သတင်းများ

ပင်းတယမြို့တွင် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 30,2020
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့၌ ကျရောက်မည့် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် အတွဲ (၅)၊ အမှတ် (၁) “သတင်းစကား” လက်ကမ်းစာစောင်အား ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ပင်းတယမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက ပင်းတယမြို့ ယာယီဈေး ၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ်(၂၆)ဦးထပ်တိုးတွေ့ရှိ အတည်ပြု လူနာပေါင်း (၂၅၀၅)ဦးထိရှိလာ
Dec 30,2020
မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်အရ ဒီဇင်ဘာ လ ၂၉ ရက်နေ့တွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ(၂၆)ဦး ထပ်တိုးတွေ့ရှိကာ တိုင်းဒေသကြီး အတွင်း အတည်ပြု လူနာပေါင်း(၂၅၀၅)ဦးထိ ရှိလာကြောင်း သိရသည်။
သရက်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ သရုပ်ပြသ ဆောင်ရွက်
Dec 30,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မီးလန့်မှု၊ မတော်တဆမီးလောင်မှုများဖြစ်ပွားလာပါက မီးငြိမ်းသတ်မှုများ အဆင်ပြေလွယ်ကူစေရေးအတွက် မီးငြိမ်းသတ်မှု သရုပ်ပြလေ့ကျင့်ခြင်း၊ ပိတ်မိ နေသောလူများရှိပါက အချိန်မီကယ်ဆယ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် သရုပ်ပြသခြင်း တို့ကို ယမန်နေ့ မွန်းလွဲပိုင်းက သရက်မြို့စည်ပင် သာယာဈေးအတွင်းနှင့် ဈေးရှေ့တို့တွင် ဆောင်ရွက်ခဲ့သည်။
ဆောင်းအစေ့ထုတ်ပြောင်း (IPM)နှင့် ဆောင်းမြေပဲ (IPM)စံပြစိုက်ခင်းများ အပင်ဖြစ်ထွန်းမှုနှင့် ပိုးမွှား ရောဂါကျရောက်မှုအခြေ ရှိ/မရှိ ကွင်းဆင်း ဆောင်ရွက်
Dec 30,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ သည် ဒီဇင်ဘာလ ၂၉ရက်​နေ့က ညောင်ဖြူပင်ကျေးရွာ(IPM) စံပြစိုက်ခင်းအား ကွင်းဆင်းရာ တွင် ဖောငမြောင်တောင် အနည်းငယ်တွေ့ရှိရကြောင်း သိရသည်။
နမ့်ဆန်မြို့နယ် ဟိုချောင်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အရင်းမပျက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်း လုပ်ငန်း ဆောင်ရွက်
Dec 30,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ကယားလမ်းကျေးရွာအုပ်စု ဟိုချောင်းကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျက် လည်ပတ်ရန်ပုံငွေထုတ်ချေးပေးခြင်း လုပ်ငန်းကို ယမန်နေ့နံနက်(၁၀)နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကလေးမြို့နယ်၊ ပျဉ်းခုံကြီးကျေးရွာတွင် E.M ဘိုကာရှီ မြေဆွေးပြုလုပ်နည်း လက်တွေ့ သရုပ်ပြ ဆောင်ရွက်
Dec 30,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ပျဉ်းခုံကြီးကျေးရွာရွာနေ တောင်သူများ သဘာဝ မြေဩဇာ ပြုလုပ် အသုံးပြုနိုင်ရန်နှင့်စနစ်တကျ လက်တွေ့အသုံးပြုနိုင်ရန်အတွက် E.M ဘိုကာရှီမြေဆွေး ပြုလုပ်နည်းကို ယနေ့နံနက်ပိုင်းက ပျဉ်းခုံကြီးစိုက်ပျိုးရေးနည်းပညာ ပြန့်ပွားရေးစင်တာတွင် လက်တွေ့ သရုပ်ပြ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ချင်းရွှေဟော်မှ နေရပ်ပြန်ပြည်သူများအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်
Dec 30,2020
ချင်းရွှေဟော်မြို့ရှိမြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှဝင်ရောက်လာသော တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံ သား နေရပ်ပြန်ပြည်သူ(၈)ဦးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဌ ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ယမန်နေ့၊ မွန်းလွဲ(၂)နာရီ အချိန်က လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။