Skip to main content
Oct 17, 2023
သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးမှုလျှော့ချရေးနှင့် ထိရောက်မှု
ယနေ့ကမ္ဘာကြီးတွင် လူသားတို့သည် ယခင်က မကြုံစဖူးဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေကြရသည်။ လူသားတို့ရင်ဆိုင်နေကြရသည့် ဘေးအန္တရာယ်များတွင် လူလုပ်ဘေးအန္တရာယ်များ ပါဝင်သကဲ့သို့ သဘာဝဘေးအန္တရာယ်များလည်း ပါဝင်နေသည်။ လူလုပ်ဘေးအန္တရာယ်များတွင် စစ်ပွဲများ၊ အကြမ်းဖက်မှုများ၊ နျူကလီးယားအန္တရာယ်၊ ဓာတုပစ္စည်းများအန္တရာယ် စသည့်လူတို့ကြောင့်ဖြစ်သည့် ဘေးအန္တရာယ်များပါဝင်ပြီး သဘာဝဘေးအန္တရာယ်များတွင် မုန်တိုင်းများ၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ အပူလှိုင်းများစသည်တို့ ပါဝင်ပါသည်။ အချို့သော သဘာဝဘေးအန္တရာယ်များသည် သဘာဝကြောင့်ဟုဆိုသော်လည်း ယင်းသဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်စေသည့် အရင်းခံအကြောင်းရင်းများသည် လူသားတို့၏ပယောဂကြောင့် ဖြစ်ပွားလာခြင်းဖြစ်သည်။
Oct 17, 2023
ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့သည် ကမ္ဘာတစ်ဝန်းလုံးတွင် ဆင်းရဲငတ်မွတ်နေမှုများအား သိရှိကိုယ်ချင်းစာနာနိုင်ရေး၊ လူသားအားလုံး စားနပ်ရိက္ခာလုံခြုံရေးနှင့် အစာအာဟာရပြည့်ဝစွာ ရရှိရေးလိုအပ်ချက်များအား နိုင်ငံတိုင်းပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ရည်သန်လျက် ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှစ၍ ကမ္ဘာ့စားနပ်ရိက္ခာနေ့ကို ကျင်းပလျက်ရှိပါသည်။ ယခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ အဖွဲ့ကြီးက ကမ္ဘာ့စားနပ်ရိက္ခာနေ့အတွက် ဆောင်ပုဒ်ကို “ရေသည်အသက်၊ ရေသည် ရိက္ခာတစ်ဦးတစ်ယောက် မချန်ရရှိစေရာ” "Water is life, water is food. Leave no one behind." ဟူ၍ သတ်မှတ်ခဲ့သည်။ ဆောင်ပုဒ်၏အဓိပ္ပာယ်ကို ခြုံငြုံလေ့လာပါက လူသားများအသက်ရှင်ရပ်တည်နိုင်ရန် မရှိမဖြစ်လိုအပ်သောရေကို လူသားတိုင်း သုံးစွဲနိုင်ခွင့်ရှိစေရေး မီးမောင်းထိုးပြထားသည်ကို တွေ့ရှိရသည်။ 
Oct 17, 2023
စေတနာကောင်းသော တိုင်းပြည်
၂၀၀၄ ခုနှစ် မေလဆန်းနေ့တစ်နေ့ ဖြစ်ပါသည်။ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး (ကုန်သွယ်/လယ်ယာ)၊ ပြည်ပပို့ကုန်ဌာနတွင် ဒုတိယအထွေထွေမန်နေဂျာ တာဝန်ထမ်းဆောင်နေသော ကျွန်တော့်အား ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ ဦးမင်းလှအောင်က အရေးကြီးကိစ္စရှိ၍ သူနှင့်အတူဝန်ကြီးရုံးသို့လိုက်ပါရန် ညွှန်ကြားပါသည်။ ဝန်ကြီးရုံးသို့ ရောက်ရှိချိန်တွင် ဦးဆောင်ညွှန်ကြားရေးမှူးက ဝန်ကြီးဗိုလ်မှူးချုပ်ပြည့်စုံထံသို့ ဝင်ရောက်သတင်းပို့ပြီး ကျွန်တော်က ဝန်ကြီးရုံးခန်းပြင်ပမှ စောင့်နေခဲ့ပါသည်။ ခဏအကြာတွင် ဦးဆောင်ညွှန်ကြားရေးမှူး ပြန်လည်ထွက်ခွာလာပြီး ကျွန်တော်နှင့်အတူ ရုံးသို့ ပြန်လာကြပါသည်။ အပြန်လမ်းကားပေါ်တွင် ဦးဆောင်ညွှန်ကြားရေးမှူးက ကျွန်တော့်အား ဂမ်ဘီယာဆိုတဲ့နိုင်ငံကို သိသလားဟု မေးပါသည်။ ကျွန်တော်က ဂမ်ဘီယာဆိုသည့်နိုင်ငံကို မကြားဖူးပါ။ သို့ဖြစ်၍ အာဖရိကနိုင်ငံ တစ်ခုခုဖြစ်မည်ထင်သည်ဟုသာ ဖြေကြားလိုက်ပါသည်။
Oct 15, 2023
01
မြန်မာနိုင်ငံတွင် နှစ်စဉ်ရေကြီးမှု သုံးကြိမ်ဖြစ်ပေါ်လေ့ရှိသည်။ ၎င်းတို့မှာ ဇွန်လ (မိုးဦးကာလ)တွင် တစ်ကြိမ်၊ ဇူလိုင်လမှ သြဂုတ်လအတွင်း (မိုးလယ်ကာလ) တွင် တစ်ကြိမ်၊ စက်တင်ဘာလမှ အောက်တိုဘာလ (မိုးနှောင်းနှင့်မိုးလွန်ကာလ) တွင်တစ်ကြိမ် စုစုပေါင်းသုံးကြိမ် ဖြစ်ပေါ်လေ့ရှိသည်။
Oct 15, 2023
ဒီသီချင်းစာသားလေးကို လူတိုင်းကြားဖူးကြမှာပါ။ အခုဆိုရင် ည ၈ နာရီ သတင်းလာခါနီးမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ဦးတည်ချက် (၉)ရပ် အသံလွှင့်တဲ့အခါ နောက်ခံတီးလုံးအနေနဲ့ နေ့စဉ်ကြားနေကျဖြစ်နေမှာပါ။ သံစဉ်စာသားလေးတွေဟာ အဓိပ္ပာယ်ရှိသလို “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုတဲ့အတိုင်း ဘယ်သူ့အကူအညီမှမလိုဘဲ ကိုယ့်ခွန်ကိုယ့်အားနဲ့ ကိုယ့်အား ကိုယ်ကိုးစိတ်ကိုဖြစ်စေပါတယ်။
Oct 15, 2023
မိမိတို့မြန်မာနိုင်ငံသားများသည် စိတ်အေးချမ်းသာယာမှုကို မြတ်နိုးကြသည်။ မရှိလည်း အေး၊ ရှိလည်းအေး ငြိမ်းငြိမ်းချမ်းချမ်းနေလိုကြသည်။ သို့သော် ထိုသို့ မနေရပါချေ။ ခေတ်အဆက်ဆက် လက်နက်ကိုင် ပဋိပက္ခများကြောင့် မျက်ရည်ပေါက် ကြီးငယ်ကျခဲ့ကြရသည်။ အထုပ်ကိုယ်စီဆွဲ၍ ပြေးခဲ့လွှားခဲ့ကြရဖူးသည်။ ယခုတိုင်လည်း ဤဒုက္ခမျိုး ငြိမ်းကြပြီဟု မဆိုနိုင်သေးပေ။
Oct 14, 2023
1
မကြာသေးမီက မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ထူးတဲ့သတင်းတစ်ပုဒ်ကို ကြားသိခဲ့ရပါတယ်။ သတင်းကောင်းတစ်ပုဒ်တော့ မဟုတ်ပါဘူး။ ပြည်ပနိုင်ငံမှ အတိုက်အခံပါတီတစ်ခုက အနောက်နိုင်ငံတွေနဲ့ OIC နိုင်ငံတွေအလိုကျ မျက်နှာလိုမျက်နှာရ လှုံ့ဆော်လိုက်တဲ့ အကွက်ဆန်း ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အတိုက်အခံပါတီ BNP ဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့က “Rohingya Crisis and Repatriation Strategy” ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပြီး ဆွေးနွေးပွဲမှာ BNP အနေနဲ့ ဘင်္ဂါလီတွေရဲ့ အကျပ်အတည်းအတွက် ထိရောက်စွာဖြေရှင်းနိုင်ဖို့ အချက် ၁၆ ချက်ကို အဆိုပြုခဲ့ကြောင်း သတင်းဆောင်းပါးတစ်ပုဒ်မှာ တွေ့လိုက်ရပါတယ်။
Oct 14, 2023
ယနေ့ မျက်မှောက်ကမ္ဘာကြီးတွင် အရေးကြီးဆုံးလိုအပ်သည့်အရာများမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ဖြစ်ပြီး ယင်းတို့သည် နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ခုမှအစပြု၍ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများအားလုံးကို ဖြေရှင်းပေးနိုင်ရန် အချင်းချင်း အမှီသဟဲပြု ချိတ်ဆက်လျက်ရှိသည်။
Oct 14, 2023
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်‌ရေးသည် အသေးစား၊ အငယ်စားနှင့် အလတ်စားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးက အရေးပါလှသည့် အခန်းကဏ္ဍ၌ ပါဝင်နေပါသည်။
Oct 14, 2023
ငြိမ်းချမ်းရေးဟူသည် “ဆူပူလှုပ်ရှားထကြွခြင်း၊ စစ်မက် စသည်တို့ ကင်းမဲ့သောအဖြစ်” ဟူ၍ မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားပေရာ ငြိမ်းချမ်းခြင်းကို လူသားတိုင်း လိုချင်တောင့်တကြပေလိမ့်မည်။