သတင်းများ

တောင်တွင်းကြီးမြို့နယ် ပရပ်ကြယ်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသော အတည်ပြု လူနာ (၄) ဦး ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းခွင့်ပြု
Dec 30,2020
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပရပ်ကြယ်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံ ယူနေသော ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၄) ဦးသည် သတ်မှတ်ရက် (၁၁) ရက် စောင့်ကြည့်ကုသပြီးဖြစ်၍ ယနေ့နံနက်က ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။
နတ်မောက်မြို့နယ် ထန်းပင်ချိုင်း အ.လ.က (ခွဲ) ကျောင်းတွင် ကိုယ်ထူကိုယ်ထ တိုးချဲ့ဆောင် ထပ်မံ ဆောက်လုပ်
Dec 30,2020
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ထန်းပင်ချိုင်း ( အ.လ.က ခွဲ ) ကျောင်းတွင် ကိုယ်ထူ ကိုယ်ထ တိုးချဲ့ဆောင် ထပ်မံဆောက်လုပ်နေမှုအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးနှင့် အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုစစ် ဆေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ် ကျေးရွာလေးရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ်သိန်း (၁၇၀၀) ကျော် ထုတ်ချေး
Dec 30,2020
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ စခန်းမကျေးရွာ၊ သာယာအေးကျေးရွာ၊ စာရံအိုင့် ကျေးရွာနှင့် န-လက္ခုပ္ပင်ကျေးရွာ လေးရွာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ မြစိမ်းရောင် စီမံကိန်း ရန်ပုံငွေကျပ်သိန်း (၁၇၀၀)ကျော်ကို ယမန်နေ့ နံနက်ပိုင်းက ထုတ်ချေးပေးအပ် ခဲ့ကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှသိရသည်။
မကွေးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ
Dec 30,2020
မကွေးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများကော်မတီမှ တိုင်းဒေသကြီးအတွင်း မြို့နယ် အသီးသီးတွင် ဆောင်ရွက်လျက်ရှိကြသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများ ကလေး သူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အစည့်အဝေး(၃/၂၀၂၀)ကို ယမန်နေ့ နေ့လယ် ၃ နာရီက မကွေးမြို့ မကွေးမူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပသည်။
မြောက်ဥက္ကလာပမြို့နယ် (ခ)ရပ်ကွက်တွင် နှာခေါင်းစည်း Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး ဆောင်ရွက်
Dec 30,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများကြောင့် ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ရှိပါက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးအတွက် နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်းရှိ/မရှိနှင့် တပ်ဆင် သော်လည်း စနစ်တကျတပ်ဆင် ခြင်းရှိ/မရှိ စစ်ဆေး ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ရန်ကုန်တိုင်း ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (ခ)ရပ်ကွက်ဈေးတွင် ကိုဗစ်-၁၉ စည်းကမ်းထိန်း သိမ်းရေးအဖွဲ့မှ ဆောင်ရွက်ခဲ့သည်။
ပင်လောင်းမြို့နယ်၌ ဆောင်းသီးနှံကြက်သွန်ဖြူစိုက်ခင်းများ အောင်မြင်
Dec 30,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပေါ့အင်ကျေးရွာ အုပ်စု၊ ဘုရားဖြူကျေးရွာ၌ ဆောင်းသီးနှံအဖြစ်စိုက်ပျိုးသည့် ကြက်သွန်ဖြူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံတောင်သူတစ်ဦးထံမှ သိရသည်။
ဖျာပုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် ဖွင့်လှစ်နိုင်ရေး စစ်ဆေးဆောင်ရွက်
Dec 30,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင် စနစ်ဖြင့်ဖွင့် လှစ်ရောင်းချနိုင်ရေး သက်ဆိုင်ရာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေပေါ်တုံ့ပြန်ရေး ကော်မတီမှ ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ မြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြသည်။
ချင်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီနှင့် စေတနာအလှူရှင်တို့ ပူးပေါင်းပြီး ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီထံသို့ နှာခေါင်းစည်း၊ လက်အိတ်နှင့် မျက်နှာကာများလှူဒါန်းပေး
Dec 30,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိရေးကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီနှင့် စေတနာအလှူရှင် ကိုမင်းမင်း(ခ)ကိုဝင်းမင်းရှိန် ACE (Wine & Liquor Mart) တို့ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း (Mask) ၂၅၀၀ ခု၊ လက်အိတ် (Glove) ၂၀၀ ခုနှင့် မျက်နှာအကာ (Face Shield) ၂၀၀ တို့ကို ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီထံသို့ ဒီဇင်ဘာ ၂၉ ရက်က ရိခေါ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူးရုံး၌ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။