သတင်းများ

အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Embassy of Denmark(Myanmar)မှ ကိုဗစ်-၁၉ ကော်မတီသို့ နှာခေါင်းစည်း(၄၀၀၀၀)ခု လှူဒါန်း
Dec 30,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်အတွင်းရှိ ကန့်သတ်စောင့်ကြည့်စင်တာ များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Embassy of Denmark(Myanmar)မှ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီသို့ နှာခေါင်းစည်း (၄၀၀၀၀)ခု လှူဒါန်းခြင်းကို ယနေ့ နံနက်(၈)နာရီ အချိန်က အင်းစိန်(GTI)ကန့်သတ်စောင့်ကြည့်စင်တာ(၁)တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝက်လက်မြို့နယ် ကျီးကန်ကျေးရွာတွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲဆောင်ရွက်
Dec 30,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ကျီးကန်ကျေးရွာတွင် မိုးစပါးစံကွက် ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ရာ ကွင်းအမှတ်-၃၂၇၅၊ ဦးပိုင် အမှတ်-၂၃၇ ရှိတောင်သူ ဦးမြင့်သိန်း၏ ပေါ်ဆန်းရင်စိုက်ဧက(၁၀)ဧကကို စမ်းသပ်ရိတ်သိမ်းခဲ့ပြီး တစ်ဧကလျှင်စပါးအစို (၉၈)တင်း ထွက်ရှိကြောင်းသိရသည်။
ကံမမြို့နယ် မုန်းဒါးလေးကျေးရွာတွင် မြေသားမိုးရေလှောင်ကန် တူးဖော်ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး
Dec 30,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ သောက်သုံးရေအခက်အခဲမရှိစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မုန်းဒါးကျေးရွာအုပ်စု၊ မုန်းဒါးလေးကျေးရွာ၌ မြေအောက်ရေ တူးဖော်ရန်ခက်ခဲပြီး ရေရှားပါးသည့်အတွက် မြေသား မိုးရေလှောင်ကန်အား တူးဖော်ဆောင်ရွက်ခဲ့မှုမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
ကော့ကရိတ်မြို့ နန်းအီခက်ကျေးရွာ ရွာတွင်းကွန်ကရစ်လမ်း ဖွင့်ပွဲကျင်းပ
Dec 30,2020
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း တတိယနှစ် စက်ဝန်း မြပတိုင်ကျေးရွာအုပ်စု နန်းအီခက်ကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲကို ကျေးရွာ ကော်မတီဝင်များ ဦးဆောင်၍ ယနေ့ နံနက် ၈နာရီခွဲ အချိန်တွင် အောင်မြင်စွာ ပြုလုပ်ကျင်းပ ခဲ့ပါသည်။
ညောင်လေးပင်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာလေးဦးတွေ့ရှိ
Dec 30,2020
ညောင်လေးပင်မြို့နယ်မှ ၁၃၉ ဦး၏ ဓါတ်ခွဲနမူနာများအား ဆေးသုတေသန(ရန်ကုန်)သို့ ပေးပို့ စစ်ဆေးခဲ့ရာ ၄ ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာအဖြစ် တွေ့ရှိရကြောင်း ယမန့်နေ့ ညက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် မီးဘေးသင့် အိမ်ထောင်စုအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်
Dec 30,2020
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ပေါက်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူနှင့် တာဝန်ရှိသူများက ပေါက်မြို့နယ် တပ်ကုန်းကျေးရွာအုပ်စု ရွာသစ်ကျေးရွာ မီးဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ယမန်နေ့ ညနေပိုင်းက ​​ထောက်ပံ့ပေးအပ်ခဲ့​ကြောင်း သိရသည်။
မြဝတီမြို့နယ်၊ ဖလူးကြီး-ထီးမယ်ဝါးခီးလမ်းပိုင်းအား ကွန်ကရစ်ခင်းရန် လုပ်ငန်းများ စတင် ဆောင်ရွက်မှု ကို သွားရောက်ကြည့်ရှုစစ်ဆေး
Dec 30,2020
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ်ဘတ်ဂျက် ခွင့်ပြုရန်ပုံငွေ ၆၉၈,၀၀၀ ကျပ်သန်းဖြင့် ဆောက်လုပ် ရေးဝန်ကြီးဌာန၊ မြဝတီမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ ကြီးကြပ်ဆောင်ရွက်နေသော မြဝတီမြို့နယ် ဖလူးကြီး-ထီးမယ်ဝါးခီးလမ်းပိုင်း ( ၂/၄ မိုင် x ၁၂ ပေ x ၂၁ လက်မထု ) ကွန်ကရစ်လမ်းခင်းရန် လုပ်ငန်းများဆောင်ရွက်နေမှုကို ယမန်နေ့နံနက်ပိုင်းက ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင် နှင့်အတူ သက်ဆိုင်ရာ တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ကောလင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ဆဌမအကြိမ် ထုတ်ချေး
Dec 30,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ကောလင်းမြို့နယ် ကြို့ပင်ကျေးရွာအုပ်စု၊ ထိန်အင်းကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်း၀င် အသင်းသားများအား မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ဆဌမအကြိမ် ထုတ်ချေးပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ထိန်အင်းကျေးရွာ ရွာဦးဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။