သံတောင်ကြီးမြို့ ၊ အမှတ်(၃)ရပ်ကွက် ၊ လိပ်သိုလမ်းတွင်ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်
Dec 30,2020
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြိုနယ်တွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန် စေရန် ၊ ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေလွယ်ကူစေရန် ၊ ဒေသဖွံ့ဖြိုးတိုးတက်စေရန် အတွက် ကျေးရွာအတွင်း နှင့် မြို့ပေါ်ရပ်ကွက်များတွင် လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင် ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် သံတောင်ကြီးမြို့ အမှတ်(၃)ရပ်ကွက် လိပ်သိုလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။