Skip to main content

Mar 03, 2020

ရန်ကုန် မတ် ၃

မြန်မာနိုင်ငံအတွင်းရှိ ဈေးများနှင့်ဈေးပြင်ပတွင် ရောင်းချလျက်ရှိသော အစားအသောက် များ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လက်တွေ့ကျသော နည်းဗျူဟာဖော်ဆောင်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ” ဖွင့်ပွဲကို ယမန် နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2020

နေပြည်တော် မတ် ၃

ပဋိပက္ခအတွင်း အမျိုးသမီးများအားအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2020

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မတ်လ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့ နိုင်ငံများ၏COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေမှာ ကမ္ဘာ့ဒေသအသီးသီးတွင် ရောဂါဖြစ်ပွားသောနိုင်ငံများ ဆက်တိုက်များပြားလာခဲ့ကြောင်းနှင့် နိုင်ငံပြင်ပမှရောဂါကူးစက်မှုများ သာမက နိုင်ငံတွင်း၌ပါရောဂါကူးစက်မှုများ ရှိလာကြောင်း သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် ဖေဖော်ဝါရီလ၂၈ ရက်နေ့ကတည်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများအားလုံးတွင် ရောဂါကူးစက်ဖြစ်ပွားမှု အလွန်မြင့်မားသည့် အဆင့်အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2020

၂၀၂၀ ပြည့်နှစ် နွေရာသီရေရှားပါးကျေးရွာများ သောက်သုံးရေ ရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ ရက်က နေပြည်တော်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တွင် ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက “နွေရာသီ ရေရှားပါးမှု ပြဿနာကို ဖြေရှင်းရာတွင် သောက်သုံးရေဖြန့်ဝေခြင်းကဲ့သို့ လတ်တလော ဆောင်ရွက်မည့် အစီအစဉ်များသာမကကျေးရွာများ၏ ရေရှားပါးရခြင်း အဓိကအကြောင်းရင်းများကို ဖော်ထုတ်ပြီး ဖြေရှင်း နိုင်မည့် ကာလတို၊ ကာလလတ် အစီအမံများကို ရေးဆွဲ၍ စနစ်တကျဆောင်ရွက်ရန်” မှာကြားသွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2020

နေပြည်တော်၊ မတ် ၂

တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကို ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မတ်(၁)ရက် ရက်စွဲဖြင့် အသိပေးချက် တစ်ရပ်ထုတ်ပြန်ထားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2020

ရန်ကုန် မတ် ၂

မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)က ကြီးမှူးကျင်းပသည့် ၂၀၂ဝခုနှစ် ပွန်ဂဲလ်(ခေါ်) ကောက်သစ်စားပွဲနှင့် တောင်သူလယ်သမား ဦးကြီးများ ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ညပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏလမ်းဆုံအနီး သုဝဏ္ဏဘူမိ Event Park ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2020

နေပြည်တော်၊ မတ် ၂

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၁ ရက် မွန်းလွဲ ၂ နာရီတွင် ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်စံပြကျေးရွာရှိ တိုက်နယ် ဆေးရုံအနီး ကားလမ်းတွင် သန်းထွန်း မောင်းနှင် လာသော မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူး သွပ်ဆေးပြား ၂,၀၀၀ ကို သိမ်းဆည်းရမိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2020

ရန်ကုန် မတ် ၂

အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ဖွင့်ပွဲအခမ်းအနား ကျင်းပနိုင်ရေးဦစီးကော်မတီ ၏  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် အမျိုးသားစာကြည့်တိုက် (ရန်ကုန်)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2020

ရန်ကုန် မတ် ၂

တက္ကသိုလ်၊ ကောလိပ်များတွင် သက်ရွယ်ဆင့်တူကျန်းမာရေး ပညာပေးအစီအစဉ် စတင်ဆောင်ရွက်ခြင်း အခမ်းအနား ကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2020

ပုသိမ် မတ် ၂

တောင်သူလယ်သမားနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာအုပ်စု၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံမှ တောင်သူလယ်သမားနေ့ အခမ်းအနားသို့  ပေးပို့သော သဝဏ်လွှာအား ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးတင်အောင်ဝင်းက ဖတ်ကြားသည်.။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2020

လွိုင်ကော်   မတ် 

‘’မူပိုင်ခွင့်နှင့် တင့်မည့်မြန်မာ” မြန်မာနိုင်ငံမူပိုင်ခွင့်ဥပဒေများ မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကယားပြည်နယ် အသင်းခွဲဖြစ်မြောက်ရေး အခမ်းအနားကို ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက် နောင်းယားကန်သာအနီးရှိ YGN FOOD HOUSE ခန်းမဆောင်၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2020

မယ်စဲ့ မတ် ၂

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ပြည်သူ့ဆေးရုံ တိုးချဲ့လူနာ (၂) ထပ် ဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ည​နေ ၅ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်၊ မြို့မိမြို့ဖ ဦးခင်မောင်ဌေးတို့က မြို့နယ်ပြည်သူ့ဆေးရုံ တိုးချဲ့လူနာ(၂)ထပ်ဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2020

ရန်ကုန်  ဖေဖော်ဝါရီ  ၂၇

တက္ကသိုလ်ရာပြည့်ကျင်းပရေးကော်မတီက ဦးဆောင်၍ ရန်ကုန်တက္ကသိုလ် ဗုဒ္ဓဘာသာအသင်းကြီးနှင့် ရန်ကုန်တက္ကသိုလ်ဆရာများသမဂ္ဂတို့ ပူးပေါင်း ကျင်းပမည့် ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် ရာပြည့်ဓမ္မသဘင်ကို ရန်ကုန်တက္ကသိုလ် သစ်ပုပ်ပင်ရှေ့ မြက်ခင်းပြင်၌ မတ် ၇ ရက်၊ ၈ ရက်၊ ၉ ရက် ညစဉ် ၇ နာရီမှစတင်၍ ကျင်းပသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2020

မောင်တော  ဖေဖော်ဝါရီ  ၂၇

ပြည်တွင်း ပြည်ပ သတင်းမီဒီယာများ ပါဝင်သော သတင်းအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် စစ်တွေမြို့သို့ ရောက် ရှိကြပြီး အငူမော်မှတစ်ဆင့် မော်တော် ယာဉ်များဖြင့် မောင်တောမြို့သို့ ရောက်ရှိကြသည်။

ပြည်တွင်း ပြည်ပ သတင်းမီဒီယာ အဖွဲ့သည် မောင်တောမြို့ရှိ မောင်တော ခရိုင်အုပ်ချုပ်ရေးမှူးရုံး၌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်နှင့် မြို့နယ်တာဝန် ရှိသူများနှင့်တွေ့ဆုံပြီး သိရှိလိုသည် များကို မေးမြန်းကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2020

မောင်တော  ဖေဖော်ဝါရီ  ၂၇

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငါးခူရပြန်လည်လက်ခံ ရေးစခန်း၌ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၉ နာရီ ၃၅မိနစ် တွင် မိမိတို့ဆန္ဒအရ ပြန်လည်ဝင်ရောက်လာသည့် နေရပ် စွန့်ခွာသူ အိမ်ထောင်စု လေးစု၊ အမျိုးသား ကိုးဦး၊ အမျိုးသမီး ခုနစ်ဦး လူဦးရေစုစုပေါင်း ၁၆ ဦးအား ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်များအတိုင်း သက်ဆိုင်ရာတာဝန် ရှိသူများက စိစစ်လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

ယင်းသို့လက်ခံဆောင်ရွက်ရာတွင် ရှေးဦးစွာ လုံခြုံရေး တာဝန်ရှိသူများက သတ်မှတ်နေရာ၌ တစ်ဦးချင်းလုံခြုံရေး ဆိုင်ရာ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2020

သတင်းနှင့် အချက်အလက်ဆိုင်ရာ မဟာအဝေးပြေး လမ်းမကြီးပေါ်၌ နှစ်ဆယ်ရာစု အကုန်မှစတင်ကာ ကမ္ဘာ့နိုင်ငံအသီးသီးမှ ယာဉ်အမျိုးမျိုးသည် အားထုတ်မှုအဖုံဖုံဖြင့် အရှိန်မြှင့် မောင်းနှင်လာကြသည်မှာ အပြိုင်း အရိုင်းဖြစ်၏။ အပြိုင်အဆိုင်လည်း ဖြစ်၏။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2020

ပုသိမ်  ဖေဖော်ဝါရီ  ၂၈

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းအဆင့် ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများ၊ စက်ရုံမှူးများ၊ ခရိုင်နှင့်မြို့နယ် အုပ်ချုပ်ရေးမှူးများ၏ ၂၀၁၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ၆ လတာကာလအတွင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဧရာရွှေဝါခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2020

ညောင်ရွှေ  ဖေဖော်ဝါရီ ၂၈

ညောင်ရွှေမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် အင်းလေးနှင်းဆီ ပုဂ္ဂလိကအမှိုက်နှင့်မိလ္လာသိမ်းဆည်းရေးကုမ္ပဏီတို့ လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် မြို့နယ်စည်ပင်သာယာရေးဌာန၌ ကျင်းပကြောင်းသိရသည်။


ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်နှင့် တာဝန်ရှိသူများက အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2020

နေပြည်တော် ဖေဖော်ဝါရီ ၂၇

 

ဘွဲ့လွန်သင်တန်းများ ဝင်ခွင့်ရွေးချယ်ရေး နှီးနှောဖလှယ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်