Skip to main content

Mar 05, 2020

နေပြည်တော် မတ် ၅

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီနှင့် UNCTFMR တို့ တွေ့ဆုံညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်သည့် ကော်မတီဝင်များနှင့် UNCTFMR ဘက်မှ UNICEF, UNRCO, ILO, Save the Children , UNHCR,WFP, World Vision မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ဘားအံ  မတ်လ  ၆

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပညာရေးဝန်ကြီးဌာန၏ တိုင်းရင်းသားဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှုအခြေအနေများ တွေ့ဆုံရှင်းလင်းပွဲကို ယနေ့ နံနက် ၉နာရီတွင် ကရင်ပြည်နယ်တိုင်းရင်းသား လူမျိုးများရေးရာရုံး၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ပြည်၊ မတ်  ၊၅

ပဲခူးတိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ ပြည်ခရိုင် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကို ပြည်ခရိုင် မီးသတ်ဦးစီးဌာန၌ ယနေ့ နံနက် ၉ နာရီအချိန်တွင်ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

မန္တလေး  မတ် ၅

မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ အောက်ခြေစမ္မခဏ်နောက်ကျောဘက်တွင် အက်ကြောင်းများ ဖြစ်ပေါ်နေခြင်းအား ပြုပြင်မွမ်းမံဆောင်ရွက်သွားနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်ပြီး ဂေါပကအဖွဲ့နှင့် ပညာရှင်များ၏ ပထမအကြိမ်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက ဘုရားကြီးရင်ပြင်တော်ရှိ မိုးကောင်းဓမ္မာရုံတွင် ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

မန္တလေး မတ် ၅

ရှေးဦးကလေးသူငယ်ဘဝ အစောပိုင်းကာလ စာတတ်မြောက်ရေး စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအတွက် ပုံပြင်စာအုပ် အသုံးပြုခြင်း နည်းပြသင်တန်း ဖွင့်ပွဲကို မန္တလေးမြို့ရှိ Wilson Hotel တွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်ဆိုင် နှင့် မန္တလေးမြို့အခြေစိုက်တိုင်းရင်းသားလူမျိုးစုများအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မောင်မြင့်  တို့က အမှာစကားပြောကြားသည်။ ထို့နောက် UNICEF မှ Education Specialist ဒေါက်တာအေးအေးရီ က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ပခုက္ကူ  မတ် ၅

အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာကော်မတီ (မကွေးတိုင်းဒေသကြီး)၏ အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထား တင်ပြနိုင်ရေးအတွက် မကွေးတိုင်းဒေကြီးအစိုးရအဖွဲ့၊ အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေသည် ယနေ့ နံနက် ၉ နာရီခွဲအချိန်က ပခုက္ကူခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ အလုပ်ရှင်၊အလုပ်သမားများနှင့် တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ဂန့်ဂေါ မတ် ၅

မကွေးတိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီနှင့် အလုပ်ရှင်၊ အလုပ်သမားများ အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထားတင်ပြနိုင်ရေးတွေ့ဆုံပွဲကို   ယမန်နေ့နံနက်က ဂန့်ဂေါမြို့  မြစ်သာခန်းမ၌ ပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေက အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှူး ဦးကိုကိုလင်းက အနည်းဆုံး အခကြေးငွေဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ရန်ကုန် မတ် ၄

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (MJA) ၏ စီစဉ်မှုဖြင့် Staller Seven Entertainment မှ တာဝန်ယူကျင်းပသည့် Star Awards ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယခုနှစ် ဧပြီလ ပထမပတ်တွင် ကျင်းပရန်စီစဉ်ထားမှုအား ရက်ရွှေ့ဆိုင်းကျင်းပမည်ဖြစ်ကြောင်း ယင်းဆုရွေးချယ်ရေးကော်မတီမှ သတင်းထုတ်ပြန်သည်။

CORONAVIRUS DISEASE (COVID -19) ကူးစက်မြန်ရောဂါနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ အသိပေးနှိုးဆော်ပန်ကြားချက်များအရ ထိုသို့ထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်း သိရသည်။

အောင်သန့်(သုတေသန)

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

နေပြည်တော်  မတ်  ၄

ဒုတိယအကြိမ် မြန်မာ-ချက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့ရှိ ချက်နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်၊ ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဥရောပမဟုတ်သည့် နိုင်ငံများ၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဒုတိယဝန်ကြီး Mr. Martin Tlapa ၊ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဒေါ်ကေသီစိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

နေပြည်တော်  မတ်  ၄

မြေဩဇာကော်မတီ၏ အကြိမ် (၃၀) မြောက် အစည်းအဝေးကို ယနေ့  နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြေဩဇာကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ကော်မတီဝင်များ တက်ရောက်ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

နေပြည်တော် မတ် ၄

မြန်မာနိုင်ငံအနေဖြင့် ATIGA e – Form D လဲလှယ်ခြင်းဆိုင်ရာ ကိစ္စရပ်များအား ASW Live Operation သို့ ဝင်ရောက်ချိတ်ဆက်နိုင်ခဲ့ခြင်းအတွက် အထိမ်းအမှတ်တစ်ခုအဖြစ် ကုန်သွယ်မှု နှင့် ဆက်စပ်လျက်ရှိသော အစိုးရဌာနဆိုင်ရာများနှင့် ကုန်သွယ်မှု အသိုက်အဝန်းသို့ အသိပေး တင်ပြမည့် Launch Ceremony အခမ်းအနားကို မတ် ၆ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

(၄-၃-၂၀၂၀)ရက်နေ့၊ည(၉:၁၅)နာရီ
 

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး သံသယလူနာ၊ စောင့်ကြည့်လူနာနှင့် COVID-19 ရောဂါ ဖြစ်ပွားသူနှင့် ထိတွေ့ခဲ့သူများထံမှ ဓာတ်ခွဲနမူနာများရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) တွင် စစ်ဆေးလျက်ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယနေ့ညတွင် ထပ်မံ ပေးပို့လာသော ဓာတ်ခွဲအဖြေများအရ -

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

နေပြည်တော် မတ် ၄

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးအတွက် နိုင်ငံတော် အစိုးရ၊ UNDP ၊UNHCR တို့အကြား ချုပ်ဆိုထားသော နားလည်မှုစာချွန်လွှာအရ သက်ဆိုင်သည့် ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ UNDP ၊ UNHCR တို့မှ ကိုယ်စားလှယ်များပါဝင်သော နည်းပညာ လုပ်ငန်းအဖွဲ့၏ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များအတွင်း ကွင်းဆင်း လေ့လာတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ရန်ကုန် မတ် ၄

ရန်ကုန်တက္ကသိုလ် ဗုဒ္ဓဘာသာအသင်းကြီးနှင့် ဆရာ၊ ဆရာမများသမဂ္ဂတို့ ပူးပေါင်း၍ မတ်လ (၇ / ၈ / ၉)ရက်တို့တွင် ရန်ကုန်တက္ကသိုလ်ရာပြည့် ဓမ္မသဘင်သစ်ပုတ်ပင်မြက်ခင်းပြင်ရှေ့၌ ကျင်းပမည့် ရာပြည့်ဓမ္မ သဘင်ကို လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့်  ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းကြောင်း ရန်ကုန်တက္ကသိုလ် ဗုဒ္ဓဘာသာအသင်းကြီး ဥက္ကဋ္ဌ ဒေါက်တာခင်ခင်ဝင်းက ပြောသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

နေပြည်တော် မတ် ၄

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ Pen Myanmar အဖွဲ့နှင့် ပြည်ကြီးခင်အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် လွတ်လပ်စွာရေးသားထုတ်ဖော် ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

(၄-၃-၂၀၂၀)ရက်နေ့၊ည(၈:၀၀)နာရီ

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ (၇၂) နိုင်ငံတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှု ဖြစ်စဉ် နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက် ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှု ခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများ နှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက် ရှိပါသည်။

၂။ ထိုသို့ဆောင်ရွက်ရာတွင် -

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

နေပြည်တော် မတ် ၄

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ "တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ်" ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန − ၂ (MICC – 2) တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

နေပြည်တော်   မတ်   ၄

ILO ၏ အငယ်ဆုံးအသက်ပြဋ္ဌာန်းချက်အမှတ်-၁၃၈ အား လက်ခံကျင့်သုံးရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အမျိုးသားအဆင့်တိုင်ကြားမှု ယန္တရားထူထောင်ဆဲ ကြားကာလတွင် လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ အလုပ်သမား ရေးရာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ (High Level Working Group-HLWG) ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2020

ရန်ကုန် မတ် ၄

အဋ္ဌမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌမသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။

အဆိုပါအစည်းအဝေးသို့ နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာ နာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ ကြွရောက် တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

ဆက်လက်ဖတ်ရှုရန်