ဝေးလံခေါင်ဖျားဒေသသတင်းများ

Nov 04,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် လျှပ်စစ်ဓာတ်အားလိုင်းနှင့်ဝေးကွာပြီး လျှပ်စစ် ဓာတ်အား မရရှိသေး သည့် ပန်တိန်းကျေးရွာနေ ပြည်သူများအတွက် ဓာတ်အားလိုင်း တိုးချဲ့ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက အမျိုးသား လွှတ်တော် ကိုယ်စားလှယ်
Nov 04,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့တွင် အသက်(၂) နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို နိုဝင်ဘာ ၃ ရက် နံနက် ၈ နာရီခန့်ကစတင်၍ ဖာကေကျေးရွာနှင့် အူထန်ယန်ကျေးရွာများကို စတင်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
Nov 04,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ယနေ့ နံနက်(၁၁)နာရီအချိန်တွင် တွန်းဇံမြို့ပေါ်ရှိ ရပ်ကွက်များတွင် မဲရုံများပြင်ဆင်ဆောင်ရွက်မှုအခြေအနေ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 04,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ ၂၀၂၀ပြည့်နှစ်၊ နို၀င်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသော အသက်(၆၀)နှစ် အထက် မဲဆန္ဒရှင်သက်ကြီး ဘိုးဘွားများ ယနေ့နံနက် ၁၀ နာရီအချိန်က ကျီခါးမြို့ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲများ လာရောက် ပေးခဲ့ကြောင်း သိရသည်။
Nov 04,2020
ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးသူငယ်များအား ပုံမှန် ကာကွယ်ဆေးများ ထိုးနှံတိုက်ကြွေးပေးခြင်းကို ကျေးလက်ကျန်းမာရေးဌာန၌ ယနေ့နံနက် ၁၀ နာရီ အချိန်က ကျန်းမာရေး ဝန်ထမ်းများမှ ထိုးနှံပေးကြသည်။
Nov 04,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် ယနေ့ နံနက်(၁၀)နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပသည်။
Nov 04,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများ မီးဘေးအန္တရာယ်ကင်းရှင်းစွာ ဆန္ဒမဲပေးနိုင်ရန်နှင့် မဲရုံများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့ပေါ်ရှိ မဲရုံများအား မီဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယနေ့ နံနက် (၉) နာရီတွင် စစ်ဆေး ဆောင်ရွက်ခဲ့သည်။
Nov 04,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရေွးကောက်ပွဲအတွက် အသက် ၆၀ နှစ်နှင့် အထက် အသက်အရွယ်ကြီးရင့်သူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို မြို့လှမြို့အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက စတင်၍ ဆောင်ရွက်ခဲ့ကြသည်။