Nov 06, 2023

နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ နှစ်နိုင်ငံအစိုးရ ချင်း ပူးပေါင်းဆောင်ရွက်ခြင်း (Government to Government)၊ ကုလသမဂ္ဂအဖွဲ့အစည်းများ (UN Agencies) နှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGO) နှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြစ်သည်။
Nov 06, 2023

၁၉၅၉ ခုနှစ်၊ မေလ ၁၅ ရက်နေ့။ ရှမ်းရိုးမမှာ နှင်းရည်ခန်းလို့ မိုးပန်းတွေကျဆင်းတဲ့ ဝသန္တရာသီတွင်းကို ချင်းနင်းစအချိန် လင်းအရုဏ် မြူးကြွစ ကြည်နူးစရာ ဒီအချိန်မှာ မြူခိုးပန်းကို ဆင်မြန်းထားကြတဲ့ ရှမ်းရိုးမတောင်တန်းကြီးတွေကို မပီဝိုးတဝါး မြင်နေရတဲ့အချိန် စစ်မြေတစ်နေရာမှာ လွမ်းမောဖွယ်ရှုခင်းတွေကို ကြည်နူးနေစဉ်မှာ သဲသဲမဲမဲပေါက်ကွဲသွားကြတဲ့ ၈၁ မီလီမီတာ စိန်ပြောင်းသံတွေကြောင့် နံနက်စောစော အိပ်မောကျနေတဲ့ ဝမ်တုံခေါ် မိုင်ဖုံးဒေသကလေးကို လှုပ်နှိုးလိုက်သလို ရှိတော့တယ်။
Nov 05, 2023

လူဆိုသည်မှာ တစ်ဦးတည်း၊ တစ်ယောက်တည်းခွဲ၍ နေထိုင်ကျက်စားနိုင်သော သတ္တဝါအမျိုးအစား မဟုတ်ပါ။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနှင့်စုဖွဲ့၍ နေထိုင်ကျက်စားသော သတ္တဝါအမျိုးအစား ဖြစ်သည်။
Nov 05, 2023

စားသုံးဆီသည် လူသားတို့ နေ့စဉ် စားသောက်နေသော အစားအစာများထဲတွင် အင်အားဓာတ်ကို ပေးစွမ်းနိုင်သော ပင်မရင်းမြစ်တစ်ခုဖြစ်ပါသည်။ ဆီထွက်ပင်ရင်းအပေါ် မူတည်ပြီး အပင်ထွက်ဆီ (Vegetable Oil) နှင့် တိရစ္ဆာန်ထွက်အဆီ (Animal Fat) ဟူ၍ နှစ်မျိုးခွဲခြားထားရာ နေ့စဉ် ချက်ပြုတ်စားသောက်ကြရာ၌ အပင်ထွက်ဆီများကိုသာ အများဆုံး အသုံးပြုကြသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။
Nov 05, 2023

လေ့လာမှုစစ်တမ်းအရ ကျေးလက်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးသည် ကျေးလက်နေပြည်သူများ၏ လူမှုဘဝတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့အတွက် မရှိမဖြစ် အရေးပါလျက်ရှိသည်ကို တွေ့ရှိရပြီး အင်ဒိုနီးရှားနိုင်ငံအပါအဝင် အခြားနိုင်ငံများတွင်လည်း အခြေခံအဆောက်အအုံဖွံ့ဖြိုးမှုသည် ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုကို သိသိသာသာလျော့ကျသွားစေကြောင်း တွေ့ရှိရသည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးဆောင်ရွက်ရာတွင် နိုင်ငံတော်အဆင့်အနေဖြင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေးကို ကျေးလက်ဒေသများတွင် စဉ်ဆက်မပြတ် ဦးတည်ဆောင်ရွက်ခြင်း၊ ဗဟိုချုပ်ကိုင်မှုစနစ်ကိုဖြေလျှော့ပြီး ဒေသဆိုင်ရာအစိုးရများက ဦးဆောင်၍ ကျေးလက်ဒေသအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ခြင်းတို့ကို မူဝါဒပိုင်းအရချမှတ်သင့်ပါကြောင်း အကြံပြုတင်ပြထားရှိသည်ကို လေ့လာတွေ့ရှိရပါသည်။
Nov 04, 2023

အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးဆုံးကျွန်းစုနိုင်ငံဖြစ်ပြီး စတုရန်းမိုင်ပေါင်း ၇၃၅၃၅၈ မိုင်(စတုရန်းကီလိုမီတာ ၁၉၀၄၅၆၉)ရှိသောကြောင့် ကုန်းမြေဧရိယာအားဖြင့် ကမ္ဘာပေါ်တွင် ၁၄ ခုမြောက် အကြီးဆုံးနိုင်ငံဖြစ်သည်။ လူဦးရေ ၂၆၁ သန်းခန့်နေထိုင်ကြခြင်းကြောင့် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် လူဦးရေအများဆုံးနိုင်ငံလည်းဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများမှာ တရုတ်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ဖြစ်ကြသည်။
Nov 03, 2023

နှစ်ထောင်ချီကြာ အရှေ့အလယ်ပိုင်းသမိုင်းနဲ့အတူ ရှည်လျားလှတဲ့ အစ္စရေး - ပါလက်စတိုင်း ပဋိပက္ခ အဆိုးသံသရာအောက်မှာ ကွဲပြားနေတဲ့ အစွန်းရောက်အမြင်တွေနဲ့ သံသယအာဃာတတွေကြောင့် တစ်ကျော့ပြန် ထတောက်ခဲ့တဲ့စစ်မီးဟာ ၂၅ ရက် ရှိသွားခဲ့ပါပြီ၊၊
Nov 02, 2023

စိန်လုံမှ အရှေ့ဘက်သို့လာလျှင် ယောယုံတောင်အထိ တောင်ကြောတစ်ဆက်တည်းဖြစ်၏။ ယောယုံစခန်းပတ်လည်တွင် ဖလန်တောင်ကြောရှိသည်။ ယောယုံမှကြည့်လျှင် တရုတ်ပြည်ဘက်သို့ လှမ်းမြင်ရသည်။ ယောယုံသည် လွယ်ဂျယ်ကွင်းကို စိုးမိုးထား၏။ စာရေးသူသည် ယောယုံတောင်ကြောပေါ်မှ လှမ်းမြင်ရသည့် လွယ်ဂျယ်မြင်ကွင်းများကို ငေးကြည့်နေမိသည်။ တောင်အောက်မှ ပင့်တိုက်လာသော လေနုအေးအေးကိုခံစားရင်း ဤဒေသတွင် ဖြစ်ပွားခဲ့သော တပ်မတော်သားတို့၏ အတိတ်ရပ်ဝန်း အောင်ပွဲများကို တွေးတောဖြတ်သန်းမိပါသည်။
Nov 02, 2023

“ပြည်သူလူထု၏ အကျိုးကိုလက်တွေ့ကျကျ ထိထိရောက်ရောက် ဆောင်ရွက်ပြခြင်းဖြင့် အလုပ်ဖြင့် သက်သေပြကြရန် တိုက်တွန်းလိုကြောင်း”ဟူသည့် မှာကြားချက်တစ်ခုကို ကြားသိခဲ့ရသည်။ စက်တင်ဘာလ ၂၉ ရက်နေ့ကကျင်းပခဲ့သော ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၃)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
Nov 02, 2023

ဒီတစ်ခေါက် တရုတ်ပြည်လေ့လာရေးခရီးစဉ်အတွင်း လေ့လာသိရှိသမျှတွေထဲမှာ မီဒီယာအကြောင်းလည်းပါပါတယ်။ မီဒီယာတွေနဲ့ပတ်သက်လို့ ပြောကြ၊ ဆိုကြတဲ့အထဲမှာ နယူးမီဒီယာကတော့ ဘုံစကားလို့တောင် ပြောရတော့မှာပဲ။ ဟိုသတင်းစာတိုက်ကလည်း နယူးမီဒီယာ၊ ဒီသတင်းစာ တိုက်ရောက်ပြန် တော့လည်း နယူးမီဒီယာ၊ နယူးမီဒီယာအကြောင်း ကျယ်ကျယ်လောင်လောင် ပြောဆိုနေကြပြီကိုး။ ဒါဖြင့် နယူးမီဒီယာဆိုတာဘာလဲ၊ ဘာကြောင့် နယူးမီဒီယာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချလာကြတာလဲဆိုတာကို ကျွန်တော်တို့ စဉ်းစားရမယ့် ကိစ္စတစ်ခု ဖြစ်လာပါတယ်။