Skip to main content
Oct 06, 2023
မျှတသော ဈေးကွက်ယှဉ်ပြိုင်မှု
မျှတသော ဈေးကွက်ယှဉ်ပြိုင်မှုသည် နိုင်ငံ့စီးပွားရေးနှင့် နိုင်ငံသားတို့အတွက် အကျိုးများစွာ ဖြစ်ထွန်းစေပါသည်။ “အပြိုင်အဆိုင်ရှိမှတိုးတက်သည်” ဟူသော စကားအတိုင်း ယှဉ်ပြိုင်မှုသည် နိုင်ငံ့စီးပွားရေးသာမက ဈေးကွက်အတွင်းရှိလုပ်ငန်းများ၊ လုပ်ငန်းရှင်များနှင့် ဝန်ဆောင်မှုအသုံးပြုသူ ဝယ်ယူသူများအတွက်လည်း လွန်စွာအကျိုးရှိပေသည်။
Oct 06, 2023
ထာဝရငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသောအဖြေ NCA
ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲသပ်လျှိုမှုများကြောင့် လွတ်လပ်ရေးနှင့်အတူ ယှဉ်တွဲပေါ်ပေါက်လာခဲ့ရသော ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းစေရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ခေတ်အဆက်ဆက်ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။ ထိုသို့ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအနက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပေါ်ပေါက်လာသော ဒီမိုကရေစီအစိုးရ ပထမသက်တမ်းကာလ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ချုပ်ဆိုနိုင်ခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)သည် သမိုင်းဝင်အောင်မြင်မှုမှတ်တိုင်တစ်ခုဖြစ်ခဲ့သည်ဟု ဆိုရပါမည်။
Oct 05, 2023
ဆောင်းပါး
နေပြည်တော်တွင် တည်ရှိသည့် ရုံးအမှတ် ၂၅၊ ဥပဒေရေးရာဝန်ကြီးဌာနသည် ယခင်ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၁၇၆/၂၀၂၁ ဖြင့် ပြင်ဆင်ဖွဲ့စည်းထားသည့်ဝန်ကြီးဌာနဖြစ်ပြီး ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ဥပဒေရေးရာဝန်ကြီးဌာနသည် “ဥပဒေပညာသည် အကျင့်သိက္ခာနှင့် ပြည့်စုံသောပညာဖြစ်သည်” ဟူသည့်ဆောင်ပုဒ်နှင့်အညီ ဥပဒေဆိုင်ရာအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊ ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ ပိုမိုအားကောင်းလာစေရန်၊ အများပြည်သူ၏ ယုံကြည်အားကိုးမှုမြှင့်တင်ရန်နှင့် တရားမျှတမှုကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွင် ပါဝင်ဆောင်ရွက်ရန်ဟူသည့် ရည်မှန်းချက်ပန်းတိုင်များထားရှိကာ ဆောင်ရွက်လျက်ရှိပါသည်။ ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်ထောင်စုဝန်ကြီးရုံး၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန၊ တရားစွဲနှင့် အမှုလိုက်ဦးစီးဌာန၊ ဥပဒေအသိပညာပြန့်ပွားရေးဦးစီးဌာနဟူ၍ ဦးစီးဌာနငါးခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
Oct 05, 2023
ဆောင်းပါး
နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံများ ပြီးပြည့်စုံခြင်းနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ကောင်းမွန်ခြင်းတို့ လိုအပ်သည့်အပြင် နိုင်ငံတကာကုန်သွယ်မှု၊ အထူးသဖြင့် ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်မှုတို့ကိုလည်း အစဉ်တစိုက် အလေးထားအားပေးမြှင့်တင်ရန်လိုအပ်ပါသည်။ နိုင်ငံတကာကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ခြင်းသည် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ဝင်ရောက်လာအောင် ပံ့ပိုးဖြေလျှော့ပေးနိုင်မှု၊ အထူးသဖြင့် စီးပွားရေးအသိုက်အဝန်းကောင်း (Good Business Environment) နှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းကောင်းများ (Good Investment Opportunities) ဖန်တီးပေးနိုင်မှု၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်မှု၊ လမ်းပန်းဆက်သွယ်ရေးကွန်ရက် တိုးတက်ကောင်းမွန်ပြီး ဘေးကင်းလုံခြုံမှုနှင့် နိုင်ငံ၏ တည်နေရာအရ အချက်အချာကျမှုကို ကောင်းစွာအသုံးချနိုင်မှုတို့အပေါ် များစွာတည်မီနေပါသည်။
Oct 04, 2023
01
၂၀၂၃ ခုနှစ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ ဇာတ်သဘင်ဘာသာရပ်ပြိုင်ပွဲတွင် ဆယ်ဘွဲ့ဇာတ်တော်လာ မဟောသဓာဇာတ်တော်ကို ပြဋ္ဌာန်းပေးထားကြောင်း သိရသည်။ ဆို ငို ပြော ပညာရပ်များဖြင့် မွမ်းထုံထားသော ထိုတင်ဆက်ကပြမှုကို မြန်မာဇာတ်ကြီးဟုခေါ်ကြသည်။
Oct 04, 2023
01
ယနေ့တွင် မြန်မာ့သမိုင်းက အမျိုးသားကျောင်းဆရာများ၏ ကောင်းမြတ်သောအစဉ် အလာဖြစ်သည့် ခေတ်ကိုကြိုမြင်မှုနှင့် တိုင်းကျိုးပြည်ပြု နိုင်ငံရေးအမြင်ကျယ်ပြန့်မှုတို့ကို ဆက်လက်ရယူထိန်းသိမ်းပြီး လက်ဆင့်ကမ်း အကောင်အထည်ဖော်ရမည့်ကာလဟု မြင်မိပါသည်။
Oct 03, 2023
နိုင်ငံနဲ့ လူ့အဖွဲ့အစည်းရဲ့အနာဂတ်ဟာ ဆရာများရဲ့ပခုံးပေါ်မှာပါ
“ဆရာတိုင်းတော်၍ ကောင်းနေကြပါမှ ပညာရေးပေါ်တွင် တည်မှီနေသော နိုင်ငံတော် ကောင်းလာနိုင်မည်။ ဆရာတို့သည် မိမိတို့လက်ဝယ် ဆုပ်ကိုင်ထားသည့် အနာဂတ်နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းအား အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်ပေးကြပါ။”
Oct 03, 2023
ရှင်မဟာသီလဝံသမထေရ်မြတ် နှစ်(၅၇၀)ပြည့် အင်းဝခေတ် မြန်မာစာပေသမိုင်းတစ်ဆစ်ချိုးကို လေ့လာခြင်း
ရာဇဝင်ကျော်ကိုလေ့လာရာတွင် “မင်းတို့၏ ရာဇဝင်ကိုသာမကတိုင်းပြည်မြို့ရွာ စည်ကားကြောင်း ဥပမာကိုလည်း ပြဆိုထားသည်။ ထိုသို့ ပြဆိုရာတွင် ရာဇဝင်ကျော်အခန်း(၃)၌ မြတ်စွာဘုရားကား တပည့်သားတော်တို့ကို ပြည်ရွာ စီးပွားရာသော ဥပမာနည်းနာတို့ဖြင့် ဆုံးမတော်မူ၏။ မြို့ထုံးဥပမာဖြင့်လည်း ဆုံးမတော်မူ၏။ မင်းတို့ စီးတန်သော ဆင်ပြောင်ရတနာ၊ မြင်းရတနာ ဥပမာတို့ဖြင့်လည်း ဆုံးမတော်မူ၏။ မင်းထိုက်မင်းတန်ဖြစ်သော သူရဲကြီးဥပမာ၊ လေးသည်ကြီး ဥပမာတို့ဖြင့်လည်း ဆုံးမတော်မူ၏။
Oct 03, 2023
ပညာရေးမျှော်မှန်းချက်နှင့် မြတ်ဆရာတို့၏အခန်းကဏ္ဍ
ဆရာများ၏ ကြီးမားသောတာဝန်နှင့် အခန်းကဏ္ဍကို ဖော်ညွှန်းရန်ရည်ရွယ်ပြီး ကမ္ဘာ့ဆရာများနေ့ကို ၁၉၉၄ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှစတင်ပြီး ကျင်းပခဲ့ပါသည်။ ယခုနှစ်ဆိုလျှင် (၂၉) ကြိမ်မြောက်ရှိပြီဖြစ်ရာ ကမ္ဘာအရပ်ရပ်မှ နိုင်ငံပေါင်း ၁၀၀ ကျော်က ဆရာများကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုနေကြပါသည်။
Oct 02, 2023
ဒေသဆိုင်ရာအစိုးရ၏ စွမ်းဆောင်ရည်မြှင့်တင် ပေးရန်နှင့် ဒေသဆိုင်ရာအဆင့်၌ အတူပူးပေါင်းပါဝင် သည့် ဆုံးဖြတ်ချက်ချခြင်းလုပ်ငန်းစဉ်များ တိုးမြှင့် ပေးရန်အတွက် ကွန်မြူနစ်ကောင်စီဖွံ့ဖြိုးတိုးတက် ရေးအစီအစဉ် (CCDP) ကို နိုင်ငံတကာအဖွဲ့အစည်း များ၏အကူအညီဖြင့် ၂၀၀၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ အဓိကအပိုင်းလေးပိုင်းကို ဆောင်ရွက်ခဲ့ပြီး ဒေသဆိုင်ရာအစိုးရ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ အတူပူးပေါင်းပါဝင်မှု အစီအစဉ်ရေးဆွဲခြင်းနှင့် ဘတ်ဂျက်ရေးဆွဲခြင်း၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူကို ဗဟိုပြုသော သဘာဝ သယံဇာတများ စီမံခန့်ခွဲမှုတို့ဖြစ်ပါသည်။ မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ဆောင်ရွက်နေသည့် လူထုဗဟိုပြုစီမံကိန်း(CDD)၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) တို့ကဲ့သို့ ဒီဇိုင်းလုပ်ငန်းစဉ်များ တူညီပါသည်။