ကျိုက်ဒုံမြို့မဈေးအဝင် ယုဇနလမ်းသွယ် အုတ်စီရေမြောင်းနှင့် ကွန်ကရစ်လမ်း တိုးချဲ့ခင်းခြင်း ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီး
Dec 28,2020
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေးဦးစီးဌာနမှ (၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးရေးနှစ် ပြည်နယ်ဘတ်ဂျက် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၈.၁၀၀) ကျပ်သန်း ဖြင့် မြို့မဈေးအဝင်၊ယုဇနလမ်းသွယ် အုတ်စီရေမြောင်း ဆောင်ရွက်ရာမှာ ရေမြောင်းပေအရှည်(၄၈၀)ပေ၊ အကျယ်(၂)ပေ၊ အနက်(၂)ပေ ဆောင်ရွက်ခြင်းကိုလည်ကောင်း၊ ယုဇန လမ်းသွယ် ကွန်ကရစ် လမ်းအား ပြန်လည် တိုးချဲ့ခင်းခြင်းမှုကို (၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ် ပြည်နယ်ဘတ်ဂျက် ငွေလုံး ငွေရင်းခွင့်ပြုရန်ပုံငွေ (၅.၄၀၀)ကျပ်သန်းဖြင့် ယုဇနလမ်းသွယ် ပေ၄၈၀၊ အကျယ်၁၂ပေရှိသည့် အနက် ယခုအခါ လမ်းတစ်ဖက်၃ပေ၊ ၆လက်မထု၊ ကွန်ကရစ်လမ်းခင်းခြင်းမှု လုပ်ငန်းကို စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံ အငယ်တန်း အင်ဂျင်နီယာ-(၂) ဦးဟန်ဝင်းချိုမှ ကြီးကြပ် ဆောင်ရွက်ရာလုပ်ငန်း(၂)ခု ရာနှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။