Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ဝေါမြို့၌ စည်ပင်သာယာမြို့မဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်
Dec 30,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ မီးဘေးအန္တရာယ်လုံခြုံရေး အတွက် ဝေါမြို့စည်ပင် သာယာ မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် မီးဘေး လုံခြုံရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ် နှလုံးသားပရဟိတအဖွဲ့မှ အခြေခံလူတန်းစား အိမ်ထောင်စုများအား စားသောက်ကုန်များ ထောက်ပံ့လှူဒါန်း
Dec 30,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသောအခြေခံလူတန်းစား အိမ်ထောင်စုများနှင့် အဘိုးအဘွားများအတွက် စားသောက်ကုန် (၇)မျိုးအား ယမန်နေ့ မွန်းလွှဲပိုင်းက နှလုံးသားပရဟိတ(သီပေါ)အဖွဲ့မှ တစ်အိမ်တက်ဆင်း သွားရောက် ထောက်ပံ့ ပေးအပ် လှူဒါန်း ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့နယ် စည်ပင်သာယာရေးကော်မတီအသစ် ပြန်လည်ရွေးချယ်နိုင်ရန်အတွက် မြို့နယ်ရွေးချယ် ကြီးကြပ်ရေးအဖွဲ့ဝင်များ ရွေးချယ်
Dec 30,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ အသစ်ပြန်လည် ရွေးချယ်ရာတွင် ကြီးကြပ်စိစစ် ဆောင်ရွက်မည့် မြို့နယ်ရွေးချယ် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က မြို့နယ်အုပ်ချုပ် ရေးမှူးရုံး ပုလဲသီတာခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်းတော်ကြီးကန်နှင့် ပတ်ဝန်းကျင်ဒေသများကို လူထုအခြေပြု သဘာဝခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေးအတွက် Zoom Online Training သင်တန်းဖွင့်လှစ်
Dec 30,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း တည်ရှိသည့် အင်းတော်ကြီးကန်နှင့် ပတ်ဝန်းကျင်ဒေသများကို လူထုအခြေပြု သဘာဝခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်နှင့် ဒေသခံပြည်သူများ ဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ FFI (FAUNA & FLORA INTERNATIONAL)က Zoom Online Training ကို ဒီဇင်ဘာလ ၇ရက်နေ့မှစ၍ အပိုင်း(၃)ပိုင်းဖြင့် သင်တန်းဖွင့်လှစ်ခဲ့ကြောင်း FFI မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Field Coordinator ဦးဇော်မင်းထွန်းက ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
လွိုင်ကော်မြို့၌ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီများအတွက် အခြေခံလိုအပ်သည့် အချက်များအား အသိပညာပေး ရှင်းလင်းဆွေးနွေး
Dec 30,2020
မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီများအတွက် အခြေခံလိုအပ်သည့် အချက်များအား အသိပညာပေး ရှင်းလင်း ဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့နယ်၊ နောင်ယား (က)ရပ်ကွက်ရှိ GOLD Hotel ၌ ကျင်းပပြုလုပ်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
တာလေ၌ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှပြန်လည် ရောက်ရှိလာသူ အမျိုးသားအား အသွားအလာ ကန့်သတ် Home Quarantine ထားရှိ
Dec 30,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အမှတ် (၃)ရပ်ကွက်မှ အိုက်မုန့် ဆိုသူ အမျိုးသားသည် တာလေမြို့မှ ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ သွားရောက်နေရာမှ ပြန်လည် ရောက်ရှိနေကြောင်း သိရှိရသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်၍ ဒီဇင်ဘာလ ၂၉ ရက် ညပိုင်းက ၄င်းနေထိုင်သည့် နေအိမ်တွင် အသွားအလာကန့်သတ် Home Quarantine ထားရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် ဂျို့ချောင်းကျေးရွာတွင် ဆောင်းသီးနှံမြေပဲ အောင်မြင်ဖြစ်ထွန်း
Dec 30,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ဂျို့ချောင်းကျေးရွာ တောင်သူဦးအာဘီ၏ ဆောင်းသီးနှံမြေပဲ စိုက်ခင်း ဂျပန်ကြီးမျိုး စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကွင်းဆင်းဆောင်ရွက်ခဲ့ရာ အထွက်နှုန်း ကောင်မွန်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုသောအားဖြင့် မလှိုင်ရွှေမုဋ္ဌောဘုရား အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Dec 30,2020
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနသို့ လွှဲပြောင်းရောက် ရှိသည့် (၂) နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ကြိုဆိုသောအားဖြင့် မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ က ရွှေမုဋ္ဌောဘုရားပရဝဏ် အတွင်း၌ ဒီဇင်ဘာ ၂၈ရက်နေ့ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး များ ဆောင်ရွက်ခဲပြီး နေ့ လည်ပိုင်းတွင် မြို့နယ်ရုံးခန်းမ၌ ဝန်ထမ်းများကို တူညီဝတ်စုံများပေးအပ်ခဲ့ကြောင်းသိရသည် ။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27318
Page
27319
Page
27320
Page
27321
Current page
27322
Page
27323
Page
27324
Page
27325
Page
27326
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department