Apr 02, 2024

မြန်မာနိုင်ငံတွင် တာဝန်သိခရီးသွားလုပ်ငန်း ဖော်ဆောင်ခြင်းဖြင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားများကို ကြီးကြပ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေသည့်အကြောင်း မျှဝေဖော်ပြလိုပါသည်။ “တာဝန်သိခရီးသွားလုပ်ငန်း ဖော်ဆောင်ခြင်း” နှင့် “နိုင်ငံခြားသားကမ္ဘာလှည့် ခရီးသွားများကို မည်ကဲ့သို့ ကြီးကြပ်စောင့်ရှောက်ကူညီသလဲ” ဟူသည့် အချက်နှစ်ချက်အပေါ်အခြေခံ၍ ရေးသားတင်ပြသွားမည်ဖြစ်ပါသည်။
Apr 01, 2024

လူနှင့်သက်ရှိအားလုံးအတွက် ‘လေ’ ပြီးလျှင် ‘ရေ’ ကို ညွှန်ပြရမည်ဖြစ်သည်။ ဓာတ်ကြီးလေးပါးတွင် အာပေါဓာတ်ဟုခေါ်ဆိုသည့် ရေ၏အရေးပါမှု သည် လွန်စွာနက်ရှိုင်းလှပြီး သက်ရှိကမ္ဘာကို ကိုယ်စားပြုလျက်ရှိသည်။ ရေအသက်တစ်မနက် ထမင်းအသက် ခုနစ်ရက်ဆိုစကားသည် ရေမရှိလျှင် မဖြစ်နိုင်သည့် အဓိပ္ပာယ်ကိုဆောင်ပေသည်။ သက်ရှိ အားလုံးအတွက် မရှိမဖြစ် “ရေ”ဟု ဆိုရပါမည်။ ရေမရှိပါက သက်ရှိအားလုံး သေဆုံးရမည်ဖြစ်သည်။ ရေနှင့်ဆက်စပ်နေသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှာလည်း တစ်မုဟုတ်ချင်း ပျက်စီးရမည်ဖြစ်သည်။ မြစ်ချောင်း၊ အင်းအိုင်များတွင် ရေများစွာတွေ့မြင်ရခြင်းက လာဘ်ကြီးတစ်ပါး ပိုင်ဆိုင်ရသည့်ပမာ တူညီလှသည်။ သန့်ရှင်းသည့် ရေသည် လူအပါအဝင် သက်ရှိအားလုံးအတွက် အကျိုးပြုဆုံး ဆေးဝါးရိက္ခာ၊ နိုင်ငံတစ်နိုင်ငံ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကဏ္ဍအသီးသီးမှ ဘက်စုံသုံးအဖြစ် ထောက်ပံ့ကူညီပေးလျက် ထိရောက်စွာအကျိုးပြုလျက်ရှိသည်။
Mar 31, 2024

လျင်မြန်တဲ့ပြောင်းလဲမှုနဲ့ ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ ဒီကနေ့ကမ္ဘာကြီးမှာ အောင်မြင်မှုကို နည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ၊ ပညာရေးအရည်အချင်း သတ်မှတ်ချက်တွေနဲ့ပဲ ဆုံးဖြတ်ဖို့ မလုံလောက်တော့ပါဘူး။
Mar 31, 2024

(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ် ပေါင်းလောင်း-ကြို့ပင်သာစစ်တောင်းမြစ်ကူးတံတားဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၄ ရက်နေ့ နံနက် ၈ နာရီအချိန်က အဆိုပါတံတားထိပ်မုခ်ဦး အနီး၌ ကျင်းပပြုလုပ်ခဲ့ရာ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။ ယင်းစစ်တောင်းမြစ်ကူးတံတားသည် အရှည် ပေ ၆၀၀ ရှိပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်၊ နေပြည်တော်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသိန်း၊ အင်ဂျင်နီယာချုပ်များဖြစ်ကြသော ဦးကျော်ကျော်ထွေးနှင့် ဦးဇော်မိုးဦးတို့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ညွှန်ကြားရေးမှူး ဦးကျော်မိုးနိုင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမောင်ဆွေ၊ အငယ်တန်းအင်ဂျင်နီယာ-၂ ဦးပွင့်ဆန်းဦး၊ အငယ်တန်းအင်ဂျင်နီယာ-၄ ဦးဟိန်းမင်းသန့်တို့က ပြည်ထောင်စုရန်ပုံငွေ၊ နေပြည်တော် ကောင်စီရန်ပုံငွေတို့ဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ကြသည်။ တံတားချဉ်းကပ် လမ်းနှင့် မြေကြီးတာပေါင်တင်ခြင်း၊ကျောက်ရောမြေခင်းခြင်းလုပ်ငန်းများကို နေပြည်တော်တာဝန်ခံ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်ဇော်၊ လယ်ဝေးခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လင်းအိအိမျိုး၊ လယ်ဝေးမြို့နယ် ကျေးလက်လမ်းမှ ဦးစီးအရာရှိ ဒေါ်ထက်ခိုင်စိုး၊ အငယ်တန်းအင်ဂျင်နီယာ-၂ ဦးဣန္ဒြေစိုးသာတို့က တာဝန်ယူဆောင်ရွက်ခဲ့ကြသည်။
Mar 31, 2024

“လောကကို ကောင်းအောင်ပြုလုပ်ရာ၌ တစ်ယောက် နှစ်ယောက်ပြုလုပ်၍မကောင်း၊ အများနှင့်ပြုလုပ်မှ ကောင်းသည်။
Mar 29, 2024

၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့ နံနက် ပိုင်းက ရခိုင်ပြည်နယ် ကမ်းရိုးတန်း ဒေသကိုဖြတ်ကျော်ပြီး စစ်တွေမြို့အနီးမှ ဝင်ရောက်တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်း မုန်တိုင်း “မိုခါ” (MOCHA) ၏ အဖျက် စွမ်းအားမှာ အလွန်ကြီးမားလှပါသည်။ ဆိုင်ကလုန်းမုန်တိုင်း အမည်ရှေ့တိုင်း၌ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းဟု ပညတ်ကြသော်လည်း ယခုမိုခါဆိုင်ကလုန်းမုန်တိုင်းမှာမူ အမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၂၀ အထိရှိသဖြင့် “အလွန့်” အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာခဲ့သည်။
Mar 28, 2024

အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Strom) “မိုခါ” က ဘင်္ဂလားပင်လယ်အော် အရှေ့တောင် ပိုင်း၊ ယင်းနှင့်ဆက်စပ်နေသည့် ကပ္ပလီ ပင်လယ်ပြင်တို့မှနေ၍ မကြုံစဖူး ကြီးမားပြင်းထန်လှသောအင်အားဖြင့် မြန်မာ နိုင်ငံကို ခြိမ်းခြောက်နေချိန်။ ၂၀၂၃ ခုနှစ် မေလ ၁၄ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအရေးပေါ်အစည်းအဝေးကို နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး စုဝေးခန်းမ၌ ကျင်းပခဲ့သည်။ မုန်တိုင်းမကျ ရောက်မီနှင့် ကျရောက်ပြီးချိန်များတွင် လိုအပ်သည့် အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ရေးအတွက် ကျင်းပပြုလုပ်သည့် အဆိုပါအရေးပေါ် အစည်းအဝေးတွင် နိုင်ငံတော်အကြီးအကဲက ဤဆောင်းပါးအစတွင် ဖော်ပြခဲ့သည့်အတိုင်း အမှာအကြားပြုခဲ့သည့်အပြင် “ထိခိုက်မှုအနည်းဆုံးဖြင့် မုန်တိုင်းအန္တရာယ်ကို အောင်မြင်စွာ ကျော်လွှားနိုင်ရေး မိမိကိုယ်တိုင် မျက်ခြည်မပြတ် စောင့်ကြည့်ပြီး အချိန်နှင့်တစ်ပြေးညီ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း” ကိုလည်း ပြောကြားခဲ့သည်။
Mar 27, 2024

ကျောက်တော်မြို့သည် မြန်မာနိုင်ငံ၏ အနောက်ဘက် ရခိုင်ပြည်နယ် မြောက်ဦးခရိုင်တွင် ပါဝင်သည်။ အရှေ့ဘက်တွင် မြောက်ဦးမြို့နယ်၊ အနောက်ဘက်တွင် ဘူးသီးတောင်မြို့နယ်၊ တောင်ဘက်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဘက်တွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မြို့တစ်မြို့ ဖြစ်သည်။
Mar 26, 2024

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Mar 26, 2024

မြန်မာနိုင်ငံအတွင်း၌ ရိုးရာဓလေ့ကို လက်ဆင့်ကမ်းထိန်းသိမ်းပြီး ဘုရားပွဲတော်သို့ လှည်းယဉ်များဖြင့် ဘုရားဖူးသွားရောက်သည့် ချစ်စရာရိုးရာဓလေ့သည် မင်းဘူး(စကု)မြို့နယ်ရှိ မင်းလှကျင်းကျေးရွာ တစ်ရွာသာကျန်ရှိတော့သည်။