Jun 24, 2024

အမှန်တရားနှင့်ပတ်သက်၍ မပြောင်းလဲသော အမှန်တရားတစ်ခုမှာ တည်တံ့ခိုင်မြဲခြင်းပင်ဖြစ်သည်။ မုသားက မည်မျှပင်အားကြီးပါစေ၊ မုသားမည်မျှပင် ခွန်အားပြင်းပြင်း လွှမ်းခြုံထားပါစေ အချိန်ကာလ၏ တိုက်စားမှုအောက်တွင် အမှန်တရားဆိုသည်မှာ မှောင်မိုက်မှုအကြားမှ ငွားငွားစွင့်စွင့် ထွက်ပေါ်လာသည့် သူရိန်နေမင်းကြီးကဲ့သို့ပင် ပေါ်ထွက်လာကာ မုသာဝါဒတို့ လွင့်စဉ်ရစမြဲ။
Jun 24, 2024

မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးပြဿနာသည် ကိုလိုနီလက်အောက်ကျရောက်စဉ်ကပင် စတင်ခဲ့ပါသည်။ နယ်ချဲ့ကိုလိုနီတို့၏လုပ်ရပ်အတိုင်း တိုင်းရင်းသားများအား သွေးခွဲခြင်းနှင့် သွေးကွဲစေခြင်းတို့ကို ဆောင်ရွက်ရန် ဘိန်းသုံးစွဲမှုနှင့် ဘိန်းစိုက်ပျိုးမှုကို စီးပွားရေးနှင့်နိုင်ငံရေးအရ ဆောင်ရွက်လာရာမှ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးပြဿနာ စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။ အကျိုးဆက်အနေဖြင့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်များ ပေါ်ပေါက်လာကာ ၎င်းတို့ရေရှည်ရပ်တည်နေနိုင်ရေးအတွက် ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းကုန်ကူးခြင်းတို့ကို ဆောင်ရွက်ရာမှ မူးယစ်ဆေးဝါးပြဿနာသည် ဆက်လက်တည်ရှိနေခဲ့ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်များ၏ပြဿနာကို ဖြေရှင်းနေစဉ် အိမ်နီးချင်းနိုင်ငံမှ ကူမင်တန်တပ်များ၏ ကျူးကျော်မှုပြဿနာကို ဖြေရှင်းခဲ့ရပြီး ၎င်းတို့၏အမွေဆိုးဖြစ်သော ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းဖြူချက်လုပ်မှုများမှာ နိုင်ငံအတွင်း အမြစ်တွယ်ကျန်ရစ်ခဲ့ပါသည်။
Jun 23, 2024

မေလအတွင်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် စတင်ဖြစ်ပေါ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံသို့ မုတ်သုံလေဝင်ရောက်မှုသည် မျှော်မှန်းထားသည့် အချိန်ထက်စောခဲ့သည်။ မုတ်သုံလေနှင့်အတူ အားလုံးမျှော်လင့်နေသော “မိုး’’ လည်း တစ်ပါတည်းပါလာသည်။ မိုးရွာသွန်းမှုကြောင့် အပူချိန်သိသိသာသာကျဆင်းသွားခဲ့သည်။ ထို့အတူ သဘာဝပတ်ဝန်းကျင်သည်လည်း တဖြည်းဖြည်းအစိမ်းရောင်လွှမ်းလာသည်။ မိုးရာသီရောက်ပြီဆိုလျှင် နိုင်ငံသားတိုင်း မဖြစ်မနေဆောင်ရွက်သင့်သော တာဝန်တစ်ရပ်ရှိနေသည်။ ထိုတာဝန်ကားအခြားမဟုတ်ချေ။ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုညီမျှမှုကို ထိန်းသိမ်းစေနိုင်သော သစ်ပင်များစိုက်ပျိုးရေးပင်ဖြစ်သည်။
Jun 23, 2024

အိမ်နီးချင်းနိုင်ငံများ၏ သမဝါယမစနစ်ဖြစ်ထွန်းမှု၊ ဆောင်ရွက်မှုပုံစံ၊ အားသာချက်၊ အားနည်းချက်များကို လက်လှမ်းမီသမျှ လိုက်လံလေ့လာရင်းဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမဝါယမစနစ်အကြောင်းကို ဦးစွာရေးသားဖြစ်ခဲ့သည်။ ယခုတစ်ဖန် အိန္ဒိယနိုင်ငံ၏ သမဝါယမစနစ် ဆောင်ရွက်ချက်များကို လေ့လာသုံးသပ်မိသမျှ ပြန်လည်မျှဝေချင်မိရပြန်သည်။ မိမိတို့နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိမ်နီးချင်းနိုင်ငံများ၏ အောင်မြင်သောသမဝါယမစနစ် ဆောင်ရွက်ချက်များကို လေ့လာရင်း သုံးသပ်ရင်းဖြင့် မိမိနိုင်ငံ၏သမဝါယမကဏ္ဍ ဖွံ့ဖြိုးမှုအနေအထားနှင့် ချိန်ထိုးနှိုင်းဆအဖြေရှာကြည့်ရင်း တကယ်လုပ်ရင် တကယ်အောင်မြင်မည်ဖြစ်၍ သမဝါယမအသင်းများသို့ တွန်းအားပေးဆောင်ရွက်ရန် တွေးမိလာရသည်။
Jun 23, 2024

ဇွန်လ ၂၆ ရက်နေ့သည် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ - International Day Against Drug Abuse and Illicit Trafficking” ဖြစ်သည်။ ဇွန်လ ၂၆ ရက်နေ့ကို သတ်မှတ်ရသည့် သမိုင်းကြောင်းရှိပါသည်။ တရုတ်ပြည်တွင် ပထမဘိန်းစစ်ပွဲဖြစ်ခါနီး ၁၈၃၉ ခုနှစ်မှာ ဥရောပတိုက်သားများဖြစ်ကြသော ပေါ်တူဂီ၊ စပိန်နှင့် ဒတ်ချ်ကုန်သည်များက တရုတ်ပြည်ကို ဘိန်းများရောင်းချရန်အတွက် ဂွမ်ဒုန်းပြည်နယ် ဟူမင်းမြို့သို့ ရောက်လာကြသည်။ ထိုအခါ ဖူးကျန့်ပြည်နယ်အုပ်ချုပ်ရေးမှူး Li Zexu ဆိုသူက ဇွန်လ ၂၆ ရက်နေ့တွင် ဟူမင်းသို့ အချိန်မီသွားရောက်ပြီး ဥရောပဘိန်းကုန်သည်များ သယ်ယူလာသည့်ဘိန်းများကို သိမ်းဆည်းမီးရှို့ဖျက်ဆီးသည်။ ထိုသို့ဘိန်းများမီးရှို့ဖျက်ဆီးခဲ့သော ဇွန်လ ၂၆ ရက်နေ့ကို နှောင်းလူတို့ အမြဲအောက်မေ့သတိရကြစေရန်ရည်ရွယ်၍ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ၁၉၈၇ ခုနှစ် ဇွန်လအတွင်း ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်လ ၂၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အဖြစ် အထူးတလည် သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပါသည်။
Jun 22, 2024

Daniel Goleman ရဲ့ စိတ်ခံစားမှုဆိုင်ရာဉာဏ်စွမ်းဉာဏ်စ (EI-Emotional Intelligence)ကို ဒီကနေ့ လုပ်ငန်းခွင်အတော်များများမှာ တွင်တွင်ကျယ်ကျယ် အလေးပေးလာကြပြီဆိုတာ သိကြမှာပါ။ EI ရဲ့ အစိတ်အပိုင်းတွေထဲက “မိမိကိုယ်မိမိအမှန်မြင်အောင် သတိပြုဆင်ခြင်နိုင်စွမ်းနဲ့ ကိုယ်ချင်းစာနာမှု” ဟာ ကြီးမားသော စွမ်းဆောင်ရည်ရဲ့ဝှက်ထားတဲ့ မောင်းနှင်အားလို့ စာရေးသူက အခိုင်အမာကောက်ချက်ချချင်ပါတယ်။ လုပ်ငန်းခွင်မှာ EI ရဲ့ အရေးပါမှုကို သုတေသနပြုလုပ်တဲ့ စာတမ်းအတော်များများကိုသုံးသပ်ကြည့်ရင် လူကောင်းဆိုတာ စိတ်ခံစားမှုထိန်းချုပ်နိုင်တဲ့ အသိဉာဏ်နဲ့ ကိုယ်ချင်းစာနာစိတ်ရှိသူလို့တောင် ယေဘုယျအဓိပ္ပာယ်ဖွင့်ဆိုလာကြပါပြီ။
Jun 22, 2024

ကျွန်တော်တို့နိုင်ငံက လူတွေမှာမတူကွဲပြား၊ ခြားနားစိတ်အထွေထွေ၊ အယူအဆအမျိုးမျိုးနဲ့ အမြင်မတူတာတွေကို တူအောင်လုပ်မယ်ဆိုတဲ့ စေတနာနဲ့တကွ ဉာဏ်ပညာမရှိသရွေ့ ကျွန်တော်တို့ နိုင်ငံကြီးဟာ ဒီမိုကရေစီနဲ့မထိုက်တန်သေးပါဘူး။ အားကြီးရင်အားသေးတဲ့သူအပေါ် နိုင်စားလုပ်ချင်ကြတယ်၊ အချောင်သက်သက် ချမ်းသာချင်တဲ့ လောဘအားကြီးလွန်းတော့ အဂတိလာဘ်ပေးလာဘ်ယူက ကူးစက်ရောဂါအကြီးစားကြီးတစ်ခုလို၊ လိုချင်တာမရလို့ ဒေါသအားကြီးလာတဲ့အခါ မိမိကိုမထောက်ခံတိုင်း သတ်မယ်ဖြတ်မယ်ချည်း၊ အရာရာကိုထိန်းချုပ်နိုင်စွမ်းမရှိ အာဃာတအငြိုးအတေးကြီးသူတွေ၊ စိတ်နဲ့ခံစားလွယ်ပြီး အသိဉာဏ်နဲ့ မဆင်ခြင်တတ်သူတွေဟာ ဒီမိုကရေစီနဲ့တန်ပါရဲ့လား၊ ဒီမိုကရေစီနဲ့မတန်တဲ့သူတွေကြောင့် မငြိမ်းချမ်းခြင်းဖြစ်လာတယ်၊ ကမ္ဘာကြီးလည်း ထို့အတူ.. ကမ္ဘာသူ၊ ကမ္ဘာသားတွေမှာ ယခုအခါတတိယကမ္ဘာစစ်မီး ဖြစ်မယ့်အရေးကျီးလန့်စာစားဖြစ်နေကြရတယ်။ စစ်မက်ဆိုတဲ့ကပ်ဘေးကြီးကို ကြောက်နေရတဲ့ ဘဝများစွာကြားမှာ စစ်ပြင်သူကလည်း ပြင်နေကြပြီဖြစ်တဲ့အခါ..။
Jun 21, 2024

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Jun 20, 2024

“ကက်”ဟူသော ဝေါဟာရကို ခရီးဆောင်မြန်မာအဘိဓာန်တွင် “စပါး၊ ပဲ၊ ပြောင်း ပေါင်းစုသိုလှောင်ရာ ၆၄ တင်းဝင်ပုတ်ကြီး၊ ၆၄ တင်း ပမာဏချင့်ဝန်ဟူ၍လည်းကောင်း၊ ဖဲချပ်သစ်သား ဖြင့် ၆၄ ပြားရှိသော ဖဲ၊ ယင်းဖဲချပ်ပြားတို့ဖြင့် ကစားရသော ဖဲကစားနည်းဟူ၍လည်းကောင်း အဓိပ္ပာယ်ဖွင့်ဆိုပါသည်။
Jun 20, 2024

ပညာခေတ်ကြီးမှာ ပညာတတ်အသိပညာရှင်၊ အတတ်ပညာရှင်များစွာ လိုအပ်သည့်အလျောက် ပညာတော်သူ၊ စာတော်သူများကို အခွင့်အခါသင့်သည့်အခါတိုင်း အားပေးချီးမြှောက်ဖြစ်ကြသည်။ ဝတ္ထုပစ္စည်းအားဖြင့် မချီးမြှောက်ဖြစ်တောင်မှ နှုတ်အားဖြင့် အားပေးဖြစ်သည်သာ။