သတင်းများ

မြန်မာနိုင်ငံဘက်မှ လွှဲပြောင်းပေးသည့် တရုတ်နိုင်ငံသား(၄)ဦးထံ၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ
Dec 30,2020
မန္တလေးမြို့ (ဗဟို)အကျဉ်းထောင်၌ လဝကအက်ဥပဒေပုဒ်မ -၃(၁)၁၃(၁)အရ အပြစ်ဒဏ်ကျခံထားရသော တရုတ်နိုင်ငံသား (၅)ဦးသည် ပြစ်ဒဏ်စေ့၍ ဒီဇင်ဘာလ (၂၈)ရက်နေ့ က မူဆယ်မြို့၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တရုတ်နိုင်ငံ၊ ရွှေလီပြည်ဝင်/ပြည်ထွက် နယ်စပ်ကာကွယ်စစ်ဆေးရေးဌာနထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် ကျန်းမာရေးစစ်ဆေးခဲ့ရာ (၄)ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
(အ-ထ-က)တလုတ္ထော် Quarantine Centre ၌ အသုံးပြုရန် ခြေနင်းလက်ဆေး ဘေစင်လှူဒါန်း
Dec 30,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ရှိ quarantine center များတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ လှူဒါန်းသော ခြေနင်းလက်ဆေးဘေစင်(၂)လုံးတွဲကို ယမန်နေ့နံနက်ပိုင်းက ဟင်္သာတမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ စေတနာ့လုပ်အားရှင်များမှ သွားရောက်ပေးအပ် လှူဒါန်းခဲ့သည်။
​​လှိုင်မြို့နယ်​​ သီရိမင်္ဂလာ​စျေးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေး လူထုလှုပ်ရှားမှုများ (Mask & Face Shield Campaign)ဆောင်ရွက်
Dec 30,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲ ဆက်သွယ်ပညာပေးလူထုလှုပ်ရှားမှု (Mask & Face shield Campaign) အား ယနေ့ နံနက်(၈) နာရီ အချိန်က ရန်ကုန် အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် သီရိမင်္ဂလာ​​စျေး​အတွင်း ကိုဗစ်-၁၉ ကော်မတီဝင်များက အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြ​ကြောင်း သိရသည်။
ရွှေတောင်မြို့နယ် နွားမယံကျေးရွာအုပ်စု၊ ဆင်မကြပ်လမ်းဆုံတွင် ယာဉ်တိုက်မှုဖြစ်ပွား
Dec 30,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရန်ကုန်-ပြည်လမ်း နွားမယံကျေးရွာအုပ်စု ဆင်မကြပ် လမ်းဆုံတွင် ယမန်နေ့ နံနက်(၁၁)နာရီအချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထန်တလန်မြို့ မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်
Dec 30,2020
ချင်းပြည်နယ်၊ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း၍ မီးသုံးစွဲမှု အခြေအနေများ စစ်ဆေးအသိပညာပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးမှူး ဦးရွှေကျုံးလျန် ဦးဆောင်၍ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ စပါးစိုက်ပျိုးတောင်သူများအတွက် ဈေးကွက်ဖော်ဆောင်ပေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်
Dec 30,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း စီစဉ်ကျင်းပသည့် မြို့နယ်အတွင်းရှိ စပါးစိုက်ပျိုးတောင်သူများအတွက် ဈေးကွက်ဖော် ဆောင်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ်ကုန်းဇောင်းကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
မူဆယ်မြို့၊ နယ်စပ်ဒေသ၊ မြန်မာ-တရုတ် နှစ်နိုင်ငံအဝင်/အထွက်ဂိတ်ရှိ နှစ်နိုင်ငံရှန်တိန်ယာဉ်မောင်း (၄၁)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး
Dec 29,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ နယ်စပ်ဒေသ၊ မြန်မာ-တရုတ်နှစ်နိုင်ငံ အဝင်/အထွက်ဂိတ်များ ဖြစ်သည့် မူဆယ်မြို့၊ မန့်ဝိန်းဂိတ်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ ကျင်စန်းကျော့ဂိတ်နှင့် ဝမ်တိန်ဂိတ်တို့တွင် နှစ်နိုင်ငံကုန်တင်ယာဉ်များကို အပြန်/အလှန် လဲလှယ်မောင်းနှင်ပေးသည့် ရှန်တိန်ယာဉ်မောင်း စုစုပေါင်း(၄၁)ဦးတို့ကို တရုတ်နိုင်ငံဘက်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေပြီဖြစ်ကြောင်း မူဆယ်-နမ့်ခမ်းနယ်စပ် ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးစိုင်းနွံက ပြောကြားသည်။
ဒလမြို့နယ်၌ “မသန်စွမ်းသူများနဲ့ပညာရေး” ခေါင်းစဉ်ဖြင့်  Talk Show အသိပညာပေး ဆွေးနွေး
Dec 29,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဒလမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော “မသန်စွမ်းသူများနဲ့ပညာရေး” ခေါင်းစဉ် ဖြင့်  အွန်လိုင်းမှ တစ်ဆင့်  Talk Show အသိပညာပေးဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက် ၁၀ နာရီက  ဒလမြို့နယ်ပြန်/ဆက်ရုံး၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။