Jun 20, 2024

“အာရောဂျံ၊ ပရမံ၊ လာဘံ” ဆိုတဲ့အတိုင်း ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်ပါတယ်။ ကျန်းမာစွာ အသက်ရှင်နေထိုင်နိုင်ခြင်းဟာ ဘဝမှာ အလွန်ကြီးမားသော အောင်မြင်မှုတစ်ခုပါပဲ။ ကျန်းမာခြင်းရဲ့တန်ဖိုးကို မကျန်းမာတဲ့အခါမှာ အသေအချာသိမြင်ရမှာပါ။ မကျန်းမာခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများဟာ မိမိကိုယ်တိုင်သာမက မိမိရဲ့မိသားစု၊ မိမိပတ်ဝန်းကျင်နဲ့ မိမိနိုင်ငံအတွက်ပါ သက်ရောက်မှုများရှိစေနိုင်မှာ ဖြစ်ပါတယ်။
Jun 20, 2024

ကမ္ဘာတစ်လွှားတွင် သမဝါယမစီးပွားရေးစနစ် ပိုမိုလူသိများ အောင်မြင်လာခဲ့သည့် အဓိကအကြောင်းရင်းတစ်ချက်မှာ ၂၀၀၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ဘဏ္ဍာရေးနှင့် စီးပွားရေးအကျပ်အတည်းကာလအတွင်း သမဝါယမစနစ်သည် မပြိုလဲဘဲ ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။
Jun 19, 2024

မေလရဲ့နွေရက်အလွန် မုတ်သုံမိုးဦးနဲ့အတူ ဇွန်လ ၃ ရက်နေ့ကစပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်ပါပြီ။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းတစ်ပတ်ကာလအတွင်း အခြေခံပညာကျောင်းသား ကျောင်းသူ ၆၃ သိန်းကျော်ကျော် ကျောင်းအပ်နှံ ခဲ့ကြတယ်လို့ သက်ဆိုင်ရာရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
Jun 19, 2024

“တို့” တွင် (၁) အသာအယာထိသည်ဟူသော အဓိပ္ပာယ်၊ (၂) သာမန်မျှ ရေးမှတ်သည်ဟူသော အဓိပ္ပာယ်၊ (၃) (ချဉ်ဖတ်စသည်ကို ငါးပိနှင့်တွဲ၍ ထမင်းတွင်) မြှုပ်စားသည်ဟူသောအဓိပ္ပာယ်၊ (၄) တိတ်တဆိတ်သတင်းပေးသည်ဟူသော အဓိပ္ပာယ်၊ (၅) ကျီစားသည်၊ စသည်၊ နောက်သည်ဟူသော အဓိပ္ပာယ်၊ (၆) ယှဉ်သည်၊ ဖက်သည်၊ စမ်းသည်ဟူသော အဓိပ္ပာယ်များရှိကြောင်း သာဓကများဖြင့် ရှင်းပြပြီး ဖြစ်ပါသည်။ ဤအဓိပ္ပာယ် ၆ မျိုးသည် “တို့” ၏ ကြိယာအဓိပ္ပာယ်များ ဖြစ်ကြသည်။
Jun 19, 2024

အိမ်နီးချင်းနိုင်ငံများ၏ သမဝါယမစနစ်ဖြစ်ထွန်းမှု၊ ဆောင်ရွက်မှုပုံစံ၊ အားသာချက်၊ အားနည်းချက်များအား လက်လှမ်းမီသမျှ လိုက်လံလေ့လာရင်းဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမဝါယမစနစ်အကြောင်းကို ဦးစွာရေးသားဖြစ်ခဲ့သည်။ ယခုတစ်ဖန် အိန္ဒိယနိုင်ငံ၏ သမဝါယမစနစ် ဆောင်ရွက်ချက်များအား လေ့လာသုံးသပ်မိသမျှ ပြန်လည်မျှဝေချင်မိရပြန်သည်။ မိမိတို့နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိမ်နီးချင်းနိုင်ငံများ၏ အောင်မြင်သောသမဝါယမစနစ်၊ ဆောင်ရွက်ချက်များအား လေ့လာရင်း သုံးသပ်ရင်းဖြင့် မိမိနိုင်ငံ၏သမဝါယမကဏ္ဍ ဖွံ့ဖြိုးမှုအနေအထားနှင့် ချိန်ထိုးနှိုင်းဆအဖြေရှာကြည့်ရင်း တကယ်လုပ်ရင် တကယ်အောင်မြင်မည်ဖြစ်၍ သမဝါယမအသင်းများသို့ တွန်းအားပေးဆောင်ရွက်ရန် တွေးမိလာရသည်။
Jun 19, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်အနက်မှ လူမှုရေးဦးတည်ချက်တစ်ရပ်ဖြစ်သော “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ကို ဦးတည်ချက် ချမှတ်လမ်းညွှန်ထားပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်မှာ (က) လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေး၊ (ခ) လူတိုင်း ရောဂါဘယကင်းရှင်းရေးဟူ၍ ဖြစ်ပါသည်။
Jun 19, 2024

ငါးရက်တစ်ဈေးသည် ဒေသ၏ထင်ရှားသော ဓလေ့ပုံရိပ်တစ်ခုဖြစ်၏။ ကလောဈေးနေ့တွင် ပတ်ဝန်းကျင်ရှိ တောင်လား၊ တောင်ကွဲ၊ ဝက်ဖြူရေ၊ ရွှေမင်းဖုန်း၊ ကမ်းပါးနီ၊ ရေချို၊ လွယ်အံ့၊ ဟင်းခါး ကုန်း၊ ခွေးရုပ် စသည့်ကျေးရွာပေါင်း ၅၅ ရွာမှ ဒေသခံတိုင်းရင်းသားများက ၎င်းတို့၏ဒေသထွက် အသီးအနှံ၊ အစားအစာများ၊ ပန်းမန်များ လာရောက် ရောင်းချကြသည်။ ဒေသခံများကလည်း စားသောက်ဆိုင်များ၊ ကုန်မာဆိုင်များ၊ ကုန်စို၊ ကုန်ခြောက်ဆိုင်များ၊ အဝတ်အထည်ဆိုင်များ၊ ဒေသထွက် အမှတ်တရပစ္စည်း အရောင်းဆိုင်များဖြင့် စုံလင်စွာရောင်းချကြ၏။
Jun 17, 2024

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်လုပ်ငန်းများအနက် ပဏာမကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းလည်းပါဝင်ပါသည်။ ၎င်းအခန်းကကို သက်ဆိုင်ရာနိုင်ငံတို့၏ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိပညာရှင်တို့က အလေးအနက်ပြု၍ အကောင်အထည်ဖော်ဆောင်ရွက်နေကြပါသည်။
Jun 17, 2024

မြန်မာလူမျိုးတို့၏ နေ့စဉ်ချက်ပြုတ်စားသောက်မှုအလေ့အထတွင်စားသုံးဆီသည် အဓိကအခန်းကဏ္ဍမှ မပါမဖြစ်ပါဝင်နေသည်ကို တွေ့ရှိရပေမည်။ ရှေးမြန်မာများလက်ထက်ကပင် “ဆီရွှဲ ဖွဲ တောင် ဟင်းဖြစ်” ဟု တင်စားရလောက်အောင် စားသုံးဆီကိုနှစ်ခြိုက်စွာ စားသုံးခဲ့ကြသည်မှာ ယခုကာလအထိပင်ဖြစ်ပေသည်။ မြန်မာနိုင်ငံ၏ လူဦးရေတိုးတက်လာမှုနှင့်အတူ ခေတ်နှင့်အညီ ပြောင်းလဲလာသော စားသောက်မှုပုံစံများကြောင့် ပြည်ပမှမှာယူတင်သွင်းရသော စားသောက်ကုန်အမျိုးမျိုးအနက် စားသုံးဆီသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။
Jun 17, 2024

၂၀၀၀ ပြည့်လွန်နှစ်များအတွင်းက လုပ်ငန်းတာဝန်ဖြင့် မြန်မာပြည်အနှံ့အပြား ခရီးအတော်များများ သွားရောက်ခဲ့ဖူးပါသည်။ ဖလမ်း၊ တီးတိန်၊ ဟားခါး။ မြူနှင်းဝေဝေကြားက တောင်ပေါ်မြို့ကလေးများ။ ခမ်းနားထည်ဝါလှသည့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ။ ကလေးမြို့မှ တောင်တက်ခရီးအစ သိုင်းငင်ရောက်သည်နှင့် မြေပြန့်နှင့်မတူ တစ်မူထူးခြားလှပသည့် တောင်ပေါ်ရှုခင်းများက ရှုမောမဆုံး။ အေးချမ်းသာယာလှပပါသော ချင်းပြည်နယ်။