သတင်းများ

၂၀၂၁ ခုနှစ်၊ (၇၃)နှစ်​​မြောက်လွတ်လပ်​ရေး​နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာ​စောင်များ အခမဲ့ဖြန့်​ဝေ​ပေး
Jan 03,2021
ကရင်ပြည်နယ်၊​ ကော့ကရိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် လွတ်လပ် ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင် အတွဲ(၅)၊ အမှတ်(၁)ကို ယနေ့ နံနက်ပိုင်းက ပျံကျ​စျေးနှင့် လူစည်ကားရာနေရာ လမ်းဆုံတို့တွင် လိုက်လံဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ခွေးရူးရောဂါကာကွယ်ဆေး လှူဒါန်းမှုဖြင့် ခွေးအကောင်တစ်ရာ အခမဲ့ထိုးနှံ
Jan 03,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်တွင် ခွေးရူးရောဂါများ မဖြစ်ပေါ် စေရေး ကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီစောက ကာကွယ်ဆေးအလုံးရေ တစ်ရာ လှူဒါန်းပေးခဲ့ရာ ခွေး အကောင်ရေ တစ်ရာအား ယနေ့ နံနက်ပိုင်းက အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။
လွိုင်ကော်မြို့နယ်အတွင်းရှိ အိုင်စန့်ကျေးရွာ (လီဆူးကျေးရွာ) နှင့် ဝမ်ငေါ့ရေတံခွန်တို့အား ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင်ရန်အတွက် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Jan 03,2021
ကယားပြည်နယ်တွင် Master Plan နှင့် Action Plan များရေးဆွဲဖော်ဆောင်နိုင်ရန်အတွက် ကယားပြည်နယ် ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ကယားပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန နှင့် လွိုင်ကော်ခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေး ကော်မတီတို့သည် ယမန်နေ့မွန်းလွဲပိုင်းက ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင် ရန်အတွက် လွိုင်ကော်မြို့နယ်အတွင်းရှိ အိုင်စန့်ကျေးရွာ (လီဆူးကျေးရွာ) နှင့် ဝမ်ငေါ့ရေတံခွန်တို့သို့ သွားရောက် ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
သောက်သုံးရေရှားသည့် ရွာသစ်တောင်ကျေးရွာသို့ သောက်သုံးရေလှူဒါန်း
Jan 03,2021
မန္တလေးတိုင်ဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေရှားပါးနေသော ရွာသစ် တောင်ကျေးရွာသို့ ညောင်ဦးမြို့ ပရဟိတ အဖွဲ့နှင့် ညောင်ဦးမြို့ ဥပဒေမိသားစုတို့မှ ယမန်နေ့က သောက်သုံးရေသွားရောက် လှူဒါန်းကြကြောင်း ခရိုင်ဥပဒေအရာရှိ ဦးစန်းဝင်းထံက သိရသည်။
မြန်မာ-တရုတ် နယ်စပ်ဂိတ်ဖြစ်သည့် မူဆယ်မန့်ဝိန်းဂိတ်အား (၂၄) နာရီဖွင့်လှစ်တော့မည်
Jan 03,2021
မြန်မာနိုင်ငံ၏ အဓိကပြည်ပကုန်သွယ်ရေးလမ်းကြောင်း ၇၃ ရာခိုင်နှုန်းအား ပိုင်ဆိုင်ထားသည့် (မူဆယ်-ရွှေလီဂျယ်ဂေါင်) ဝင်ထွက်ဂိတ်များအားလုံးကို ဇန်နဝါရီ(၅)ရက်မှစတင်ပြီး (၁၄)ရက်အထိစမ်းသပ်ကာလသတ်မှတ်ထားပြီး စမ်းသပ်ကာလ ရက်အလွန်တွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။
ကျေးလက်ကျန်းမာ​ရေးဌာနခွဲတွင် အသုံးပြုရန်အတွက်​​ ဒေါ်ခင်ကြည်​ဖောင်​ဒေးရှင်းမှ ဆေးရုံသုံး ပရိ​ဘောဂ ပစ္စည်းများ​​ ပေးပို့လှူဒါန်း
Jan 02,2021
မွန်ပြည်နယ်၊ ကျိုက်မ​ရောမြို့နယ်၊ နတ်စမ်း​ကျေးရွာ ဘိန်း​ဗျော​ကျေးလက် ကျန်းမာ​ရေး ဌာနခွဲ တွင် အသုံးပြုရန်အတွက် ​ဒေါ်ခင်ကြည်​ဖောင်​ဒေးရှင်းမှ ​ဆေးရုံသုံး ပစ္စည်းများ​ပေးအပ် လှူဒါန်းပွဲကို ယမန်​နေ့ နံနက်ပိုင်းက နတ်စမ်း​ကျေးရွာထိပ်ရှိ ဘိန်း​ဗျော ​ကျေးလက်ကျန်းမာ​ရေးဌာနခွဲခန်းမ၌ ပြုလုပ်ခဲ့သည်။
ထီးလင်းမြို့နယ်တွင် လွတ်လပ်ရေးနေ့ သိကောင်းစရာအကြောင်း အသိပညာပေး (Talk Show) ပြုလုပ်
Jan 02,2021
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့်(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လွတ်လပ်ရေးနေ့ သိကောင်းစရာအကြောင်း အသိပညာပေး (Talk Show) ကို ယနေ့ နံနက်ပိုင်းတွင် ဂန့်ဂေါခရိုင် ထီးလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပြုလုပ် သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြန်မာ့အာမခံလုပ်ငန်းမှ ငွေကျပ် (၈၃၀) သန်းကျော် ရရှိခဲ့ပြီး (၇၁) သန်းကျော် ပြန်လည် အသုံးပြုမှုများ ရှိခဲ့ဟုဆို
Jan 02,2021
စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်းမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးခုနှစ်အတွင်းက အာမခံ ဝန်ဆောင်မှု လုပ်ငန်းအမျိုးမျိုးမှ