ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် ပြည်သူများမလိုအပ်ဘဲ အပြင်မထွက်စေရေး မြို့နယ် ကျော် ယာဉ်များ စစ်ဆေးဆောင်ရွက်
Jan 08,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက် ပျံ့နှံ့မှု မရှိစေရေး ကာကွယ်ထိန်းချုပ်နိုင်ရေး၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား စနစ်တကျ လိုက်နာနိုင်ရေးအတွက် ပြည်သူများ မလိုအပ်ဘဲ အပြင်မထွက်စေရေး၊ တစ်မြို့နယ်နှင့် တစ်မြို့နယ်သို့ နယ်မြေကျော်လွန် သွားလာခြင်း မရှိစေရေး၊ စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းများကို ယမန်နေ့ ညပိုင်းက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၂၉)ရပ်ကွက်၊ ပြည်ထောင်စုလမ်း၊တွင် မြို့နယ်ကျော်ယာဉ်များအား စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။