဝင်ရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရာတွင် အမျိုးသမီးထုကြီး ပိုမိုပါဝင်နိုင်ရေးတို့ကို ဆွေးနွေးညှိနှိုင်းရန် ကျင်းပခဲ့ပါသည်။
Jul 03, 2024
သမဝါယမဆိုတဲ့စကားလုံးဟာ ပါဠိစကားမှ ဆင်းသက်လာခြင်းဖြစ်ပါတယ်၊ သမ = အတူတကွ၊ ဝါယမ = အားထုတ်လုပ်ဆောင်ခြင်းဆိုတဲ့ အနက်အဓိပ္ပာယ်ဖော်ဆောင်ပါတယ်။
Jul 03, 2024
ကမ္ဘာ့လူဦးရေ၏ တစ်ဝက်ခန့်သည် အမျိုးသမီးများဖြစ်ကြပေရာ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးနှင့် လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များတွင် အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်မှုအင်အားသည် အလွန်အရေးကြီးလှသည်။ အလားတူ ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိုအခြေခံ၍ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေ ၅၆ ဒသမ ၂ သန်းတွင် အမျိုးသား ၂၆ သန်းကျော်နှင့် အမျိုးသမီး ၂၉ သန်းကျော်ရှိရာ ၅၂ ရာခိုင်နှုန်းခန့်မှာ အမျိုးသမီးများဖြစ်ကြသည့်အတွက် အမျိုးသမီးများ၏စွမ်းပကားကိုအခြေပြုပြီး နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးနှင့် လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သည့်နေရာများတွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိစေရန် ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။
Jul 02, 2024
အစိမ်းရောင်အပင်မှ ကိုင်းများစွာ ဖြာထွက်လာပြီး ကိုင်းများအားလုံးမှ အဝါရောင်နေကြာပန်းကဲ့သို့၊ စိန်ခြယ်ပန်းကဲ့သို့ ပန်းပွင့်လေးများ ပွင့်ဖူးလာသည်။ အပင်တစ်ပင်တွင် ပန်းပွင့် ၄၀ ဝန်းကျင်ပွင့်ဖူးတတ်ပြီး ပွင့်ဖတ်များသည် သက်တမ်းရင့်လာသည့်အခါ အဝါရောင်မှ ရွှေရောင်တောက်ပလာတော့သည်။
