Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
လမ်းမတော်မြို့နယ်တွင် လုပ်ငန်းလိုင်စင်အသစ် ဝန်ဆောင်မှုလုပ်ငန်းများအား ဇန်နဝါရီ ပထမပတ်တွင် (ခန့်မှန်း) ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေမှု အခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး
Dec 28,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၊ ယမုံနာလမ်း၊ မော်တင် ယာယီစျေး ရပ်ကွက်ရှိ ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာန၊ အငှားမော်တော်ယာဉ် လိုင်စင်အသစ် ဝန်ဆောင်မှုလုပ်ငန်းများအား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ်ကိုဗစ်-၁၉ ကော်မတီ ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်း ဦးဆောင်၍ ကော်မတီဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ဟိန်းမြို့၊ ဝမ်ပန်စံပြကျေးရွာ၌ ကျေးလက်ဒေသ၏ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်
Dec 28,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ မြို့မကျေးရွာအုပ်စု၊ ဝမ်ပန်စံပြကျေးရွာ၌ ကျေးလက်ဒေသ၏ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအား ယမန်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်ခန့်က ဝမ်ပန်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် စံပြကျေးရွာအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး
Dec 28,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရန်နှင့် လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ များကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မှော်ဘီမြို့နယ် ဈေးများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်အညီ ရောင်းချခြင်းရှိ/မရှိ စစ်ဆေး
Dec 28,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှင့်အညီ ရောင်းချ ခြင်းရှိ/မရှိ စစ်ဆေးခြင်း ဈေးဝယ်သူများ နှာခေါင်းစည်းများ စနစ်တကျ တပ်ရန် နှိုးဆော်ခြင်း၊ ဈေးလမ်းမများကို ထုံးဖြူးခြင်း၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်း တို့ကို ယမန်နေ့က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အောက်စီဂျင်အိုးများနှင့် ဆက်စပ်ပစ္စည်းများ လာရောက်လှူဒါန်း
Dec 28,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအား အထောက်အကူပြုစေရန်နှင့် ရောဂါကူးစက်ခံရသူများအား အသက်ကယ်တင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သော အောက်စီဂျင်အိုးများနှင့် ဆက်စပ်ပစ္စည်းများအား ယမန့်နေ့ နေ့လယ်(၃)နာရီက အမှတ်(၁၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးသို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗန်းမောက်-ပန်းတောလမ်းပိုင်းပေါ်ရှိ အရှည်(၁၅၀)ပေ ခေါပုတ်ချောင်းကူး တံတားတည်ဆောက် ရန် ပန္နက်ရိုက် အခမ်းအနားပြုလုပ်
Dec 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဗန်းမောက်-ပန်းတောလမ်းပေါ်ရှိ အရှည် (၁၅၀)ပေ နောင်မဲ့လုံကျေးရွာနှင့် လေးသီ ကျေးရွာကြား ခေါပုတ်ချောင်းကူးတံတား နှစ်လွှာတစ်ထပ်ဘေလီတံတား တည်ဆောက်နိုင်ရန် အတွက် ပန္နက်ရိုက် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးအတွင်း၌ ၂၀၂၁ ခုနှစ်မတ်လအတွင်း၌ မိုးကြိုချည်မျှင်ရှည်ဝါ အထူးဇုန် ဧက(၁၇၅)ဧက စိုက်ပျိုးသွားမည်
Dec 28,2020
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဝါသီးနှံစိုက်တောင်သူများ မျိုးကောင်းမျိုးသန့်မျိုးစေ့များ စိုက်ပျိုး ထုတ်လုပ် နိုင်ရန် ရည်ရွယ်၍ မိုးကြိုချည်မျှင်ရှည်ဝါအထူးဇုန်ဧက (၃၅၀)ကို ၂၀၂၁ ခုနှစ် မတ်လ အတွင်း စိုက်ပျိုးသွားရန် လျာထားခဲ့သော်လည်း ရေရရှိမှုအခက်အခဲများကြောင့် အထူးဇုန်ဧက (၁၇၅)ဧက သာ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ၏ နှစ်ပတ်လည်အစည်းအဝေးကိုOnline Virtual Meeting ဖြင့် ကျင်းပ
Dec 28,2020
ကရင်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ ဦးဆောင်မှုဖြင့် ပြည်နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ၏ နှစ်ပတ်လည်အစည်းအဝေးကို ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက Online Virtual Meeting စနစ်ဖြင့် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27339
Page
27340
Page
27341
Page
27342
Current page
27343
Page
27344
Page
27345
Page
27346
Page
27347
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department