သတင်းများ

နမ္မတူမြို့နယ်တွင် မွေးကင်းစမှ အသက် (၁) နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်း ဆောင်ရွက်
Jan 03,2021
နမ္မတူမြို့နယ်တွင် မွေးကင်းစမှ အသက် (၁) နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲ ခရိုင်၊ နမ္မတူမြို့နယ်၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။
ညောင်ဦးခရိုင်တွင် အသက် ၁၀၀ နှစ်အထက်ဘိုးဘွားများနှင့် အသက် ၈၅ နှစ် အထက်ဘိုး ဘွားများအား ထောက်ပံ့ငွေ အိမ်တိုင်ရာရောက် ကူညီထောက်ပံ့
Jan 03,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်း အသက် ၁၀၀ နှစ်အထက်ရှိ အဘိုး၊ အဘွားများနှင့် အသက် ၈၅နှစ်အထက်ရှိ အဘိုး၊အဘွားတို့အား လူမှုရေးပင်စင်ထောက်ပံ့ ပေးခြင်းနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကာလ အထူးထောက်ပံ့မှုအနေဖြင့် အသက် ၁၀၀ နှစ်နှင့် အထက်ဘိုးဘွားများအား ထပ်ဆောင်းထောက်ပံ့ငွေများ ယမန်နေ့က အိမ်တိုင်ရာရောက် ထောက်ပံ့ပေးခဲ့ကြောင်း ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ရုံးမှ ဒေါ်ဇင်မာဝင်း (ဦးစီးအရာရှိ) ထံက သိရသည်။
နတ်မောက်မြို့၌ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေ
Jan 03,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီး ဌာန (ရုံးချုပ်) မှပေးပို့သော (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်ခန့်က မြို့မဈေးရှိ ဈေးရောင်းဈေးဝယ်များ၊ ကားဂိတ် များ၊ လမ်းဆုံ လမ်းခွများ နှင့်ဒေသခံပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Jan 03,2021
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်) က စီစဉ်ထုတ်ဝေ သော ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက် မည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင် အတွဲ(၅) အမှတ် (၁)ကို ဇန်နဝါရီလ ၃ ရက်နံနက်၁၀ နာရီကဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
တာလေမြို့တွင် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Jan 03,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာလေမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာန (ရုံးချုပ်) မှ ၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် အတွဲ(၅) အမှတ် (၁) ကို ယနေ့နံနက်ပိုင်းက ဖြန့်ဝေခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် လယ်မြေဧက ၃၀၀၀ ကျော် အကျိုးပြုစေမည့် ကျေးရွာ ချင်းဆက်လမ်း အကောင်အထည်ဖော် ဆောင်ရွက်
Jan 03,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် လယ်မြေဧက ၃၀၀၀ ကျော် အကျိုးပြုစေနိုင်မည့် ပွင့်ဖြူမြို့နယ် တောင်မုန်းမြောင်းမကြီး လက်တံ(၁၄) မြောင်းဘောင်လမ်းအား ဒီဇင်ဘာ ၈ ရက်နေ့က စတင်၍ မြေနီကျောက်စရစ်လမ်း အဖြစ် အဆင့်မြှင့်တင် ဖောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
ခေါင်လန်ဖူးမြို့နယ်၌ လျှပ်တစ်ပြက် ကာကွယ်ဆေးစတင်ထိုးနှံ
Jan 03,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်၌ မွေးကင်းစမှ (၅) နှစ်အောက်ကလေးငယ်များ အား လျှပ်တစ်ပြက် ကာကွယ်ဆေးစတင်ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ခေါင်လန်ဖူး မြို့နယ်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် Mobile Market စျေးရောင်းယာဉ်များဖြင့် မီးဖိုချောင် သုံး စားသောက်ကုန်များအား ရောင်းချ
Jan 03,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ချုပ်တို့ ကြီးမှူး၍ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန် များအား သင့်တင့်​သော စျေးနှုန်းဖြင့် ပြည်သူများအလွယ်တကူ ဝယ်ယူရရှိနိုင် ရန်အတွက် ယမန်နေ့ နံနက်ပိုင်းက ရပ်ကွက်များအတွင်းသို့ ကားများဖြင့် လှည့်လည် ရောင်းချ ပေးခဲ့ကြောင်း သိရသည်။