သတင်းများ

မအူပင်မြို့နယ် ကျုံစုတ်ကျေးရွာတွင် ကျေးလက် ကျန်းမာရေးဌာနနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်း ပြီးစီးသဖြင့် ကျန်းမာရေး ဌာနသို့ လွှဲပြောင်းပေးအပ်
Dec 28,2020
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ကျုံစုတ်ကျေးရွာတွင် မြို့နယ်တည်ဆောက်ရေး ကော်မတီမှ ကြီးကြပ် တည်ဆောက်သည့် မအူပင်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်အောက်ရှိ ကျုံစုတ်ကျေးရွာ ကျေးလက် ကျန်းမာရေး ဌာနနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း လုပ်ငန်းပြီးစီးသဖြင့် ကျန်းမာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက ကျုံစုတ်ကျေးရွာ ကျေးလက် ကျန်းမာရေးဌာန အဆောက်အဦးသစ်တွင် ကျင်းပသည်။
ဘုရားသုံးဆူမြို့ အ.ထ.က ခွဲကျောင်းတွင် ကျောင်းသားများအား ပန်းချီနှင့် ကွန်ပျူ တာသင်တန်း ဖွင့်လှစ် သင်ကြား
Dec 28,2020
ကရင်ပြည်နယ်၊ကော့ကရိတ်ခရိုင်၊ဘုရားသုံးဆူမြို့၊အမှတ်(၃)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးရှိ အ.ထ.က (ခွဲ)ကျောင်းတွင် ပညာရေးဝန်ကြီးဌာန၏ညွှန်ကြားချက်အရ ကျောင်းပိတ်ကာလအတွင်း ကလေးငယ်များအားအကျိုးရှိစေရန်ရည်ရွယ်၍ ပန်းချီနှင့်ကွန်ပျူတာသင်တန်းကို ယနေ့ နံနက်၉နာရီမှ၁၁နာရီထိသင်ကြားခဲ့ကြောင်းသိရှိရပါသည်။
အိမ်မဲမြို့နယ်တွင် အသွားအလာကန့်သတ်ထားသူ (၂၅)ဦး၏ ဓာတ်ခွဲနမူနာများအား ရန်ကုန်အမျိုးသားဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေး
Dec 28,2020
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်အတွင်း အသွားအလာ ကန့်သတ် ထားသူများ၏ ဓာတ်ခွဲနမူနာများကို ရယူ၍ ဒီဇင်ဘာလ ၂၈ ရက်နေ့က ရန်ကုန်အမျိုးသား ဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးခဲ့ကြောင်း သိရသည်။
အင်းတော်မြို့နယ်တွင် ဆောင်းမြေပဲ ဆင်းပဒေသာ - ၁၁ စိုက်ပျိုးမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး
Dec 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်း လယ်သီးထပ်စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံလျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးတို့အတွက် အင်းတော်မြို့နယ် မြို့မ နည်းပညာပြန့်ပွားစင်တာနယ်မြေအတွင်းရှိ လက်ပံကုန်းကျေးရွာ တောင်သူ ဦးထွန်းကျော် ကွင်းအမှတ် ( ၁၀၃၄ ) တွင် ဆောင်းမြေပဲ ဆင်းပဒေသာ - ၁၁ စိုက်ပျိုးမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်း အချိန်က အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းခိုင်နှင့် စိုက်ပညာရှင်ဝန်ထမ်းများမှဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေဖြူမြို့နယ် ကံပေါက် Quarantine Centre သို့ ထမင်းဟင်းများနှင့် လက်သန့်ဆေးများလှူဒါန်း
Dec 28,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ရွာ ကိုဗစ်_၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေးအသွား အလာစောင့်ကြည့်ရေးစခန်းဝင်ရောက်နေသူများအတွက် အလှူရှင် များက ယမန်နေ့နံနက်က ထမင်းဟင်းများနှင့် လက်သန့် ဆေးများလာရောက်လှူဒါန်းကြသည်။
ဧရာဝတီဖောင်ဒေးရှင်းမှ ရေကြည်မြို့နယ် ပြည်သူ့ဆေးရုံသို့ ဆေးရုံသုံးအထောက်အကူပြုပစ္စည်း များ ပေးအပ်လှူဒါန်း
Dec 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ပြည်သူ့ဆေးရုံသို့ ဧရာဝတီဖောင်ဒေးရှင်းမှ ဆေးရုံသုံး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က ရေကြည်မြို့နယ် ပြည်သူ့ ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဝန်းသိုမြို့နယ် စိန်လည်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းချေးငွေဖြင့် ပန်းမုံလာစိုက်ပျိုးတောင်သူများ အဆင်ပြေလျက် ရှိကြောင်း သိရ
Dec 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် စိန်လည်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံ ကိန်းချေးငွေဖြင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ရာသီ ပေါ်သီးနှံ ပန်းမုံလာ စိုက်ပျိုး တောင်သူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။