သတင်းများ

မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာသစ်(၆၂)ဦး ထပ်တိုးတွေ့ရှိ
Jan 03,2021
မကွေးတိုင်းဒေသကြီးတွင် ဇန်နဝါရီ ၂ ရက်နေ့က တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ထုတ်ပြန် ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာ(၆၂)ဦး ထပ်တိုး တွေ့ရှိခဲ့ပြီး တိုင်းဒေသကြီးအတွင်းမှာ အတည်ပြု လူနာပေါင်း (၂၅၉၀)ဦးအထိ ရှိလာကြောင်း သိရသည်။
ခေါဇာမြို့၌ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Jan 03,2021
လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများကို ပြည်သူများ လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ် မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး‌ဌာန (ရုံးချုပ်) မှ စီစဉ်ထုတ်ဝေသော လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက လူစည်ကားရာမြို့ကျက် သရေ ဆောင်ဈေးတွင် လိုက်လံ ဖြန့်ဝေခဲ့သည်။
သီပေါမြို့နယ်တွင် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Jan 03,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနဦးစီးမှူးနှင့် ဝန်ထမ်းများက ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်) မှ ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင် အတွဲ(၅)၊ အမှတ်(၁)ကို မြို့နယ် အတွင်းရှိ လူစည်ကားရာနေရာများဖြစ်သော မြို့မစျေး၊ ဝက်ဝံ(ယာယီပျံကျစျေး)၊ ကားဂိတ်၊ ဆိုက်ကားဂိတ် နှင့် ဌာနဆိုင်ရာရုံးများတွင် ယနေ့နံနက်ပိုင်းက ဖြန့်ဝေခဲ့သည်။
ထန်တလန်မြို့၌ မန္တလေးမှ ပြန်လာသူနှစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Jan 03,2021
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ မန္တလေးမှ ပြန်လည်ရောက်ရှိလာသူ(၉)ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT ဖြင့် စစ်ဆေးရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့တွင် ယမန်နေ့ ညနေပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
(၇၃) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေ
Jan 03,2021
၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ ကို ဂုဏ်ပြုကြို ဆိုသောအားဖြင့် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် (၇) နာရီ အချိန်က ဖြန့်ဝေခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ကလေးများ ဆော့ကစားရာမှ နေအိမ်တစ်လုံး မီးလောင်ကျွမ်း
Jan 03,2021
တောင်တွင်းကြီးမြို့နယ် ကင်ပွန်းတောင်အုပ်စု၊ သပြေပင်ကျေးရွာတွင် ယမန်နေ့ မွန်းလွဲ(၃)နာရီ ခန့်က ကလေးများ မီးဆော့ကစားရာမှ သွပ်မိုး၊ ပျဉ်ခင်း၊ ထရံကာ လေးပင်အိမ်တစ်လုံး မီးလောင် ကျွမ်းခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ကြရေး လူထု လှုပ်ရှားမှု Mask Campaign ဆောင်ရွက်
Jan 03,2021
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း လျော့ကျ စေရန်နှင့်ဖြစ်ပွား မှုမရှိစေရန်အတွက် ယနေ့နံနက်၈နာရီက
လှိုင်မြို့နယ်တွင် STOP COVID အဝါရောင် Mask Campaign လှုပ်ရှားမှု အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jan 03,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် သီရိမဂ်လာစျေး၌ ယမန်နေ့ နံနက်(၈)နာရီအချိန် က STOP COVID အဝါ ရောင် Mask Campaign လှုပ်ရှားမှုအားအရှိန်အ ဟုန်မြှင့်ဆောင်ရွက်ခဲ့ကြသည်။