ရွှေကူမြို့နယ်၌ ငှက်ပျောတင်ယာဉ်(၂)စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၂)ဦးထံတွင် ကိုဗစ်−၁၉ရောဂါပိုး စစ်ဆေး တွေ့ရှိ
Dec 28,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ်(၈၇)စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၁၆၁)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ၌ ၁၂ ဘီး ငှက်ပျောတင်ယာဉ်(၂)စီးမှ မတ္တရာမြို့နယ်၊ သပြေတိုက် ကျေးရွာဇာတိ၊ လက်ရှိ ဗန်းမော်(၃)မိုင်ကားကွင်း ယာဉ်ပေါ်တွင်နေထိုင်သော ယာဉ်မောင်းအမျိုးသား(၁)ဦးနှင့် ကောလင်းမြို့၊ ကျော်ဇေယျာ(၁)၊ ဝါးရုံတုန်း ရပ်ကွက်တွင် နေထိုင်သော ယာဉ်နောက်လိုက် အမျိုးသား(၁)ဦးထံတွင် ကိုဗစ်−၁၉ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့သည်။