Jun 06, 2026
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းသည် ယနေ့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ TV BRICS သတင်းဌာနနှင့် တွေ့ဆုံပြီး မေးမြန်းမှုများကို ဖြေကြားသည်။
Jun 06, 2026
ကယားပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ နေပြည်တော်သို့ လေ့လာရေးခရီးလာရောက်ကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ ကိုယ်စားလှယ်များအား ယနေ့ညပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
Jun 06, 2026
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။
Jun 06, 2026
တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိအား ယနေ့နံနက် ၁၁ နာရီတွင် ပေကျင်းမြို့ရှိ ကျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာသို့ သွားရောက်တွေ့ဆုံသည်။
Jun 06, 2026
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း
Jun 06, 2026
ဘင်္ဂလားပင်လယ်အော်ဒေသတွင်း ကဏ္ဍပေါင်းစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (ဘင်းမ်စတက်) ၏ (၂၉) နှစ်မြောက် နှစ်ပတ်လည်နေ့မင်္ဂလာအခါသမယတွင် မိမိအနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူများကိုယ်စား ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံအစိုးရများ၊ ပြည်သူများနှင့် ဘင်းမ်စတက်အတွင်းရေးမှူးရုံးတို့ကို နွေးထွေးစွာ နှုတ်ခွန်းဆက်သလျက် ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
Jun 06, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါ၍ နေပြည်တော် ရေဆင်းတက္ကသိုလ်များနယ်မြေရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ပဲမျိုးစုံသီးနှံ သုတေသနဌာနစုမှ သုတေသနပြုထုတ်လုပ်ထားသည့် သီးနှံမျိုးစေ့များအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jun 06, 2026
၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရေဆင်းသစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
Jun 06, 2026
ကုန်စည်စီးဆင်းမှုလွယ်ကူချောမွေ့မှု၊ ကုန်သွယ်စီးပွားကောင်းမွန်မှု၊ ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့အတွက် လမ်းပန်းဆက်သွယ်ရေး လုံခြုံစိတ်ချကောင်းမွန်မှုသည် အရေးကြီးသောအချက်ဖြစ်သည်။ ပြည်တွင်း၊ ပြည်ပကုန်သွယ်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ ကုန်သွယ်လမ်းကြောင်းများ၌ ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတို့ရှိသည့်အနက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအမျိုးမျိုးတို့သည် ပြည်တွင်း၊ ပြည်ပသွင်းကုန်၊ ထုတ်ကုန်များအတွက် အဓိကကျသော သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများဖြစ်သည်။
Jun 06, 2026
ကမ္ဘာတစ်ဝန်းလုံးတွင် လမ်းပေါ်မတော်တဆမှု (Road Accident) များကြောင့် နှစ်စဉ်ပျမ်းမျှ လူ ၁ ဒသမ ၃ သန်းခန့် အသက်ဆုံးရှုံးနေရပြီး လူသန်းပေါင်း ၅ဝ ကျော် ထိခိုက်ဒဏ်ရာရရှိနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။ ယာဉ်မတော်တဆမှုများကြောင့် သေဆုံးရမှုများတွင် ဖွံ့ဖြိုးဆဲနိုင်ငံများက အများဆုံးဖြစ်ရာ အာဖရိကနှင့် အရှေ့တောင်အာရှဒေသတို့က ထိပ်ဆုံးတွင်ရှိသည်။
Jun 05, 2026
NUG ၊ CRPH အကြမ်းဖက်အဖွဲ့များ၏ သွေးထိုးမြှောက်ပင့်ပေးမှုများကြောင့် PDF အမည်ခံအကြမ်းဖက်သမားများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်စီးစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ဒေသခံပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်၊ ဗိုလ်ကျ၊ ဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို တရားဥပဒေမဲ့ကျူးလွန်လျက်ရှိသည့်အပြင် ဌာနဆိုင်ရာ အဆောက်အအုံများ၊ ပြည်သူပိုင်နေအိမ်များ၊ လမ်း၊ တံတားများအား Drop Bomb ချတိုက်ခိုက်ခြင်း၊ လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများ အသုံးပြု၍ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းများကို ယုတ်မာရိုင်းစိုင်းစွာ ပြုလုပ်လျက်ရှိသည်။
Jun 05, 2026
နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသတွင်းလူမှု စီးပွားဘဝများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့် မြို့၊ ရွာများနှင့် ဝေးလံခေါင်ဖျားပြီး သွားလာရေးခက်ခဲသော ဒေသများ၌ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ ပညာရေးကဏ္ဍ မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ပြည်သူလူထု၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်အတွက် လိုအပ်သည်များကို လုပ်ဆောင်ပေးရန် လမ်းညွှန်ထားရှိရာ တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်ကို အကောင်အထည်ဖော်ရန်အတွက် ဝေးလံခေါင်းဖျားပြီး သွားလာရေး ခက်ခဲသောဒေသများသို့ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဌာနဆိုင်ရာအတွက် လိုအပ်သော ရုံးသုံးပစ္စည်းများ၊ ပြည်သူလူထု၏ စားသောက်ရေးအဆင်ပြေစေရန်အတွက် လိုအပ်သော စားသောက်ကုန်များ၊ လူသုံးကုန်များ၊ ပညာရေးကဏ္ဍမြှင့်တင်ရန်အတွက် လိုအပ်သော ကျောင်းသုံးပစ္စည်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သော ဆေးဝါးနှင့် ဆေးပစ္စည်းများကို တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။
Jun 05, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ဖလမ်းမြို့၊ ဟားခါးမြို့နှင့် ဒေသတစ်ဝိုက်ရှိ ဒေသခံတိုင်းရင်းသားပြည်သူများ၏ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရေးအတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးအပ်သည့် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ကျောင်းသုံး/ ရုံးသုံးပစ္စည်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ဒေသခံပြည်သူများအတွက် အခြားကူညီထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်၍ ကလေးမြို့မှ ထွက်ခွာလာသည့် မော်တော်ယာဉ်များသည် ဖလမ်းမြို့နှင့် ဟားခါးမြို့များသို့ ထပ်မံရောက်ရှိခဲ့ကြောင်း သိရှိရသည်။
Jun 05, 2026
အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ထပ်မံကျူးလွန်ခြင်း မပြုနိုင်စေရေးအတွက် အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့်ပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၃ ထပ်လူနေ အဆောက်အအုံ ၃ လုံးကို ထပ်မံ၍ စနစ်တကျ ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
Jun 05, 2026
(၂၉) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် မျက်နှာစုံညီအစည်းအဝေး (Plenary Session) ကို ယနေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် စိန့်ပီတာစဘတ်မြို့ရှိ EXPOFORUM Convention and Exhibition Centre ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
Jun 05, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jun 05, 2026
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၅) သင်တန်းမှ နိုင်ငံ့သားကောင်း သင်တန်းသားများအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံသည်။
Jun 05, 2026
အင်ဒိုနီးရှားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ASEAN U19 BOYS’ BANK SUMUT CHAMPIONSHIP 2026 ပြိုင်ပွဲ အုပ်စု(A)၏ ဒုတိယမြောက်ပွဲစဉ်ကို ယနေ့ညနေပိုင်းတွင် Sumatera Utara အားကစားကွင်း၌ကျင်းပရာ ဗီယက်နမ် ယူ-၁၉ အသင်းက မြန်မာ ယူ-၁၉ အသင်းကို ငါးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာယူ-၁၉ အသင်းသည် အဖွင့်ပွဲစဉ်၌လည်း အိမ်ရှင် အင်ဒိုနီးရှားအသင်းကို သုံးဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ယနေ့ပွဲတွင် ဗီယက်နမ် ယူ-၁၉ အသင်းအနေဖြင့် မြန်မာ ယူ-၁၉ အသင်းအားငါးဂိုးပြတ် အနိုင်ရရှိခဲ့ခြင်းကြောင့် အကြိုဗိုလ်လုပွဲတက်ရန် သေချာသလောက် ရှိသွားပြီဖြစ်သည်။
Jun 05, 2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ အုပ်ချုပ်သူများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အထင်ကရနေရာများကို သွားရောက်လေ့လာကြသည်။
Jun 05, 2026
အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးညီညီသည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ အားကစားရုံများနှင့် Football For School အစီအစဉ်အရ ဘောလုံးအပါအဝင် အခြားသောအားကစားနည်းများ၏ အခြေခံအားကစားသင်တန်း ဖွင့်လှစ်သင်ကြား ပို့ချလေ့ကျင့်ပေးနေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
