Dec 31, 2023

ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ်အား (က) ဘူမိအမွေအနှစ်များ၊ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ၊ ဇီဝမျိုးစုံမျိုးကွဲ၊ ဂေဟစနစ်၊ ဘူမိသွင်ပြင် အနေအထားနှင့် ပတ်ဝန်းကျင်ကိုထိန်းသိမ်းစောင့်ရှောက်ရန်၊ (ခ) မျိုးဆက်သစ်လူငယ်များ ပတ်ဝန်းကျင်ညစ်ညမ်း မှုလျှော့ချရေး၊ ပတ်ဝန်းကျင်လေ့လာရေးနှင့် သုတေသနပြုရေးတို့ကို စိတ်ဝင်စားလာစေရေး ပညာပေးရန်၊ (ဂ) ဒေသခံလူမှုအဖွဲ့အစည်းများကြား သာတူညီမျှ ညှိနှိုင်းဆောင်ရွက်သည့် အလေ့အကျင့်များရရှိရေး အားပေး မြှင့်တင်ရန်၊ (ဃ) စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုရန်နှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။
Dec 31, 2023

မြန်မာနိုင်ငံ၏ ကျေးလက်နေလူဦးရေသည် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းနှင့် နှစ်အလိုက်ခန့်မှန်းခဲ့သော စာရင်းများအရ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ရှိပါသည်။ နိုင်ငံ၏ လူမှုစီးပွားမြှင့်တင်လိုပါက ကျေးလက်နေလူဦးရေ လူအများစု၏ စီးပွားဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။
Dec 31, 2023

၂၀၂၃-၂၀၂၄ နှစ်ဦးကာလနှင့်အတူ (၇၆) နှစ်ထဲ စွန်းခဲ့ပြီဖြစ်တဲ့ လွတ်လပ်ရေး အခါသမယမှာ ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်းအနေနဲ့ရော၊ အဖွဲ့ အစည်းအလိုက် နိုင်ငံတစ်နိုင်ငံအနေနဲ့ ရောစိတ်ရောကိုယ်ပါ လွတ်လပ်ကြပါရဲ့လား။ နှစ်ဟောင်းနဲ့ နှစ်ဦးအကူးအပြောင်းမှာ အလှုပ်အယမ်းက အရမ်းကြမ်းလွန်း နေဆဲ၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ဘက်စုံမှာ အထွေထွေအားနည်းဆဲ အခြေအနေအရပ်ရပ်ကို မှန်အောင် ကြည့်တတ်ရပါမယ်။
Dec 30, 2023

မောင်ရွှေရိုး
(ယမန်နေ့မှအဆက်)
ကမ္ဘောဒီးယားနိုင်ငံတွင် အောက်လွှတ်တော်ဖြစ်သော အမျိုးသားလွှတ်တော် (National Assembly)နှင့် အထက်လွှတ်တော်(Senate)ဟူ၍ လွှတ်တော်နှစ်ရပ်ရှိပါသည်။ အောက်လွှတ်တော်တွင် ဥပဒေများပြင်ဆင်ချမှတ်ခြင်း၊ နိုင်ငံတော်ဘတ်ဂျက်နှင့် အခွန်အခများ၊ အုပ်ချုပ် ရေးဆိုင်ရာများ၊ အပြည်ပြည်ဆိုင်ရာစာချုပ်များ၊ ညီလာခံများကို အတည်ပြုခြင်းနှင့် ဖျက်သိမ်းခြင်းတို့ကို ဆောင်ရွက်သည်။ ၁၉၉၃ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၇)၊ ပုဒ်မ ၇၆ အရ အမျိုးသားလွှတ်တော်(National Assembly)၏ ကိုယ်စားလှယ် အရည်အချင်းသတ်မှတ်ချက်မှာ ကမ္ဘောဒီးယားနိုင်ငံတွင် မွေးဖွားသော ခမာလူမျိုးများဖြစ်၍ အနည်းဆုံး အသက် (၂၅) နှစ် ပြည့်ပြီးသူဖြစ်ရ မည်။ Communes နှင့် Sangkats အုပ်ချုပ်ရေးနယ်မြေများအတွက် ကျား၊ မ မရွေး ကမ္ဘောဒီးယားနိုင်ငံသားဖြစ်၍ သက်ဆိုင်ရာမဲဆန္ဒနယ် တွင် အမည်စာရင်းပါဝင်ရမည်။ မဲပေးချိန်မတိုင်မီ အသက်(၂၅)နှစ် ပြည့်ပြီးသူများ ဖြစ်ရမည်။
Dec 30, 2023

ဇင်ငြိမ်း
မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တာ ၇၆ နှစ်ရှိပါပြီ။ လက်ရှိမျိုးဆက်သစ်တွေက နယ်ချဲ့လက်အောက်မနေခဲ့ဖူးသလို လွတ်လပ်ရေးရတဲ့အချိန်ကိုလည်း မမီခဲ့ပါဘူး။ လွတ်လပ်ရေးရတာကိုမီခဲ့သူတွေဟာ အခုဆို အနည်းဆုံး အသက် (၇၆)နှစ်ကျော်ရှိနေပါပြီ။ ၁၉၄၇ ခုနှစ်မှာ မွေးတဲ့သူတွေတောင် နယ်ချဲ့အုပ်ချုပ်မှုအောက်မှာ မနေခဲ့ဖူးပါဘူး။ လက်ရှိမျိုးဆက်တွေက ၁၉၄၇ ခုနှစ် နောက်ပိုင်းမှ မွေးလာခဲ့သူတွေဖြစ်တဲ့အတွက် လွတ်လပ်ရေးမျိုးဆက်သစ်တွေလို့ ဆိုရမှာပါ။ သူ့ကျွန်ဘဝမှာလည်း မနေဖူးခဲ့တဲ့သူတွေပါ။ လွတ်လပ်ရေးကို ရေကန်အသင့် ကြာအသင့် ရခဲ့တဲ့သူတွေလည်း ဖြစ်ပါတယ်။
Dec 30, 2023

ဇော်ထက်လင်း (ဘဓရ)
ဘူမိဥယျာဉ် (Geopark) ဆိုသည်မှာ
ဘူမိဥယျာဉ်ဆိုသည်မှာ တစ်မူထူးခြား၍ တစ်ပေါင်းတစ်စည်းတည်းရှိပြီး အရေးပါသည့် သဘာဝပတ်ဝန်း ကျင်၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ရိုးရာယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ်တို့ ပါဝင်ကာ ဘူမိအမွေအနှစ်များကို ပညာပေးရန်၊ ကာကွယ်ထိန်းသိမ်းရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်စသည့် ရည်ရွယ်ချက်တို့ဖြင့် လွှမ်းခြုံစဉ်းစားလျက် စီမံခန့်ခွဲထားသည့် နေရာတစ်ခုပင် ဖြစ်ပါသည်။
Dec 30, 2023

ရှေးယခင်တုန်းက မြို့တစ်မြို့တည်မည်ဆိုလျှင် မြစ်နီး၊ ချောင်းနီးသည့်နေရာကို ရှာဖွေကြလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် မြစ်နီး၊ ချောင်းနီးပါက သွားရေး၊ လာရေးနှင့် ကူးသန်းရောင်းဝယ်ရေး အဆင်ပြေစေသောကြောင့်ဖြစ်သည်။ ကမ္ဘာပေါ်ရှိနိုင်ငံများတွင် သဘာဝအရင်း အမြစ်အနေဖြင့် ကမ်းရိုးတန်းတည်ရှိပြီး စနစ်တကျအသုံးပြုတတ်သော နိုင်ငံမှန်လျှင် ချမ်းသာကြွယ်ဝစမြဲဖြစ်သည်။ မြန်မာနိုင်ငံဆိုတာ သဘာဝအရင်းအမြစ် များနှင့်ပြည့်စုံနေသော နိုင်ငံတစ်နိုင်ငံဖြစ်သည်ဟု ပြောနိုင်သည်။ မြန်မာနိုင်ငံမြေပုံကိုကြည့်လျှင် နယ်နိမိတ်စုစုပေါင်းအနက် အရှည် ၂၂၂၈ ကီလိုမီတာမှာ ပင်လယ်နှင့်ထိစပ်နေသည့် ကမ်းရိုးတန်းများသာဖြစ်သည်။
Dec 29, 2023

ပလတ်စတစ်ဘောလုံးလေးတစ်လုံး ကျွန်တော်ရှိရာသို့ ဝဲပျံလာသည်။ စက်ဘီးကို အသာထိန်းရင်း ခြေတစ်ဖက်ကို ပင့်မြှောက်၍ ဘောလုံးလာရာလမ်းအတိုင်း အသာအယာ ပြန်ကန်ပို့ပေးလိုက်သည်။ “ဟာ”၊ မူလတန်းအရွယ်သားသားလေးနှစ်ဦး၏ အာမေဋိတ်အံ့ဩသံနှင့်အတူ ချီးမွမ်းသံလေးများ ညံစီသွားသည်။ ပြီးတော့ သူတို့ ကျွန်တော့်ကို ငေးမောရင်း ကျန်ရစ်ခဲ့သည်။
Dec 29, 2023

မြန်မာနိုင်ငံ၌ ၂၀၂၀ ရွေးကောက်ပွဲမဲမသမာမှု ဖြစ်ပွားပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏အာဏာကို ထိန်းသိမ်းပြီးချိန်နောက်ပိုင်း မြန်မာနိုင်ငံအတွင်းရှိ ဒီမိုကရေစီအမည်ခံအဖွဲ့အစည်းများ၏ အကြမ်းဖက်မှုမှာ ရုပ်လုံးပေါ်လာခဲ့သည်။
Dec 29, 2023

မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တာ ၇၆ နှစ်ရှိပါပြီ။ လက်ရှိမျိုးဆက်သစ်တွေက နယ်ချဲ့လက်အောက်မနေခဲ့ဖူးသလို လွတ်လပ်ရေးရတဲ့အချိန်ကိုလည်း မမီခဲ့ပါဘူး။ လွတ်လပ်ရေးရတာကို မီခဲ့သူတွေဟာ အခုဆို အနည်းဆုံး အသက် ၇၆ နှစ်ကျော် ရှိနေပါပြီ။ ၁၉၄၇ ခုနှစ်မှာ မွေးတဲ့သူတွေတောင် နယ်ချဲ့အုပ်ချုပ်မှုအောက်မှာ မနေခဲ့ဖူးပါဘူး။ လက်ရှိမျိုးဆက်တွေက ၁၉၄၇ ခုနှစ်နောက်ပိုင်းမှ မွေးလာခဲ့သူတွေဖြစ်တဲ့အတွက် လွတ်လပ်ရေးမျိုးဆက်သစ်တွေလို့ ဆိုရမှာပါ။ သူ့ကျွန်ဘဝမှာလည်း မနေဖူးခဲ့တဲ့သူတွေပါ။ လွတ်လပ်ရေးကို ရေကန်အသင့် ကြာအသင့်ရခဲ့တဲ့သူတွေလည်း ဖြစ်ပါတယ်။